ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရီခန်ခရိုင်၊ ပရကျူတ်မြို့နယ်၊ ကော်လတ်အုပ်စုထဲမှာ နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်က တရားမဝင်မြန်မာအလုပ်သမားတွေ တင်လာတဲ့ ကားတစ်စီး စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်မောင်းပြေးရာက သစ်ပင်နဲ့ တိုက်မိခဲ့ပါတယ်။
တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အီဇူးစူးကားတစ်စီး ကားခေါင်းပျက်စီးပြီး ကားထဲမှာ ရွှေ့ပြောင်းလုပ်သားအယောက် အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၉ ယောက်နဲ့ အသက် ၂ နှစ်အရွဘ် ကလေးငယ် တစ်ဦးတို့ ပါဝင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ယာဉ်မောင်း ၁ ဦးနဲ့ အဖော် ၁ ဦးကတော့ မှော်ရိပ်ခိုကာ တောထဲထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သူတို့အားလုံးဟာ စမွတ်စခွန်းခရိုင်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ဝင်လာတာလို့ ဆိုပါတယ်။
ထိုင်းတာဝန်ရှိသူတွေက သူတို့အားလုံးကို အပူချိန်တိုင်းပြီး ၁၄ ရက် ကွာရန်တင်းဝင်စေပြီးမှ လဝက ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကိုးကား - https://www.thaireportchannel.com/