Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး
DVB
·
January 20, 2018

Miss All Nations ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ရှမ်းတိုင်းရင်းသူ နန်းမွေခမ်းက Miss Eco Tourism ဆုနဲ့ Miss Miaoyu ဆု နှစ်ဆု ဆွတ်ခူးရရှိသွားပါတယ်။
၅၇ ကြိမ်မြောက် Miss All Nations ပြိုင်ပွဲကြီးကို တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ဇန်နဝါရီ ၁၈ ရက် ညက ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ဟာ Best in Talent ထိပ်ဆုံး ခြောက်ဦး စာရင်းဝင်အဖြစ် ရွေးချယ်ခံ ရပြီး ရှမ်းရိုးရာဝတ်စုံ National Costume ကြောင့် ပရိသတ်တွေကြားမှာလည်း ရေပန်းစား အားပေးတာခံခဲ့ရတယ်လို့ သိရပါတယ်။
Miss All Nations ပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံးလက်ရွေးစင် ၁၁ ဦး စာရင်းမှာလည်း ပါဝင်ခဲ့ပြီး Miss All Nations Organization ရဲ့ Activity တွေနဲ့ ပွဲအခမ်းအနားတွေကို ချစ်ကြည်ရေး သံတမန်တစ်ဦးအဖြစ် တက်ရောက်နေပြီး တရုတ်နိုင်ငံမှာ ၁ဝ ရက်ကြာ ဆက်လက်နေထိုင် သွားရမယ်လို့ သိရပါတယ်။