ကုလကိုယ်စားလှယ် ထိုင်းအခြေစိုက် မြန်မာအတိုက်အခံအဖွဲ့များနှင့် တွေ့မည်

ေသာမတ်စ်အိုေဟး ကင်တာနား
1.3K
မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုတွေကို ၁၁ ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားဟာ မြန်မာခရီးစဉ်အပြီး ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိနေပါတယ်။
[caption id="attachment_20660" align="alignright" width="300" caption="သောမတ်စ်အိုဟေး ကင်တားနား"]
[/caption]
ဩဂုတ် ၂၂ ရက်နေ့ နေ့လယ်အချိန်လောက်မှာ မဲဆောက်မြို့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၊ Burma Partnership စတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြောပါတယ်။
အေအေပီပီရုံးအဖွဲ့ဝင် ဦးအောင်ခိုင်မင်းကတော့ မစ္စတာ ကင်တားနားနဲ့ တွေ့ဖြစ်ခဲ့ရင် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကိစ္စ၊ နိုင်ငံရေးအကျဉ်းသားစာရင်း မှန်မှန်ကန်ကန်ရဖို့ ကိစ္စ နဲ့ လက်ရှိ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ ဖမ်းဆီး၊ တရားစွဲဆို အမှုရင်ဆိုင်နေရတဲ့ ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
