Home
မြန်မာသတင်း
အင်းတော်တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကားလမ်းဆုံမှာ မူးယစ်ဆေးဝါး ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ ဇွန် ၂၃ ရက်ည ၉ နာရီအချိန်လောက်မှာ သတင်းအရ မူးယစ်တပ်စု ၆ ကသာတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနားကားလမ်း နဘားလမ်းဆုံမှာ ကျော်ထွန်း မောင်းနှင်ပြီး သက်ပိုင်ဦး လိုက်ပါလာတဲ့ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၉၆ ပြား၊ မိုးပြာရောင်ဆပ်ပြာခွက်အတွင်းမှ ဘိန်းဖြူ ၁၁ ဂရမ်ခန့်ပါ ၁ ခွက်၊ RED RUBY စီးကရက်ဘူးအတွင်း ဘိန်းဖြူ အလေးချိန် (၀ ဒသမ ၁) ဂရမ်ခန့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဒုရဲမှူ သက်တင်ဦးက ပြောပါတယ်။ ဖမ်းဆီးမိသူတွေကို စစ်ဆေးမေးမြန်းချက်အရ အားတီးဆိုသူက ကျပ်  ၂ သိန်းခွဲပေးပြီး သယ်ဆောင်ခိုင်းခဲ့တာလို့ ထွက်ဆိုခဲ့ကြကြောင်း ဒုရဲမှူးက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူ ကျော်ထွန်း၊ သက်ပိုင်ဦးနဲ့ မိုးညှင်းမြို့နယ် ကချင်ပြည်နယ်နေသူ အားတီ (နေရပ်လိပ်စာစုံစမ်းဆဲ) တို့အား အင်းတော်မြို့မရဲစခန်းမှ မူးစိတ် ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်နေကြောင်း သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024