လယ်ဝေးတွင် ရှေးဟောင်းလှေတစီး တွေ့ရှိ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ချောင်းခွကျေးရွာအနီး ပလွေးချောင်းအတွင်းကနေ အရည် ၅၈ ပေကျော်၊ လုံးပတ် ၁၂ ပေကျော်ရှိ ရှေး ဟောင်းလှေတစ်စီးတွေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလှေကို စက်တင်ဘာ ၂၉ ရက်နေ့ ပလွေးချောင်းထဲမှာ ရွာသားတွေ တွေ့ရှိ တူးဖော်ကြတာပါ။ လှေတွေ့တာ သက်ဆိုင်ရာတွေကို အကြောင်းကြားပြီးဖြစ်ပေမယ့် ကျေးရွာဘုန်းကြီးထဲမှာပဲ အများပြည်သူကြည့်လို့ရအောင် အမိုးအကာဆောက်ပြီး ထားသွားမယ်လို့ ချောင်းခွကျေးရွာ၊ ရာအိမ်မှူး၊ ဦးညွန့်ရွှေက ပြောပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း အခုလိုပဲ ပလွေးချောင်းထဲကနေ လုံးပတ် ၆ ပေ ၃ လက်မလောက်၊ အရှည် ၇၅ ပေလောက်ရှိတဲ့ လှေတစီး တွေ့ခဲ့ဖူးပါတယ်။ သတင်းဓာတ်ပုံ - နေဖြိုးဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up