A d v e r t i s e m e n t With Us

မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄  အဆင့်ရှိ မြေငလျင်လှုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးမှာ  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊  ၁၆ မိနစ် ၃၂  စက္ကန့် အချိန် ‌နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်  ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မကွေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၃ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၄ ဒသမ ၉၉  ဒီဂရီ၊ အနက်  ၅၅  ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ် မနေ့ညကလည်း မကွေးတိုင်း သရက်မြို့မှာ အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာန  ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- မိုးဇလ

A d v e r t i s e m e n t With Us

More News
Up