Home
မြန်မာသတင်း
မြင်းမူမြို့လူထုက အာဏာသိမ်းစစ်ကောင်စီအား အရှိန်တိုးမြှင့်ကန့်ကွက် ဆန္ဒပြမည်
DVB
·
February 24, 2021
154563095_444147206901939_1815363771429697478_n
154549654_444147613568565_8465695940459850833_n
154530127_444147800235213_2822853076256568553_n
154257104_444147733568553_648960118812220104_n
154201352_444147173568609_3060345813179923032_n
154083271_444147326901927_2842302862057402248_n
153781046_444147246901935_7868591197418882094_o
153610158_444147673568559_1510990262448456088_n
152973312_444147500235243_4419846665289586312_n
152780313_444147533568573_1193368176527504443_n

စစ်ကိုင်းတိုင်း မြင်းမူမြို့က ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အရှိန်ဟုန်တိုးမြှင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားမယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုနေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲ ဆင်နွှဲမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး  တောင်းဆိုတာမရမချင်း နေ့စဉ်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းမူမြို့ သပိတ်စစ်ကြောင်းမှ ‌ပါဝင်သူတစ်ဦးက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး အကြမ်းဖက်နှိပ်ကွက်မှုတွေ လုပ်ဆောင်နေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲတွေဟာလည်း ဖြစ်ပေါ်နေမှာပဲ။ တောင်းဆိုတာ မရမခြင်း နေ့စဉ်‌ လုပ်ဆောင်နေရမှာပဲ။ ကျနော်တို့ မြို့အနေနဲ့ CDM လည်း အောင်မြင်သလောက် ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ဟာ  သေချာပေါက် နိုင်ကို နိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သပိတ်အရှိန်လည်း ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ မြင်းမူမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းဟာ အင်အား ၁၀၀၀၀ ဝန်းကျင်နဲ့ မြို့တွင်းက ဗိုလ်ချုပ်ပန်းခြံနဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေလည်း ပြုလုပ်ခဲ့ကြသလို ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူ့အစိုးရထံ အာဏာပြန်အပ်ဖို့ရာ ‌ဟောပြောတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ပြုလုပ်တဲ့ မြင်းမူမြို့ ပင်မသပိတ်စစ်ကြောင်းအတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်း‌တွေ အများပြားလည်း ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါတယ်။

ရန်နိုင်စိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024