Home
Lead Story
 YBS ကြောင့် အသက်တချောင်းဆုံးရှုံးရပြန်ပြီ YRTA ဘာလုပ်မလဲ
DVB
·
September 20, 2019
ယခုဆိုလျှင် မထသမှ YBS  သို့ပြောင်းလဲပြေးဆွဲခဲ့သည်မှာ အချိန် ၂ နှစ်ပင်ကျော်လာခဲ့ပြီဖြစ်သည်။ ၂၀၁၇ ဇန်နဝါရီ ၁၅ ရက်နေ့မှစ တင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။  ယင်းသို့‌ပြောင်းလဲရခြင်းမှာ မထသ မော်တော်ယာဉ်လိုင်းတို့ စည်းကမ်းပျက်ခြင်း၊ ခရီးသည်များအပေါ်တွင် မချေမငံပြောဆိုခြင်း၊ ကားကိုမဆင်မခြင်မောင်းနှင်း အစရှိသော  ပြဿ နာများအပေါ် အခြေခံ၍ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ အထူးသဖြင့် ယင်းပြဿနာများကို ခရီးသည်များက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူတို့ တစုံတရာအရေးယူဆောင်ရွက်ပေးနိုင်ခြင်း မရှိမှုက အဓိကကျပေသည်။ ဤအချက်တို့ကြောင့် မထသမှ YBS သို့ပြောင်းလဲခဲ့ခြင်ပင်။   အဆိုပါပြောင်းလဲမှုကာလအတွင်း အချို့သောယာဉ်လိုင်းများမှာ အပြောင်းအလဲကိုလိုက်ပါ နိုင်ခဲ့သော်လည်း အချို့သောလိုင်းများကား ထူးမခြားနားပင်ရှိနေသေးသည်။ ကားအပြိုင်မောင်းနှင်ခြင်း၊ သတ်မှတ်နှုန်းထက်ပိုမောင်းခြင်း၊ ရပ်ရမည့်မှတ်တိုင်တွင် မရပ်ခြင်း၊ လိုအပ်သည်ထက် ခရီးသည်ကိုစောင့်နေခြင်းတို့သည် ယနေ့ထိကြုံတွေ့နေရဆဲဖြစ်သည်။ အချို့ကားများဆိုလျှင် ခရီးဆုံးထိမသွားတော့ပဲ၊ ဂက်စ်ထည့်ရန် ခရီးသည်ကို လမ်းတဝက် တွင် ချထားခြင်းတို့ပင် လုပ်လေ့ရှိသေးသည်။ ယာဉ်နောက်လိုက်မပါရှိသဖြင့် ယဉ်နောက်လိုက်ဖြင့် အချင်းများခြင်းတို့ ကင်းလွတ်ခဲ့သည်ကလည်းအမှန်ပင်။    ယင်းသို့ စည်းကမ်းပျက်ခဲ့မှုများကြောင့် ယခုသီတင်းပတ် စက်တင်ဘာ ၁၈ ရက် ညနေက ယုဇနပလာဇာအရှေ့ ဘတ်စ်ကားမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူး သူအမျိုးသမီးတယောက် YBS ယာဉ်တိုက်ခံခဲ့ရသည်။  တိုက်သောအရှိန်မှာလည်း ပြင်းထန်ခဲ့ပုံရသည်။ ထိုအမျိုးသမီးမှာ ကားအောက်ရောက်ပြီး နောက်ဘီးဖြင့် ဦးခေါင်းကိုအကြိတ်ခံလိုက်ရသည်။ ဦးခေါင်းကွဲကြေ၍ နေရာတွင်ပင်သေဆုံးခဲ့သည်။ တိုက်သောနေရာမှာ မှတ်တိုင်အနီးတွင်ဖြစ်သည်။ မှတ်တိုင်နှင့်နီးသည်နှင့် ကားအရှိန်လျော့ရန်သင့် သလို အထူးသတိထားမောင်းနှင်ရမည့်နေရာဖြစ်သည်။ ထို့အပြင် မှတ်တိုင်နှင့်မလှမ်းမကမ်းတွင်သာ လူကူးမျဉ်းကျားရှိနေသင့်သည်။ အခင်းဖြစ်ပွားရာ ယုဇနပလာဇာရှေ့ နေရာသည် ကား၊ လူ၊ ဈေးဝယ်၊ ဈေးသည်၊ အဝင်အထွက် အများဆုံးနေရာတခုဖြစ်သည်။ မှတ်တိုင်အနီး ဈေးရောင်းသူတွေလည်း ရှိ၍ အလွန်ရှုပ်ထွေးသော နေရာတခုဖြစ်သလို ရန်ကုန်မြို့တွင် စည်းကမ်းအပျက်ဆုံးနေရာတခု လည်းဖြစ်သည်။  ထိုနေရာတွင် ဘတ်စ်ကားများက မောင်းချင်သလိုမောင်းပြီး ရပ်ချင်သည့်နေရာတွင်ရပ်သည်။ လူများကလည်း ကူးချင်သလိုကူးသည်၊ စီးချင်သည့်နေရာက ကားတက်စီးသည်။ လမ်းဘေးဈေးသည်များကလည်း စည်းပျက်ကမ်းပျက် ရောင်းချင်သည့်နေရာတွင် ရောင်းနေကြသည်။ တက္ကစီ အငှားယာဉ်များကလည်း တထပ် နှစ်ထပ် သုံးထပ် ရပ်ချင်သလိုရပ်သည်။ ပစ္စည်းတင်ယာဉ်ကြီး ယာဉ်ငယ်များကလည်း ရပ်ချင်သလိုရပ်နေကြသဖြင့် တနေကုန် လမ်းပိတ် ယာဉ်ကြောကြပ်တည်းနေသည့် နေရာ ဖြစ်သည်။ ယာဉ်ထိန်းရဲတို့ ရံဖန်ရံခါ တာဝန်ချထားသည်ကို တွေ့ရသော်လည်း ထိုမျှဖြင့် မလုံလောက် ပြည်သူတို့ စည်းကမ်းတကျ သွားလာနိုင်အောင် ရန်ကုန်အစိုးရနှင့် သက်ဆိုင်ရာဌာနပေါင်းစုံတို့ ပူးပေါင်းပြီး စနစ်တကျ ကြပ်မတ်ကာ အစီအမံများ ရေးဆွဲလုပ်ဆောင် ဖြေရှင်းရမည့်ကိစ္စဖြစ်သည်ဟု ရှုမြင်မိသည်။  YBS စတင်ပြေးဆွဲစဉ်က ယာဉ်လိုင်းများအား အုပ်ချုပ်ရန် YRTA (Yangon Region Transport Authority) ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ကြပ်မတ်လုပ်ဆောင်မည်ဟုဆိုသည်။ ၎င်းတို့၏ ပြောကြားခဲ့သော ကတိစကားများထဲတွင် “စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်လိုင်းတွေကို၊ စောင့်ကြည့်မှုပြုလုပ်ပြီး ယာဉ်လိုင်ကနေ ထုတ်ပယ်မှုပြုလုပ်သွားမည်” ဟု ဆိုသည်။ သို့ဆိုလျှင် YRTA အနေဖြင့် မည်သည့်အတိုင်းအတာထိ စောင့်ကြည့်ခဲ့ပါသနည်း။ အရေးယူခဲ့သော စည်းကမ်းပျက်ယာဉ်လိုင်း မည်မျှရှိသနည်းဆိုသည်ကို ဖော်ထုတ်ပေးရန်လိုသည်။ အမှန်တကယ်လည်း အရေးယူပေးရန်လိုပေမည်။   ထို့အပြင် YBS စတင်ပြေးဆွဲစဉ်ကတည်းက ပြောခဲ့သော ကတ်စနစ်သည် ယခုအချိန်ထိပင် အကောင်ထည်မဖော်နိုင်သေးသည်ကိုတွေ့ရသည်။ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးသောစနစ်မှာ လေထဲမှာပင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မခက်ခဲသောအလုပ်ကို အချိန်ဆွဲလုပ်ဆောင်နေသဖြင့်  အခုထိ ခက်ခဲနေဆဲဖြစ်နေသည်။ YRTA သည် အလုပ်မဖြစ်တော့လျှင် လူပြောင်းမလား မူပြောင်းမလားဆိုသည်ကို အစိုးရပိုင်းမှစဉ်းစားပေးရပေလိမ့်မည်။ နှစ်ရာတန်၊ တစ်ရာတန်ငွေ အကြွေထည့်၍ စီးနေရသည်မှာအဆင်မပြေ။ အကြွေမပါသူတို့ အကြွေပါသူခရီးသည်ထံမှ မိမိအစီစဉ်ဖြင့် စောင့်ယူကောက်နေ ခြင်းရမှာ အဝင်ဝတွင်ကြပ်ပိတ်နေသည်။ တက်မည့်ခရီးသည်ကလည်း ရှေ့လူအကြွေပြည့်သည်အထိစောင့်နေရသည်။ ကားက မထွက်နို်ငသေး။ သတ်မှတ်ချိန်မီဖို့ ကားဆရာက အပြေးမောင်းရသည်။ သတ်မှတ်ထားသော မိုင်နှုန်းထက်ပိုလျှင်ပိုမည် လျော့၍မရတော့။ မှတ်တိုင်တွင်လည်းကားက ကြပ်နေပြန်သည်။ ရှေ့ကရပ်ထားသောကားက မထွက်နိုင်သေး။ရှေ့ကားကိုကျော်ရင်း လမ်းဖြတ် ကူးသူကိုတိုက်မိသည်။ အကြောင်းကြောင့် အကျိုးဖြစ်သည်။ သို့ဆိုလျှင် YBS ကိုအုပ်ချုပ်သော YRTA တို့အနေဖြင့် ပေးထားသောကတိနှင့် ယာဉ်လိုင်းစည်းကမ်းများကို အတိအကျလိုက်နာ လုပ်ဆောင်ရန်လိုပေမည်။ ထိုသို့မလုပ်ဆောင်နိုင်ပါက YBS ကြောင့်ဖြစ်ပေါ်လာသော အနိဌာရုံများကို ဆက်လက် ကြုံတွေ့နေရဦးမည်၊ မလိုလားအပ်ပဲ ပြည်သူတို့၏ အသက်များ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရဦးမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။ ================== YBS ေၾကာင့္ အသက္တေခ်ာင္းဆုံးရႈံးရျပန္ၿပီ YRTA ဘာလုပ္မလဲ (အယ္ဒီတာအာေဘာ္) ယခုဆိုလွ်င္ မထသမွ YBS  သို႔ေျပာင္းလဲေျပးဆြဲခဲ့သည္မွာ အခ်ိန္ ၂ ႏွစ္ပင္ေက်ာ္လာခဲ့ၿပီျဖစ္သည္။ ၂၀၁၇ ဇန္နဝါရီ ၁၅ ရက္ေန႔မွစ တင္ေျပာင္းလဲလာခဲ့ျခင္းျဖစ္သည္။ ယင္းသို႔‌ေျပာင္းလဲရျခင္းမွာ မထသ ေမာ္ေတာ္ယာဥ္လိုင္းတို႔ စည္းကမ္းပ်က္ျခင္း၊ ခရီးသည္မ်ားအေပၚတြင္ မေခ်မငံေျပာဆိုျခင္း၊ ကားကိုမဆင္မျခင္ေမာင္းႏွင္း အစရွိေသာ  ျပႆ နာမ်ားအေပၚ အေျခခံ၍ေျပာင္းလဲခဲ့ရျခင္းျဖစ္သည္။ အထူးသျဖင့္ ယင္းျပႆနာမ်ားကို ခရီးသည္မ်ားက သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့ၾကေသာ္လည္း သက္ဆိုင္ရာတာဝန္ရွိသူတို႔ တစုံတရာအေရးယူေဆာင္႐ြက္ေပးႏိုင္ျခင္း မရွိမႈက အဓိကက်ေပသည္။ ဤအခ်က္တို႔ေၾကာင့္ မထသမွ YBS သို႔ေျပာင္းလဲခဲ့ျခင္ပင္။ အဆိုပါေျပာင္းလဲမႈကာလအတြင္း အခ်ိဳ႕ေသာယာဥ္လိုင္းမ်ားမွာ အေျပာင္းအလဲကိုလိုက္ပါ ႏိုင္ခဲ့ေသာ္လည္း အခ်ိဳ႕ေသာလိုင္းမ်ားကား ထူးမျခားနားပင္ရွိေနေသးသည္။ ကားအၿပိဳင္ေမာင္းႏွင္ျခင္း၊ သတ္မွတ္ႏႈန္းထက္ပိုေမာင္းျခင္း၊ ရပ္ရမည့္မွတ္တိုင္တြင္ မရပ္ျခင္း၊ လိုအပ္သည္ထက္ ခရီးသည္ကိုေစာင့္ေနျခင္းတို႔သည္ ယေန႔ထိႀကဳံေတြ႕ေနရဆဲျဖစ္သည္။ အခ်ိဳ႕ကားမ်ားဆိုလွ်င္ ခရီးဆုံးထိမသြားေတာ့ပဲ၊ ဂက္စ္ထည့္ရန္ ခရီးသည္ကို လမ္းတဝက္ တြင္ ခ်ထားျခင္းတို႔ပင္ လုပ္ေလ့ရွိေသးသည္။ ယာဥ္ေနာက္လိုက္မပါရွိသျဖင့္ ယဥ္ေနာက္လိုက္ျဖင့္ အခ်င္းမ်ားျခင္းတို႔ ကင္းလြတ္ခဲ့သည္ကလည္းအမွန္ပင္။ ယင္းသို႔ စည္းကမ္းပ်က္ခဲ့မႈမ်ားေၾကာင့္ ယခုသီတင္းပတ္ စက္တင္ဘာ ၁၈ ရက္ ညေနက ယုဇနပလာဇာအေရွ႕ ဘတ္စ္ကားမွတ္တိုင္အနီးတြင္ လမ္းျဖတ္ကူး သူအမ်ိဳးသမီးတေယာက္ YBS ယာဥ္တိုက္ခံခဲ့ရသည္။ တိုက္ေသာအရွိန္မွာလည္း ျပင္းထန္ခဲ့ပုံရသည္။ ထိုအမ်ိဳးသမီးမွာ ကားေအာက္ေရာက္ၿပီး ေနာက္ဘီးျဖင့္ ဦးေခါင္းကိုအႀကိတ္ခံလိုက္ရသည္။ ဦးေခါင္းကြဲေၾက၍ ေနရာတြင္ပင္ေသဆုံးခဲ့သည္။ တိုက္ေသာေနရာမွာ မွတ္တိုင္အနီးတြင္ျဖစ္သည္။ မွတ္တိုင္ႏွင့္နီးသည္ႏွင့္ ကားအရွိန္ေလ်ာ့ရန္သင့္ သလို အထူးသတိထားေမာင္းႏွင္ရမည့္ေနရာျဖစ္သည္။ ထို႔အျပင္ မွတ္တိုင္ႏွင့္မလွမ္းမကမ္းတြင္သာ လူကူးမ်ဥ္းက်ားရွိေနသင့္သည္။ အခင္းျဖစ္ပြားရာ ယုဇနပလာဇာေရွ႕ ေနရာသည္ ကား၊ လူ၊ ေဈးဝယ္၊ ေဈးသည္၊ အဝင္အထြက္ အမ်ားဆုံးေနရာတခုျဖစ္သည္။ မွတ္တိုင္အနီး ေဈးေရာင္းသူေတြလည္း ရွိ၍ အလြန္ရႈပ္ေထြးေသာ ေနရာတခုျဖစ္သလို ရန္ကုန္ၿမိဳ႕တြင္ စည္းကမ္းအပ်က္ဆုံးေနရာတခု လည္းျဖစ္သည္။ ထိုေနရာတြင္ ဘတ္စ္ကားမ်ားက ေမာင္းခ်င္သလိုေမာင္းၿပီး ရပ္ခ်င္သည့္ေနရာတြင္ရပ္သည္။ လူမ်ားကလည္း ကူးခ်င္သလိုကူးသည္၊ စီးခ်င္သည့္ေနရာက ကားတက္စီးသည္။ လမ္းေဘးေဈးသည္မ်ားကလည္း စည္းပ်က္ကမ္းပ်က္ ေရာင္းခ်င္သည့္ေနရာတြင္ ေရာင္းေနၾကသည္။ တကၠစီ အငွားယာဥ္မ်ားကလည္း တထပ္ ႏွစ္ထပ္ သုံးထပ္ ရပ္ခ်င္သလိုရပ္သည္။ ပစၥည္းတင္ယာဥ္ႀကီး ယာဥ္ငယ္မ်ားကလည္း ရပ္ခ်င္သလိုရပ္ေနၾကသျဖင့္ တေနကုန္ လမ္းပိတ္ ယာဥ္ေၾကာၾကပ္တည္းေနသည့္ ေနရာ ျဖစ္သည္။ ယာဥ္ထိန္းရဲတို႔ ရံဖန္ရံခါ တာဝန္ခ်ထားသည္ကို ေတြ႕ရေသာ္လည္း ထိုမွ်ျဖင့္ မလုံေလာက္ ျပည္သူတို႔ စည္းကမ္းတက် သြားလာႏိုင္ေအာင္ ရန္ကုန္အစိုးရႏွင့္ သက္ဆိုင္ရာဌာနေပါင္းစုံတို႔ ပူးေပါင္းၿပီး စနစ္တက် ၾကပ္မတ္ကာ အစီအမံမ်ား ေရးဆြဲလုပ္ေဆာင္ ေျဖရွင္းရမည့္ကိစၥျဖစ္သည္ဟု ရႈျမင္မိသည္။ YBS စတင္ေျပးဆြဲစဥ္က ယာဥ္လိုင္းမ်ားအား အုပ္ခ်ဳပ္ရန္ YRTA (Yangon