Home
အနုပညာ
နှင်းသွေးယုအောင် မယ်စကြ၀ဠာမြန်မာသရဖူ ဆွတ်ခူး
DVB
·
October 1, 2017
စနေနေ့ညက မယ်စကြ၀ဠာမြန်မာ ၂၀၁၈ ရဲ့နောက်ဆုံးအဆင့် ပြိုင်ပွဲကို ရန်ကုန်မြို့က  Gandamar Whole Sales Shopping Mall မှာ ကျင်းပရာ သရဖူကို အလှမယ် နှင်းသွေးယုအောင်က  ဆွတ်ခူးရရှိခဲ့ပါတယ်။ မြို့ကြီးတွေကိုယ်စားပြု အလှမယ် ၃၀ ထဲက၊ ပထမအဆင့် ၁၃ ယောက်ရွေးချယ်ခဲ့တာပါ။ နောက်ဆုံး စကာတင် အလှမယ် ၅ ယောက်ရွေးချယ်ရာမှာ ပဲခူးမြို့ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်၊ ဘားအံမြို့ကိုယ်စားပြု အလှမယ် မြင့်မိုရ်မေ၊ နေပြည်တော် ကိုယ်စားပြု အလှမယ် ဆုမြတ်ဖူးနှင့် တာချီလိတ် ကိုယ်စားပြုအလှမယ် နန်းမွေဖောင်းလောင် တို့အား ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ၅ ယောက်ထဲက  ပဲခူးမြို့ ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က မယ်စကြ၀ဠာမြန်မာ သရဖူဆု၊ ကျန် ၄ ယောက်ကတော့ 1st Runner Up ၊2nd Runner Up ၊3rd Runner Up  နှင့် 4th Runner Up ဆုတွေရရှိခဲ့တာဖြစ်ပါတယ်။ မယ်စကြ၀ဠာမြန်မာ ၂၀၁၈ ဆုရှင် နှင်းသွေးယုအောင်ဟာ နိုဝင်ဘာလ အမေရိကန်နိုင်ငံ Las Vegas  မြို့မှာ ကျင်းပမယ့်  Miss Universe ပြိုင်ပွဲကို  ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024