မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းစားသူများကို ဖမ်းဆီး
DVB
·
March 27, 2019
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)ပေါ်မှာ တောင်းရမ်းစားသောက်နေသူတွေကို မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ မြ၀တီခရိုင်ရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီဝင်တွေ အပါအ၀င် ရပ်ကွက်တာဝန်ရှိသူတွေက ပူးပေါင်း ဖမ်းဆီးခဲ့ပါတယ်။
အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေဟာ မြ၀တီမြို့ တောရကျောင်း၊ ကျောက်လုံးကြီး၊ အောင်မြင်ရွှေဘုံ တို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။
ဖမ်းမိသူတွေကို မြ၀တီရဲစခန်းသို့ခေါ်ဆောင်ပြီး နောင်မှာ တံတားပေါ်မှာ တောင်းရမ်းနေတာ တွေ့ရင်ဖမ်းဆီး အရေးယူခံရမှာဖြစ်ကြောင်း မြ၀တီခရိုင် ဒုရဲမှူးကြီး အောင်နိုင်ထွန်းက ဟောပြော ပညာပေးကာ ၀န်ခံကတိ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ် လိုက်တယ်လို့ သိရပါတယ်။
ဖိုးစီ