ကလေးမြို့နှင့် ဟာခါးမြို့ မဟာဓာတ်အား လျပ်စစ် ၄ ရက် ပြတ်တောက်မည်
DVB
·
April 9, 2016
ကလေးမြို့နေ လျပ်စစ်အသုံးပြုသူတွေကို ကလေးမြို့ လျပ်စစ်ဓာတ်အားဖြန့်ဝေရေးစက်ရုံ က လျှပ်စစ်ဓာတ်အား လေးရက်လောက် ဖြတ်တောက်မယ်လို့ ဌာနပိုင် အွန်လိုင်းမီဒီယာ ကနေ အသိပေးကြေညာလိုက်ပါတယ်။
မဟာဓာတ်အားလိုင်းမှူးရုံး (အုန်းတော) ကနေ တာဝန်ယူထိန်းသိမ်းနေတဲ့ 230 KV ညောင်ပင်ကြီး-ချောင်းကူးဓာတ်အားလိုင်း တာဝါတိုင်အမှတ်(၃၁၅)တိုင်ခြေ ကျောချောင်းရေ တိုက်စားမှုကနေ ကြိုတင်ကာကွယ်ရေးအတွက် ရွှေ့ပြောင်းတည်ဆောက်ဖို့ တာဝါတိုင်ဖြုတ်သိမ်းတာ၊ ပြန်လည်တပ်ဆင်တည်ဆောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မှာကြောင့် လေးရပ်လောက် မီးဖြတ်မယ်လို့ ဆိုပါတယ်။
မဟာဓာတ်အားလိုင်းလျပ်စစ်ကို ၉ ရက်နေ့ မနက် ၆း၀၀ နာရီကနေ ၁၂ ရက်နေ့ ၁၈း၀၀ နာရီအထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။
ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်ချိန် ၄ ရက်လောက် ကြာမြင့်မှာဖြစ်လို့ 66 KV ချောင်းကူး-ကျော-ဂန့်ဂေါ-ဟားခါးနဲ့ ဂန့်ဂေါ-ကလေး ဓာတ်အားလိုင်းတွေ ဓာတ်အားပြတ်တောက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးထားပါတယ်။
မင်းရဲစစ်နိုင်