စစ်ပွဲကြောင့် ကုမ္ပဏီရုံးခန်းများကို ကျောက်တူးသမားများ ကျူးကျော်ဝင်ရောက်
DVB
·
September 11, 2012
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတူးဖော်ရေးနယ်မြေမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေကြောင့် အုပ်ချုပ်သူမရှိ ဖြစ်နေတဲ့ အခြေအနေအောက်မှာ ယန္တရားနဲ့ အဆောက်အဦတွေကို စွန့်ခွာထွက်ပြေးသွားတဲ့ ကုမ္ပဏီ ရုံးခန်းတွေအတွင်း ကျောက်တူးသမားတွေ ၀င်ရောက်ရှာဖွေ ပစ္စည်းယူဆောင်မှုတွေ ဖြစ်ပွားနေတယ်လို့ အန်အယ်လ်ဒီပါတီမှ ဦးဒါရှီလဆိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ကျောက်တူးသမား ၃၀၀ လောက်ရှိတဲ့ လူအုပ်ကြီးဟာ စိမ်းလဲ့သာ ကုမ္ပဏီပိုင်နယ်မြေကို ၀င်ရောက်ပြီး ကျောက်စိမ်းမြေဇာမှာ ကျောက်ရှာဖွေခြင်း၊ ကျောက်စိမ်းများ ယူဆောင်ခြင်း ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကတော့ နှစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မှော်ထဲက ကုမ္ပဏီပိုင် လောင်စာကန်၊ ယမ်းတွေအပေါ် လက်နက်ကြီး ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲပြီး ကုမ္ပဏီပိုင် စက်ယန္တရားတွေ၊
အဆောက်အဦတွေ မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။