Home
အနုပညာ
အဆိုတော် လင်းလင်းနှင့် ဇနီးချစ်သုဝေ ပုသိမ်ဆေးရုံကြီးကို သိန်း ၂၀၀ လှူ ဒါန်း
DVB
·
July 12, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ဇူလိူင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အဆိုတော်လင်းလင်း နဲ့ ဇနီးဖြစ်သူ ချစ်သုဝေ တို့လာရောက်ပြီး ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် လင်းလင်းနှင့် ဇနီး ချစ်သုဝေတို့ဟာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်း ကျန်ရှိတဲ့ အလှူငွေလက်ကျန်ကို ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဆီ လာရောက်လှူဒါန်းခဲ့တယ်လို့ ချစ်သုဝေက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ဧရာဝတီတိုင်း သဲကုန်းအုပ်စု အုန်းချောင်းကျေးရွာမှာ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ဖို့ ငွေကျပ်၂၀၀ လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။ ကုန်းလမ်း ရေလမ်းနဲ့သွားလာရတဲ့ ဧရာဝတီတိုင်း သဲကုန်းအုပ်စု ကျေးရွာ ၇ ရွာအတွက် သားဖွားခန်းနဲ့ ကျေးလက်ဆေးခန်းလေးမှာ အလွန်လိုအပ်လှတဲ့ ကျန်းမာရေးလိုအပ်ချက် ဖြစ်တယ်လို့ ချစ်သုဝေက ရေးသားဖော်ပြထားပါတယ်။ ကျန်းမာရေးလိုအပ်ချက်တွေရှိနေတဲ့ ခရီးလမ်းပန်း သွားလာရခက်ခဲတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ကျဆရာမလေးတွေရဲ့ လုပ်ငန်းခွင်လုံခြုံမှု၊ ကာကွယ်ဆေးထိုးတာ၊ သားဖွားတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွေ စတာတွေကို ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ကျန်းမာရေးလိုအပ်ချက်တွေရှိနေတဲ့ ခရီးလမ်းပန်း သွားလာရခက်ခဲတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေနဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - ချစ်သုဝေ Facebook
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024