Home
မြန်မာသတင်း
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအခမ်းအနား ပုသိမ်မြို့တော်ခန်းမတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
သော်ဇင်မျိုး
·
August 5, 2018
38448627_1683431331782643_8956807674767343616_o
နှစ် ၃၀ ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့ပါတယ်။ အရင် အစိုးရလက်ထက်တွေမှာ အခုလို လူထုနဲ့ ထင်သာမြင်သာရှိစေမယ့် နေရာမျိုးမှာ ကျင်းပခွင့်မရခဲ့သလို ကျင်းပလေ့ရှိတဲ့နေရာတွေမှာလည်း အတားအဆီးတွေနဲ့ ကျင်းပခဲ့ရတာလို့ ပုသိမ်မြို့ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့အခမ်းအနား ပြန်ကြားရေးကော်မတီဝင် ဦးမြင့်စိုးက ဒီဗွီဘီကိုပြောပါတယ်။ ဒီနှစ်မှာဆိုရင် အရင်ကျင်းပနေကျ ရှစ်လေးလုံး သပိတ်စခန်းဖွင့်ခဲ့တဲ့ ခါတော်မှီကျောင်းမှာ မနက် ၈ နာရီကနေ ၁၀ နာရီအထိ ကျင်းပမှာဖြစ်ပြီး မြို့တော်ခန်းမမှာတော့ မနက် ၁၀ နာရီကနေ ၁၂ အထိ ကျင်းပသွားမှာပါ။ အခမ်းအနားမှာတော့ ရှစ်လေးလုံး အမှတ်တရအကြောင်းအရာတွေကို ပြန်ပြောကြမှာဖြစ်ပြီး နှစ် ၃၀ ပြည့် ကြေညာချက်တွေလည်း ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ ဒီအခမ်းအနားကို ဧရာဝတီတိုင်းဒေသအစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ ပုသိမ်မြို့တော်ခန်းမလိုနေရာမျိုးမှာ ကျင်းပခွင့်ရလာတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024