မဲဆောက်က ရွှေ့ပြောင်းမြန်မာအလုပ်သားများ လုပ်ခလစာ တိုးတောင်းသဖြင့် အလုပ်ထုတ်ခံရ
DVB
·
September 30, 2019

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်က ပြောင်းဆန် အလုပ်ရုံတခုမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း လုပ်အားခရရှိဖို့ လစာတိုးတောင်းတဲ့အတွက် ထိုင်းလုပ်ငန်းပိုင်ရှင်က အလုပ်ဖြုတ်လိုက်ပါတယ်။
လုပ်သားပေါင်း ၉၀ ကျော်ရှိတဲ့အဆိုပါ စက်ရုံက ရွေ့ပြောင်းမြန်မာအလုပ်သမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ပြီး တဖြေးဖြေးအလုပ်ထုတ်ရာမှာ လက်ရှိမှာ အလုပ်မား ၁၉ ဦး အလုပ်ဖြုတ်ခံထားရပါတယ်။
အလုပ်ဖြုတ်ခံရသူတွေအနေနဲ့ မိမိလစာတိုးတောင်းတဲ့အခါမှာ အလုပ်ဖြုတ်ခံရတာ ဖြစ်လို့ ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီ နစ်နာကြေးရဖို့နဲ့ မိမိအခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာအလုပ်သမားတွေ နစ်နာကြေးရရှိရမယ့် ပမာဏဟာ ဘတ်ငွေ ၁၁ သန်း ၀န်းကျင်ရှိပြီး ဒီကိစ္စ အလုပ်ရှင်နဲ့ အလုပ်သမားပဏာမ ဆွေးနွေးလို့ အဆင်မပြေပါက သက်ဆိုင်ရာကို တိုင်ကြားသွားမယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး နယ်စပ်တွေမှာတော့ တရားမဝင် အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားက ပိုများပါတယ်။
ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အမ်အိုယူ သဘောတူစာချုပ်ပါအတိုင်း သွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေကလည်း မြဝတီ-မဲဆောက် နယ်စပ်မှာ တရက်ကို လူပေါင်း ၅၀၀ ကနေ ၁၀၀၀ လောက် ဝင်ရောက်နေပါတယ်။
=========================================
မဲေဆာက္က ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သားမ်ား လုပ္ခလစာ တိုးေတာင္းသျဖင့္ အလုပ္ထုတ္ခံရ
ဖိုးစီ
ထိုင္းႏိုင္ငံ၊ တာခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕၊ မယ္ေတာင္ရပ္ကြက္က ေျပာင္းဆန္ အလုပ္႐ုံတခုမွာ ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားေတြက ထိုင္းႏိုင္ငံ ဥပေဒက သတ္မွတ္ထားတဲ့အတိုင္း လုပ္အားခရရွိဖို႔ လစာတိုးေတာင္းတဲ့အတြက္ ထိုင္းလုပ္ငန္းပိုင္ရွင္က အလုပ္ျဖဳတ္လိုက္ပါတယ္။
လုပ္သားေပါင္း ၉၀ ေက်ာ္ရွိတဲ့အဆိုပါ စက္႐ုံက ေ႐ြ႕ေျပာင္းျမန္မာအလုပ္သမားေတြကို ၿပီးခဲ့တဲ့ ဩဂုတ္လကစတင္ၿပီး တေျဖးေျဖးအလုပ္ထုတ္ရာမွာ လက္ရွိမွာ အလုပ္မား ၁၉ ဦး အလုပ္ျဖဳတ္ခံထားရပါတယ္။
အလုပ္ျဖဳတ္ခံရသူေတြအေနနဲ႔ မိမိလစာတိုးေတာင္းတဲ့အခါမွာ အလုပ္ျဖဳတ္ခံရတာ ျဖစ္လို႔ ထိုင္းႏိုင္ငံရဲ႕ဥပေဒနဲ႔အညီ နစ္နာေၾကးရဖို႔နဲ႔ မိမိအခြင့္အေရး ရပိုင္ခြင့္ေတြကို ေတာင္းဆိုသြားမယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။
ျမန္မာအလုပ္သမားေတြ နစ္နာေၾကးရရွိရမယ့္ ပမာဏဟာ ဘတ္ေငြ ၁၁ သန္း ၀န္းက်င္ရွိၿပီး ဒီကိစၥ အလုပ္ရွင္နဲ႔ အလုပ္သမားပဏာမ ေဆြးေႏြးလို႔ အဆင္မေျပပါက သက္ဆိုင္ရာကို တိုင္ၾကားသြားမယ္လို႔လည္း အလုပ္သမားေတြက ဆိုပါတယ္။
ထိုင္းႏိုင္ငံမွာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၄ သန္းေက်ာ္ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားၿပီး နယ္စပ္ေတြမွာေတာ့ တရားမဝင္ အလုပ္လုပ္ကိုင္တဲ့ ေ႐ႊ႕ေျပာင္းလုပ္သားက ပိုမ်ားပါတယ္။
ဒါ့အျပင္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ အမ္အိုယူ သေဘာတူစာခ်ဳပ္ပါအတိုင္း သြားေရာက္အလုပ္လုပ္တဲ့ ျမန္မာအလုပ္သမားေတြကလည္း ျမဝတီ-မဲေဆာက္ နယ္စပ္မွာ တရက္ကို လူေပါင္း ၅၀၀ ကေန ၁၀၀၀ ေလာက္ ဝင္ေရာက္ေနပါတယ္။