မီဒီယာ ဖွံ့​ဖြိုး​မှု ​ဆွေး​နွေး​ပွဲ ကျင်း​ပ(သတင်း​ဓာတ်ပုံ)

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဲ့​ ယူနက်စ်ကိုတို့​ ဦး​စီး​ကျင်း​ပ​နေတဲ့​ မြန်မာပြည်တွင်း​ မီဒီယာကဏ္ဍ ဖွံ့​ဖြိုး​ရေး​ဆိုင်ရာ ​ဆွေး​နွေး​ပွဲကို ရန်ကုန်မြို့​မှာ မတ်လ ၁၉ ရက်​နေ့​မှာ စတင် ပြုလုပ်ပါတယ်။ ပြန်ကြာ​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က မီဒီယာ ပြုပြင်​ပြောင်း​လဲမှုနဲ့​ ပက်သက်လို့​ ​ပြောဆိုရာမှာ မီဒီယာ​တွေကို ထိန်း​ချုပ်ဖို့​ထက် အ​ထောက်အကူပြုဖို့​သာ အဓိက လုပ်​ဆောင်သွား​မှာ ဖြစ်​ကြောင်း​ အဲဒီ ကွန်ဖရန့်​ကို တက်​ရောက်​နေတဲ့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ထိုင်း​နိုင်ငံရဲ့​ အကြီး​အကဲ ဦး​တိုး​ဇော်လတ်က ​ပြောပြပါတယ်။ အခု​ဆွေး​နွေး​ပွဲမှာ နိုင်ငံတကာပညာရှင်​တွေ၊​ ပြည်တွင်း​ပြည်ပ စာနယ်ဇင်း​သမား​တွေရဲ့​ ​ဆွေး​နွေး​အကြံပြုချက်​တွေကိုလည်း​ ပုံနှိပ်မီဒီယာဥပ​ဒေ မူကြမ်း​ ဒုတိယအကြိမ်​ရေး​ဆွဲရာမှာ ထည့်​သွင်း​စဉ်း​စား​သွား​မယ်လို့​ ပြန်ကြား​ရေး​နဲ့​ ပြည်သူ့​ဆက်ဆံ​ရေး​ ညွှန်ချုပ်ဦး​ရဲထွဋ်က ဒီဗွီဘီကို ​ပြောကြား​ပါတယ်။ ဒီ​ဆွေး​နွေး​ပွဲကို ပြည်ပအ​ခြေစိုက် မီဒီယာတချို့​ တက်​ရောက်ခွင့်​ရ​ပေမယ့်​ ပြည်တွင်း​ ဂျာနယ်တချို့​က အယ်ဒီတာ တက်​ရောက်မလာတာကိုလည်း​ ​တွေ့​ရပါတယ်။ မြန်မာနိုင်ငံအ​နေနဲ့​ ပထမဆုံး​အကြိမ်လို့​ ဆိုတဲ့​ မြန်မာပြည်တွင်း​ မီဒီယာကဏ္ဍဖွံ့​ဖြိုး​မှု ​ဆွေး​နွေး​ပွဲကို မတ်လ ၁၉ ရက်နဲ့​ ၂၀ ရက်​နေ့​တွေမှာ ကျင်း​ပတာပါ။ Read more

More News
Up