DVB Logo
Home
မြန်မာသတင်း
YMBA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့ချီးမြှင့်
DVB
·
December 9, 2020
YMBA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့ချီးမြှင့်
1 / 2
Donate to DVB

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

နှစ် ၁၀၀ ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်မနက်က  Video Conferencing စနစ်နဲ့ ကျင်းပပြီး ချီးမြှင့်လိုက်တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုတဲ့ ဆရာတော်ကြီးများကိုယ်စား  YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တော်ကိုချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က လက်ခံရယူခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ 

အခမ်းအနားကို သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနဲ့ YMBA အသင်း တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA  အသင်းက ရာသက်ပန်နာယကအဖြစ်လည်းသတ်မှတ်ထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013