Home
သတင်းဓာတ်ပုံ
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၌ ထိုင်း ၁ ဦးနှင့် မြန်မာ ၁ ဦးထံမှ လက်နက်ခဲယမ်းများဖမ်းမိ
နန်းမြနဒီ
·
March 27, 2017
19474-643x1024
19477-1024x595
S__4415502-1024x769
S__4415500-769x1024
S__4415497-1024x769
S__3514589-768x1024
  ရှမ်းပြည်နယ် တာချီလိတ်မြို့ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားဂိတ်မှာ ထိုင်းအမျိုးသား ၁ဦး နဲ့ မြန်မာအမျိုးသမီး၁ဦးတို့ထံက လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ တာချီလိတ်မြို့မ ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။ မတ် ၂၆ ရက်မွန်းလွဲပိုင်းက တာချီလိတ်လုံခြုံရေးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ အ၀င်အထွက်စ စ်ဆေးရေးပုံမှန်ဆောင်ရွက်နေစဉ် မသင်္ကာဘွယ် ဗင်ဂိုးဟိုင်းလပ်စ်ယာဉ်တစီးကို စစ်ဆေးရာမှာ ယာဉ်မောင်းသူ ထိုင်ခုံအောက်မှာ ၀ှက်ထားတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရတာလို့ တာချီလိတ် မြို့မရဲစခန်း တာဝန်ရှိ ရဲအုပ်ကိုလတ်က  ပြောပါတယ်။ “ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ် ၁ မှာ လုံခြုံရေးတာဝန် ဆောင်ရွက်နေတဲ့အချိန်မှာ မြန်မာဘက်ခြမ်းကို အဲဒီကားက ရောက်လာပြီးတော့ ကားရပ်ပြီး လ၀က ကို သတင်းပို့တယ်။ အဲဒီကားကို မသင်္ကာလို့ ကျနော်တို့က ရှာတဲ့အချိန် ယာဉ်မောင်းသူရဲ့ ထိုင်ခုံ အောက်က ပြောက်ကျားလွယ်အိတ်ထဲမှာ လက်နက်တွေနဲ့ ခဲယမ်းတွေ ပါလာတာပေါ့နော်၊ အဲဒါမှာ ကျနော်တို့မိတာပေါ့။ ထိုင်းနိုင်ငံသား လစ်ထိကိုင် နာ့ဆုဝမ်း ဆိုတဲ့သူက ယာဉ်မောင်းလာပြီးတော့ ယာဉ်မောင်းဘေးရှေ့ခန်းကနေ လိုက်လာတဲ့အမျိုးသမီးက ကျနော်တို့ မြန်မာနိုင်ငံသူ နန်းခမ်းဟုန် ဖြစ်ပါတယ်။” ဖမ်းမိတဲ့အထဲမှာ ပွိုင့် ၄၅ အမျိုးအစား ကျည်ရှစ်တောင့်ပါ ကျည်ဘောက် တပ်ပစ္စတိုသေနတ် တစ်လက်၊ ပွိုင့် ၄၅ ကျည်ရှစ်တောင့်စီပါ ကျည်ဘောက်နှစ်ခု၊ ပွိုင့် ၄၅ ကျည်တောင့် ၅ဝ ပါ ဗူးတစ်ဘူး၊  ပွိုင့် ၂၂ အမျိုးအစား ခဲထိပ်ဖူးကျည် ၁ဝ တောင့်ပါ ကျည်ဘောက် တပ်သေနတ်တိုတစ်လက်၊ ပွိုင့် ၂၂ ခဲထိပ်ဖူးကျည် ၁ဝ တောင့်ပါ ကျည်ဘောက် တစ်ခု၊ 9 MM အမျိုးအစား ကျည် ခြောက်တောင့်ပါ ကျည်ဘောက်တပ်မိန်းမကိုင်သေနတ်တို တစ်လက်၊ 9 MM ကျည် ခြောက်တောင့်ပါ ကျည်ဘောက်တစ်ခုပါဝင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်ရဲစခန်းက ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂ (က) (ဂ)နဲ့ အရေးယူထားပြီး အမှုဖွင့်ထားကာ ကွင်းဆက်တရားခံတွေ ဆက်လက်ဖော်ထုတ်နိုင်ဖို့  စစ်ဆေးနေ ပါတယ်။ ဓာတ်ပုံ - maesainewsonline.com  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024