Home
သတင်းတို
ဟုန်ရှင်း သပိတ်စခန်း ပိတ်သိမ်း (သတင်းဓာတ်ပုံ)
DVB
·
September 24, 2013
မြို့တော်ခန်းမရှေ့မှာ သပိတ် စခန်းဖွင့်လှစ်ထားတဲ့ ဟုတ်ရှင်း အအေးခန်းစက်ရုံ အလုပ်သမားတွေဟာ သူတို့လိုလားတဲ့ တောင်းဆိုချက်တွေ ပြေလည်မှုရရှိပြီး သပိတ်စခန်းကို ဖျက်သိမ်းခဲ့ပါတယ်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ စက်တင်ဘာ ၂၂ ရက်ကစပြီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်နေကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024