ဆန် တန်ချိန် ၃ သန်းတင်ပို့ရန် လျာထား
DVB
·
June 5, 2013
ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၁ ဒဿမ ၄၇ သန်း စံချိန်တင် တင်ပို့နိုင်ခဲ့ပြီးနောက် လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ သန်းလောက်အထိ တင်ပို့နိုင်ဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဆန်တင်ပို့မှု လျာထားချက် ပြည့်မီ မပြည့်မီ ဆိုတာဟာ လယ်ယာလုပ်ငန်းကို သွင်းအားစုတွေ ဘယ်လောက် ထည့်နိုင်မယ်၊ ရာသီဥတု ဘယ်လောက်ကောင်းပြီး ဆန်အထွက် ဘယ်လောက်တိုးမလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်နေကြောင်း သူက ရှင်းပြပါတယ်။
လက်ရှိ ဧပြီ၊ မေ ၂ လတာ အချိန်အတွင်း ဆန်တန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာဈေး အတက်ကြောင့် ဆန်တင်ပို့တဲ့ ကုန်သည်တွေ အလွန်အမြတ်အစွန်းရနေတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။