Region Transport Authority) ကို ဖြဲ႕စည္းခဲ့ၾကသည္။ ယင္းအဖြဲ႕မွ ယာဥ္စည္းကမ္းထိန္းသိမ္းေရးကို ၾကပ္မတ္လုပ္ေဆာင္မည္ဟုဆိုသည္။ ၎တို႔၏ ေျပာၾကားခဲ့ေသာ ကတိစကားမ်ားထဲတြင္ “စည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္လိုင္းေတြကို၊ ေစာင့္ၾကည့္မႈျပဳလုပ္ၿပီး ယာဥ္လိုင္ကေန ထုတ္ပယ္မႈျပဳလုပ္သြားမည္” ဟု ဆိုသည္။ သို႔ဆိုလွ်င္ YRTA အေနျဖင့္ မည္သည့္အတိုင္းအတာထိ ေစာင့္ၾကည့္ခဲ့ပါသနည္း။ အေရးယူခဲ့ေသာ စည္းကမ္းပ်က္ယာဥ္လိုင္း မည္မွ်ရွိသနည္းဆိုသည္ကို ေဖာ္ထုတ္ေပးရန္လိုသည္။ အမွန္တကယ္လည္း အေရးယူေပးရန္လိုေပမည္။ ထို႔အျပင္ YBS စတင္ေျပးဆြဲစဥ္ကတည္းက ေျပာခဲ့ေသာ ကတ္စနစ္သည္ ယခုအခ်ိန္ထိပင္ အေကာင္ထည္မေဖာ္ႏိုင္ေသးသည္ကိုေတြ႕ရသည္။ ကတ္စနစ္ျဖင့္ ယာဥ္စီးခေပးေသာစနစ္မွာ ေလထဲမွာပင္ေပ်ာက္ကြယ္သြားခဲ့ၿပီ ျဖစ္သည္။ မခက္ခဲေသာအလုပ္ကို အခ်ိန္ဆြဲလုပ္ေဆာင္ေနသျဖင့္  အခုထိ ခက္ခဲေနဆဲျဖစ္ေနသည္။ YRTA သည္ အလုပ္မျဖစ္ေတာ့လွ်င္ လူေျပာင္းမလား မူေျပာင္းမလားဆိုသည္ကို အစိုးရပိုင္းမွစဥ္းစားေပးရေပလိမ့္မည္။ ႏွစ္ရာတန္၊ တစ္ရာတန္ေငြ အေႂကြထည့္၍ စီးေနရသည္မွာအဆင္မေျပ။ အေႂကြမပါသူတို႔ အေႂကြပါသူခရီးသည္ထံမွ မိမိအစီစဥ္ျဖင့္ ေစာင့္ယူေကာက္ေန ျခင္းရမွာ အဝင္ဝတြင္ၾကပ္ပိတ္ေနသည္။ တက္မည့္ခရီးသည္ကလည္း ေရွ႕လူအေႂကြျပည့္သည္အထိေစာင့္ေနရသည္။ ကားက မထြက္ႏို္ငေသး။ သတ္မွတ္ခ်ိန္မီဖို႔ ကားဆရာက အေျပးေမာင္းရသည္။ သတ္မွတ္ထားေသာ မိုင္ႏႈန္းထက္ပိုလွ်င္ပိုမည္ ေလ်ာ့၍မရေတာ့။ မွတ္တိုင္တြင္လည္းကားက ၾကပ္ေနျပန္သည္။ ေရွ႕ကရပ္ထားေသာကားက မထြက္ႏိုင္ေသး။ေရွ႕ကားကိုေက်ာ္ရင္း လမ္းျဖတ္ ကူးသူကိုတိုက္မိသည္။ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္သည္။ သို႔ဆိုလွ်င္ YBS ကိုအုပ္ခ်ဳပ္ေသာ YRTA တို႔အေနျဖင့္ ေပးထားေသာကတိႏွင့္ ယာဥ္လိုင္းစည္းကမ္းမ်ားကို အတိအက်လိုက္နာ လုပ္ေဆာင္ရန္လိုေပမည္။ ထိုသို႔မလုပ္ေဆာင္ႏိုင္ပါက YBS ေၾကာင့္ျဖစ္ေပၚလာေသာ အနိဌာ႐ုံမ်ားကို ဆက္လက္ ႀကဳံေတြ႕ေနရဦးမည္၊ မလိုလားအပ္ပဲ ျပည္သူတို႔၏ အသက္မ်ား မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးေနရဦးမည္ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရေပသည္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024