A d v e r t i s e m e n t With Us

မန္တ​လေး​တွင် နှစ်​နေရာ မီး​လောင် (ဓာတ်ပုံသတင်း​)

မန္တ​လေး​တိုင်းအ​တွင်း​က မြို့​နယ်နှစ်ခုမှာ ဒီမနက် အရုဏ်မတက်ခင်က မီး​ဖိုမီး​ကြွင်း​မီး​ကျန်က​နေ စတင်ပြီး​ မီး​လောင်ကျွမ်း​ပါတယ်။ မဟာ​အောင်​မြေမြို့​နယ် သံလျက်​မော်ရပ်ကွက်မှာ ဒီမနက် ၂ နာရီခွဲခန့်​က စပြီး​ တနာရီခန့်​ ​လောင်ကျွမ်း​တဲ့​မီး​ကြောင့်​ အိမ်​ခြေသုံး​ဆယ်ခန့်​ မီး​စွဲ​လောင်ပါတယ်။ မီး​ဘေး​ဒုက္ခသည် မိသား​စု ၂၈ စု လူဦး​ရေစုစု​ပေါင်း​ ၁၀၀ ​ကျော်ကို ရပ်ကွက်ထဲက ဓမ္မာရုံမှာ ​နေရာချထား​ပါတယ်။ အောင်​မြေသာဇံမြို့​နယ် ​မေဃဂီရိရပ်ကွက်မှာလည်း​ ဒီမနက်ငါး​နာရီက အိမ်တအိမ်မှာ မီး​ဖို မီး​ကြွင်း​မီး​ကျန်က​နေ ​လောင်ကျွမ်း​တဲ့​မီး​ဟာ ဆယ်မိနစ်ခန့်​အကြာမှာ ငြိမ်း​သွား​တယ်လို့​ မန္တ​လေး​မြို့​ခံက ​ပြောပါတယ်။ Read more

A d v e r t i s e m e n t With Us

More News
Up