အကယ်ဒမီ စိစစ်အကဲဖြတ်ရေးအဖွဲ့တွင် ရုပ်ရှင်သရုပ်ဆောင်များ ထည့်သွင်း
DVB
·
September 14, 2012
၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာရုပ်ရှင် ထူးချွန်ဆု အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ၂ ဦးဖြစ်တဲ့ ဦးသန်းဝင်းနဲ့ ဒေါ်မြင့်မြင့်ခိုင်တို့ကို ထည့်သွင်းထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ကြေငြာချက်အရ သိရပါတယ်။
အရင်တုန်းက အကယ်ဒမီ ထူးချွန်ဆု ၁၁ ဆုပေးရာမှာ သရုပ်ဆောင်ပိုင်းအတွက် ဆု ၄ ဆု ပေးပေမယ့် အကဲဖြတ်အဖွဲ့မှာ သရုပ်ဆောင်အလွှာက တယောက်မှ မပါဝင်ခဲ့ဘူးလို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
ဒီနှစ်အကဲဖြတ်အဖွဲ့မှာ ဌာနဆိုင်ရာ ၇ ယောက်၊ ရုပ်ရှင်နယ်ပယ်က ၈ ယောက်၊ စာပေဂီတ ပညာရှင် ၂ ယောက် ပေါင်း ၁၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အတွက် အရင်ထက် ပိုသမာသမတ်ကျပြီး လက်ခံနိုင်ဖွယ်ရှိတယ်လို့ ဦးဇင်ဝိုင်းက သုံးသပ်ပါတယ်။ ၂၀၁၃ ခုနှစ်ကျရင်တော့ အကဲဖြတ်အလုပ်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကပဲ ဦးစီးကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။