Homeရုပျသံ
မူးယစ်ဂိုဏ်းများကို ရက်ရက်စက်စက်နှိမ်နင်းခဲ့မှုအတွက် သမ္မတထရမ့် ဂုဏ်ပြုခဲ့ဟု နေပြည်တော်ရောက် ဒူတာတေးပြော (ရုပ်သံ)
မူးယစ်ဂိုဏ်းများကို ရက်ရက်စက်စက်နှိမ်နင်းခဲ့မှုအတွက် သမ္မတထရမ့် ဂုဏ်ပြုခဲ့ဟု နေပြည်တော်ရောက် ဒူတာတေးပြော (ရုပ်သံ)
DVB
·
March 20, 2017
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဂိုဏ်းတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအပေါ် သူရက်ရက်စက်စက် နှိမ်နင်းခဲ့တာတွေကို အမေရိကန်သမ္မတထရမ့်က ကျေနပ်အားရစွာနဲ့ ဂုဏ်ပြုပြောဆိုခဲ့တယ်လို့ မတ်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံ မြို့တော်နေပြည်တော်မှာ ဖိလစ်ပိုင်နိုင်ငံသားတွေကို တွေ့ဆုံ ပြောပါတယ်။
ဆက်လက်ပြီးသူက အမေရိကန်နိုင်ငံနဲ့ စစ်ရေးအရပူးပေါင်းဖို့အတွက် ဘာမဆို လုပ်သွားမယ် လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို ၂ ရက်အကြာ အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတဒူတာတေးဟာ သမ္မတဒေါ်နယ်ထရမ့် သမ္မတအဖြစ်မဲအနိုင်ရချိန်မှာ သူက ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ ကြောင်းနဲ့ အဲဒီအချိန်မှာသမ္မတထရမ့်က သူ့နိုင်ငံနယ်စပ်မှာဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေနဲ့ မူးယစ်မှောင်ခိုမှုတွေအပေါ် အလွန်စိတ်ပျက်နေတယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့နိုင်ငံရေးမူဝါဒဟောင်းအရ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ကောင်းနေချိန်မှာ အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ကာကွယ်ရေး သဘောတူညီချက်စာချုပ်တွေက်ု ဖျက်ဆီး ပစ်မယ်လို့ ဖိလစ်ပိုင်မှာရှိနေတဲ့ အမေရိကန်စစ်တပ်တွေအပေါ် မနှစ်မြို့မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သူလည်း ဖြစ်ပါတယ်။
သမ္မတဒူတာတေးမဲအာဏာရခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဇွန်လ ၃၀ ရက်နေ့ကနေစပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်း မူးယစ်ဆေးဝါးရောင်းချသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေအပေါ် မညှာမတာနှိမ်နင်းခဲ့ရာ အခုချိန်ထိ လူပေါင်း ၈၀၀၀ ကျော် သတ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။