မြန်မာ-လာအို နယ်နိမိတ် ရေပုံအမှတ် ၁၂ အတည်ပြုလက်မှတ်ထိုး
DVB
·
August 18, 2018
မြန်မာ-လာအို ရေပုံအမှတ် ၁၂ ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၅ ရက်က ၁၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘွမ်ပြည်နယ်မှာ ပြုလုပ်တဲ့ ၁၃ ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်အာဏာပိုင်များ အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ လာအို ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sengphet HOUNGBOUNGUANG တို့ သြဂုတ် ၁၆ ရက်က ရေးထိုးခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။