Home
မြန်မာသတင်း
ဆန်အိတ်တင် ၁၂ ဘီးယာဉ် သစ်ပင်ဝင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
September 17, 2020
119557761_2906743132799074_5718318206564284847_o
119220547_2906743126132408_4163409168877773185_o
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာ၊ သူရဲချောင်းတံတားအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၉၂/၆) မှာ မနေ့မနက် ၆ နာရီကျော်လောက်က ၁၂ ဘီး  ကုန်တင်ယာဉ် ၁ စီး လမ်းဘေးသစ်ပင် ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရွှေဘိုကနေ ရန်ကုန်ကို ဆန်အိတ်တွေတင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး(ညာဘက်ခြမ်းရှိ) သစ်ပင်အား ဝင်ရောက်တိုက်ခဲ့တာပါ။ ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနဲ့ ယင်းတော်နယ်မြေမီးသတ်စခန်းတို့ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့လို့ ပျော်ဘွယ်မြို့အလင်းရောင်ပရဟိတအဖွဲ့ပိုင် သူနာတင်ယာဉ်နဲ့ ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ဂန့်ဂေါလမ်း၊ မိုင်တိုင်အမှတ် (၁၃/၆) နဲ့ (၁၃/၇) ကြားမှာလည်း စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က ဂန့်ဂေါကနေ ဟားခါးကို ကြက်အကောင်  ၈၀၀ လောက်တင်လာတဲ့ ၆ ဘီးယာဉ်တစီး အရှိန်လွန်မောင်းနှင်ရာက ပေ ၅၀၀ လောက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဟားခါးမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ကြပြီး ယာဉ်ပေါ်ပါ ဒဏ်ရာရသူ (မစိုးရိမ်ရ) နှစ်ဦးကို ခရီးသွားပြည်သူမော်တော်ယာဉ်နဲ့ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024