ရသေ့တောင်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား
DVB
·
September 20, 2016
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်က ကူးတို့ဆိပ် ဆိပ်ခံတံတားအောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်လို့ စစ်တပ်က လိုက်လံ စစ်ဆေးပြီး ရွာသား တစ်ယောက်ကိုတော့ ခေါ်မေးတယ်” လို့ ရေစိုးချောင်းရွာက ဦးငွေလှဖြူက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းအောင်က “အဲ့ဒီမှာ ရှိတဲ့ အခြေချဗျူဟာက ခရီးသွားဖို့လုပ်နေတုန်း တံတားအောက်မှာ လက်လုပ်ဗုံးနှစ်လုံးတွေ့တာကို ချက်ချင်းဖြုတ်တာကနေ အသံမည်တာ ဖြစ်ပြီး ဗုံးပေါက်ကွဲသွားတာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ဧပြီလအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တဲ့နောက်ပိုင်း တပ်မတော်က ရေဆိုးချောင်းရွာအနီးမှာ အခြေချနေရာယူထားပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။
တိုက်ပွဲတွေကြောင့် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲမှာ အခုထိ တိုက်ပွဲရှောင်သူ တစ်ထောင်နီးပါး နေရပ်မပြန်နိုင်သေးဘဲ ရှိနေပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုကို