ကိုယ်ပိုင်လေယာဉ် ၀ယ်ချင်သူများကို အမ်အေအိုင်က စီစဉ်ပေးမည်
DVB
·
September 20, 2013
မြန်မာနိုင်ငံက ကုမ္ပဏီပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ကိုယ်ပိုင်လေယာဉ် ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင် ၀ယ်ယူနိုင်ရေး၊ အင်ဂျင်နီယာကိစ္စနဲ့ အခြားသော ၀န်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာအဲယားဝေး အင်တာနေရှင်နယ် (အမ်အေအိုင်) ရဲ့ မန္တလေးရုံးတာဝန်ခံ ပြောတာကို ကိုးကားပြီး ဒီနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာမှာ ဖော်ပြထားပါတယ်။
လုပ်ငန်းရှင်သူဌေးကြီးတွေ ၀ယ်ယူနိုင်ဖို့ အမေရိကန်နဲ့ ပြင်သစ် ဖက်စပ်ထုတ်ထားတဲ့ လူ ၁၅ ယောက်ဆန့် Business Jet Gulfstream G 450 လေယာဉ်အမျိုးအစားကိုလည်း အဆိုပြု ထားပါတယ်။
မြန်မာနိုင်ငံမှာ လေကြောင်းလိုင်း တည်ထောင်ထားတဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေကသာ ကိုယ်ပိုင်လေယာဉ်ရှိပြီး အခြားသော လုပ်ငန်းရှင်သူဌေးကြီးတွေက ကိုယ်ပိုင် လေယာဉ်မရှိကြသေးတဲ့အတွက် ခုလို ၀န်ဆောင်မှုပေးရခြင်းဖြစ်ပြီး လေယာဉ်ဝယ်ယူပြီးနောက်ပိုင်း ထိန်းသိမ်းမှုတွေကိုလည်း ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။