ရွှေဘိုမြို့နယ်တွင် အမည်မသိ အမျိုးသမီးအလောင်းတလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဇီးကုန်းလေးတံတားအနီးမှာ ဒီနေ့ မနက် ၁၁ နာရီလောက်က အမည်မသိအမျိုးသမီးအလောင်းတလောင်းကို တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် ဝန်းကျင်ခန့်ရှိပြီး ဆည်ရေပေးဝေတဲ့ ဇီးကုန်းလေးဆည်မြောင်းတံတားရဲ့မြောက်ဘက်မှာ အလောင်းကို အခုလိုတွေ့ရှိခဲ့တာပါ။ “အလောင်းက သေဆုံးတာ သိပ်မကြာသေးဘူး။ ရေနစ်သေဆုံးတဲ့ ဒဏ်ရာကလွဲလို့ တခြားသေလောက်တဲ့ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။ အဲဒီအမျိုးသမီးဟာ မည်သူမည်ဝါ ဖြစ်တယ်၊ ဘယ်မှာနေထိုင်တယ်ဆိုတာကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲပါ” လို့ ရွှေဘိုမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ တွေ့ရှိရတဲ့ အလောင်းကို လူမှုကူညီရေးကားနဲ့ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး အသေးစိတ်ဆေးစစ်ချက် ပြုလုပ်နေပါတယ်။ ရန်နိုင်စိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up