အမြန်လမ်းမကြီးပေါ်တွင် ယာဉ် ၁ စီး မီးလောင်
DVB
·
January 7, 2019
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်၁၀၉/၆ အနီးမှာ ဇန်နဝါရီ ၆ ရက် ညနေပိုင်းက IPSUM အမျိုးအစား ယာဉ်တစီး မီးလောင်ခဲ့တယ်လို့ ၁၁၅ မိုင် အမြန်လမ်း မီးသတ်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“နေပြည်တော်ကနေ ရန်ကုန်ကို ပြန်တဲ့ကားပါ။ အိမ်စီးကားလေး ဝါယာရှော့ဖြစ်ပြီး မီးလောင်တာ။ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ ကားကတော့ တစီးလုံး မီးလောင် ပျက်စီးသွားပါတယ်”
မီးလောင်နေတဲ့ကားကို အမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နာရီဝက်လောက် အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။
အမြန်လမ်းကြီးရဲစခန်းက ယာဉ်မောင်း မောင်မောင်သက်ကို ယာဉ်စစ်ဆေးခဲ့ခြင်းမရှိဘဲ ပေါ့လျော့စွာမောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၂၅၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-ကျော်အောင်(ကညွတ်ကွင်း)၊ ဓာတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့