Search Results For: အေအေ

အေအေနှင့် ဆက်နွှယ်ဖမ်းဆီးခံရသူ ၆၁ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက ရက္ခိုင်တပ်တော် (အေအေ) နဲ့ ဆက်စပ်သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုကာ အကျဥ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေထဲက ၆၁ ယောက်ကို  အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အမိန့်ထုတ်ပြန်ပေးခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ ပြန်လည်လွတ်မြောက်လာသူ ၅၅ ဦးရဲ့ စာရင်းကိုသာ ကောက်ယူရရှိထားသေးတယ်လို့ ပရဟိတလူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်ကပြောပါတယ်။

“သံတွဲအချုပ်ထောင်ကနေ ၃ ယောက်၊ ကျောက်ဖြူအချုပ်ထောင်က ၃၇ ယောက်၊ စစ်တွေထောင်ကနေ ၇ ယောက်၊ ပေါင်းဆိုရင် ၄၇ ယောက်ပေါ့၊ နောက်ဆုံး ကျနော်တို့ မြောက်ဦးဘက်ကို စုံစမ်းတဲ့အခါမှာ မြောက်ဦးအချုပ်ကနေ ၈ ယောက် လွတ်တယ်၊ ကျနော်တို့ စာရင်းအရဆိုရင် စုစုပေါင်း ၅၅ ယောက် လွတ်ပြီ၊ ကျန်တဲ့ ဘယ်ကနေလွတ်တယ် ဆိုတာကိုတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ”လို့ပြောပါတယ်။

အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ မြန်မာတနိုင်ငံလုံးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၁၀၀ ကျော် ကျန်ရှိနေသေးတယ်လို့လည်း စာရေးဆရာ ကိုဝေဟင်အောင်ကပြောပါတယ်။

“ကျနော်တို့စာရင်းအရဆိုရင်တော့ သံသယနဲ့ဖမ်းထားတဲ့အထဲမှာ အပိုင်း နှစ်ပိုင်းရှိမယ်၊ တပိုင်းက အေအေကို အကြမ်းဖက်အဖြစ် ကြေညာထားတဲ့အချိန်မှာ ဖမ်းတဲ့ တအုပ်စုရှိမယ်၊ အခုနောက်ထပ် ပုဒ်မ ၁၇(၁) ဆိုပြီးတော့ မတရားအသင်းနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတာတချို့ရှိမယ်၊ အဲဒါ အချုပ်ရယ်၊ အကျရယ်ဆိုရင် စုစုပေါင်း ကျနော်တို့စာရင်းအရဆိုရင် ၁၁၇ ယောက်ကျန်နေတယ်၊ တနိုင်ငံလုံးမှာပေါ့။ဧ

ရခိုင်မှာ စစ်တပ်နဲ့ အေအေတို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခံရသူ ၂၀၀ ကျော်ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ရပ်သွားသလို မတ်လမှာ အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပယ်ဖျက်ပေးခဲ့ပါတယ်။

2 days Ago

အေအေ လှုပ်ရှားမှုကို သတင်းပေးရန် အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူသတိပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတိုင်ကြားကြဖို့ သြဂုတ် ၂၃ ရက်က မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ် အမှတ် ၃၄ တပ်ရင်းမှူးက ခေါ်ယူသတိပေးပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးက “ကျနော်တို့ကို အစည်းအဝေးမတက်မနေရဆိုပြီး ၃၄ တပ်က တပ်ရင်းမှူးကခေါ်တယ်။ အေအေက ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စာလိုက်ကပ်တာ၊ အဲဒီစာရွက်ကပ်တဲ့သူတွေကို မသိဘူးလားပေါ့၊ ပြီးရင် ကျနော်တို့ကို အေအေကလှုပ်ရှားမှုတွေကို မသိဘူးလားဆိုပြီး မေးတယ်။ သိရင်သူတို့ကို အကြောင်းကြားဖို့ပေါ့၊ သိရဲ့နဲ့ထိမ်ချန်ထားတယ်ဆိုပြီးတော့ အပြစ်တင်တာပေါ့။ ရပ်ကွက်တွေမှာလည်း မှုခင်းတွေဖြစ်လာရင် သူတို့ကိုအ​ကြောင်းကြားပေးဖို့နဲ့ ရပ်ကွက်တွေမှာ လူစိမ်းတွေဝင်လာရင်လည်း သတင်းပေးဖို့” လို့ ပြောပါတယ်။

အေအေက ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ Stay at Home ကာလသတ်မှတ်ခဲ့သလို ရခိုင်ပြည်သူတွေအနေနဲ့ မတရားပြုကျင့်ခံရတာတွေကို တိုင်ကြားနိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်မှာ အင်းအားတိုးချဲ့တာတွေနဲ့ မြို့နယ်တွေမှာနေအိမ်တွေကို ဝင်ရောက်ရှာဖွေစစ်ဆေး လုပ်ဆောင်လာနေတာကြောင့် တိုက်ပွဲတွေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

2 months Ago

အကြမ်းဖက်စစ်တပ်က တစ်ရက်လျှင် ပျမ်းမျှလူ ၅ ဦးနှုန်း သတ်ဖြတ်နေဟု အေအေပီပီ ထုတ်ပြန်

မတရားစစ်အာဏာသိမ်းကာလ အကြမ်းဖက်စစ်တပ်က တရက်ကို ပျမ်းမျှလူ ၅ ယောက်နှုန်း သတ်ဖြတ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းမှုရက်ပေါင်း ၂၀၀ ပြည့်လာခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၁၀၀၇ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး ရမ်းကားရက်စက်တဲ့လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေတာဟာ စနစ်တကျ စီစဉ်ထားတဲ့ အကြမ်းဖက်မှုပုံစံတစ်ခုကို ကျင့်သုံးနေတယ်ဆိုတာ တွေ့မြင်ရပါတယ်။ 

အစောပိုင်းကာလတွေမှာတော့ ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေကို အသုံးပြုပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပေမယ့် ဒီနည်းလမ်းတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က အလိုရှိတဲ့ရလဒ်တွေကို ဖြစ်ပေါ်မလာစေတဲ့အခါမှာ ပိုမိုဆိုးရွားရက်စက်တဲ့ နည်းလမ်းတွေကို မတ်လအတွင်းမှာပိုမိုတိုးမြှင့်ဆောင်ရွက်လာခဲ့ပါတယ်။ 

မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်ဝင်ရောက် စီးနင်းမှုတွေ၊ မီးရှို့မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်လျက်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ဒီကနေ့အချိန်ထိ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၆ ယောက်၊ အင်ဂျင်နီယာ ၇ ယောက်၊ ပညာရေးနယ်ပယ်မှ ဝန်ထမ်း ၁၀ ယောက် နဲ့ကျောင်းသား ၇၁ ယောက်တို့ ကျဆုံးသွားခဲ့ရတယ်လို့ အေအေပီပီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကျဆုံးမှု အများဆုံးနေ့အဖြစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရ သမိုင်းဝင်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် ဆင်နွှဲခဲ့ရတဲ့ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္ဿာရီအပါအဝင် အခြားဒေသများမှ အပြစ်မဲ့အရပ်သား ပြည်သူပေါင်း ၁၆၄ ယောက် ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

အဲဒီနေ့က ကျဆုံးခဲ့ကြသူတွေထဲမှာတော့ အသက် ၁၈ နှစ်အရွယ် ၂ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၄ ယောက်၊ စုစုပေါင်း ၁၆ ယောက်ဟာ အကြမ်းဖက် စစ်အုပ်စုလက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူ သတ်ဖြတ်ခံရမှုတွေထဲမှာတော့ ရန်ကုန်တိုင်းက ၂၄၁ ယောက်၊ မန္တလေးတိုင်းက ၂၁၇ ယောက်၊ စစ်ကိုင်းတိုင်းက ၂၀၄ ယောက်စီနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ် စတင်ကတည်းက စစ်တပ် သတ် ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အယောက်၂၀ နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၂ ယောက်၊ စုစုပေါင်း ၈၂ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီရဲ့ အချက်အလက်ကောက်ယူမှုတွေအရ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ် ရပ်တွေကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ အမျိုးသမီးအယောက် ၇၀ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ဖြိုခွင်းမှုတွေကြောင့် အသက် ဆုံးရှုံးရသူပေါင်း ၆၄၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး လူပေါင်း ၁၀၆ ယောက်ကတော့ ဆိုးဝါးလှသော နည်းလမ်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

2 months Ago

ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးကြရန် အေအေ စစ်ဦးချုပ်တိုက်တွန်း

ရခိုင်ပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုမဆို ထိုးထားကြဖို့နဲ့  ကာကွယ်ဆေးထိုးနှံထားသူတွေဟာ ကိုဗစ်ကူးစက်ခံရပါက အသက်အန္တရာယ်ကြုံတွေ့ရမှု နည်းတာကြောင့် မဖြစ်မနေထိုးကြဖို့ကို ရက္ခိုင့်တပ်တော် (အေအေ) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇူလိုင် ၂၅ ရက်မှာ  ရခိုင်ဘာသာစကားနဲ့ တိုက်တွန်းပြောပါတယ်။

လက်ရှိအချိန် ကမ္ဘာတဝန်း ကိုဗစ်တတိယလှိုင်းကို ခံစားနေရတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာလည်း ပထမနဲ့ ဒုတိယလှိုင်းမှာ သေဆုံးမှုတွေနည်းပါးခဲ့ကာ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆနေထိုင်တာ တွေ့ရှိခဲ့ရသလို အခုတတိယလှိုင်းမှာ ရောဂါပြင်းထန်လာပြီး ကူးစက်မှုတွေများလာကာ သေဆုံးမှုတွေလည်းတိုးလာနေတာကြောင့် ဇူလိုင် ၂၀ ရက်နေ့ကစတင်ပြီး ၂ ပတ်ကြာ Stay at Home နေထိုင်ဖို့ကိုလည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်ထုတ်ပြီးနောက် ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းလောက်ဟာ လိုက်နာနေထိုင်တာကိုတွေ့ရပြီး  ပြည်သူတချို့ဟာ လိုက်နာမှုအားနည်းတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာတော့ အရက်ဆိုင်နဲ့ စားသောက်ဆိုင်တချို့ဖွင့်လှစ်ရောင်းချတာနေတာတွေရှိနေတာကြောင့် ဒါတွေဟာမဖြစ်သင့်သလို မိမိကိုင်ပိုင်အသိတရားနဲ့ လိုက်နာနေထိုင်ကြဖို့နဲ့ ပြည်သူတွေပူးပေါင်းပါဝင်လိုက်နာမှသာ အောင်မြင်မှဖြစ်တယ်လို့ ပါတယ်။

 အခုလို Stay at Home ထုတ်ပြန်ထားတာကြောင့် အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေးအခက်အခဲတွေဖြစ်နေတာတွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေကြတဲ့ သူတွေနဲ့ လူမှုပရဟိတအဖွဲ့အစည်းတွေကိုလည်း လေးလေးစားစားနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

 ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးပညာရှင်တွေရဲ့ စည်းကမ်းချက်တွေကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် လိုက်နာကြဖို့၊ ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ဆေးပညာရှင်တွေဟာ မိမိရဲ့အသက်ကိုမငှဲ့ကွက်ပဲ လူနာတွေကို ကုသပေးနေရတာတွေကြောင့် ပင်ပန်းစိတ်ဖိစီးမှုတွေရှိနေသလို တစ်ဖက်ရောဂါဖြစ်ပွားနေတဲ့ မိသားစုဝင်တွေမှာလည်း ဆုံးရှုံးမှုတွေ၊ စိုးရိမ်ပှုပန်မှုတွေရှိနေကြတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကြား အပြန်အလှန်နားလည်မှုတွေပေးကြဖိုနဲ့ ကိုဗစ်ကာလမှာ ပြည်သူတွေရဲ့အသက်ကိုကယ်တင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြိုးစားလုပ်ဆောင်နေတာတွေကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ရခိုင့်တပ်တော်မှ ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနဲ့ အသိပညာပေးစာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလိုက်ခွာပြီးနောက် လူငယ်အချို့က ပြန်ကပ်ထား

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုများပြားလာနေတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးအသိပညာပေးစာတွေနဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ စာရွက်တွေကို ဇူလိုင် ၂၃ ရက်နေ့က ဒေသခံလူငယ်တွေ ဦးဆောင်ပြီး လူအများမြင်သာတဲ့ နေရာတွေမှာ လိုက်လံကပ်တာတွေနဲ့ အသိပေးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါစာရွက်တွေကို ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်း တချို့ကလိုက်လံပြီး လိုက်ခွာတာတွေရှိခဲ့သလို ဒေသခံတချို့ကို ခြိမ်းခြောက်တာတွေရှိခဲ့ပေမဲ့ ရခိုင်လူငယ်တွေက ပြန်ပြီးတော့ကပ်ထားတာကိုတွေ့ရတယ်လို့ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောပါတယ်။

3 months Ago

ရက္ခိုင့်တပ်တော်(အေအေ) က ဗိုလ်မှူးကြီးတဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံး

ရက္ခိုင့်တပ်တော်(အေအေ) က ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ အရွယ် ရှိနေပြီဖြစ်ကာ သူဟာ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဦးကာလ၊ တည်ဆောက်စကာလ၊ တော်လှန်ရေးရဲ့ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးကာလတွေကို ရဲဘော်ရဲဘက်တွေနဲ့ ဦးဆောင်မှုအပြည့်နဲ့ လက်တွဲရုန်းကန်ခဲ့တဲ့ စံပြတပ်မှူးကောင်းတယောက်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သူဟာ ရက္ခိုင့်တပ်တော်ရဲ့ ဗွေဆော်ဦးတိုက်ပွဲကို စတင်ဖော်ဆောင်ရာမှာ ပါဝင်ခဲ့ပြီး ပလက်၀ဒေသ ထိုးစစ်တိုက်ပွဲမှာလည်း ဦးဆောင်ပါဝင်ကာ အောင်မြင်မှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူ့ရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် “အကြွီစောလားခသော ရက္ခိုင့်တပ်တော်၏ စံ ပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ်အတွက် ဝမ်းနည်းဂုဏ်ပြု မှတ် တမ်းလွှာ”လို့ ရေးသားပြီး မျှဝေထားပါတယ်။

3 months Ago

မန္တလေးတွင် အေအေတပ်ဖွဲ့ဝင်များ အပါအဝင် ၆ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

မန္တလေးမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၁၆ ရက်နေ့က အွန်လိုင်းကနေ တရားရုံးက နှစ်ရှည်ထောင်တွေ အမိန့်ချခဲ့ပါတယ်။

အေအေတပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ ဒုတပ်ကြပ် မြတ်ခိုင်နဲ့ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၈) နှစ်၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် သီးခြားစီကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် ပတ်သက်ဆက်နွှယ်တဲ့ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ မိုးကျော် (ခ) ဦးမိုးကျော် နဲ့ ဝင်းသိန်း တို့ကိုလည်း အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၅) နှစ် ၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်ကြမ်နဲ့ ထောင်ဒဏ် (၃) နှစ် သီးခြားစီကျခံဖို့ အမိန့်ချခဲ့ကြပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ အေအေတပ်ဖွဲ့ဝင်တွေကို  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူတွေနဲ့ အတူ Satellite Phone တွေ ၊ ယမ်းတုံးတွေ၊  ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

3 months Ago

အပြစ်မဲ့ပြည်သူ ၂ ထောင်ကျော်လွတ်မြောက်၊ အပြုသဘောဆောင်လွှတ်ပေးခြင်းမျိုး မဟုတ်ဟု အေအေပီပီပြော

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ ၅၂၁၀ ယောက်ကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

       ခုလိုပြန်လွှတ်လိုက်တာဟာ စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေကို လျှော့ပေါ့လိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးတာမျိုး၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေတာမျိုး မဟုတ်ဘဲ မကြာခင်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုလက်ခံလာစေဖို့ ကြိုးစားနေခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

       အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “အစကတည်းက မဖမ်းသင့်တဲ့ လူတွေကို ဖမ်းထားတာပါ။ ပြန်လည်လွတ်မြောက်လာတဲ့သူတွေမှာလည်း စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှု‌တွေ ပွေ့ပိုက်ပြီး ပြန်လာကြရမှာပါ။ လွတ်မြောက်လာသူတွေကို ပြန် လည်ကုစားပေးဖို့လည်း လိုအပ်ပါတယ်။ စာနာနားလည်မှုပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့တွေဟာ မတရားဖမ်းဆီးခံခဲ့ရတာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်တဲ့ လွှတ်ပေးခြင်းမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူရပါမယ်။ လွှတ်ပေးမှုရှိနေသလို အဖမ်း အဆီးကလည်း ဆက်ရှိနေတာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ မတရားအာဏာသိမ်းကာလဟာ ၅ လကြာမြင့်ခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၈၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၄၃၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၁၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၂၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၅ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၄၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၂၅ ယောက်ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ်စီ၊ ၁ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အသီး သီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

       အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “နိုင်ငံရေး အကျဉ်းသားများရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တ ရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လုပ်ဆောင်နေမှုတွေဟာ အပြု သဘောဆောင် တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြု လက်ခံ လာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်”လို့ ပြောပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေ အေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

4 months Ago

တပ်မတော်တပ်စခန်းတစ်ခုကို အေအေက ဝင်ရောက်စီးနင်း

ကျောက်တော်မြို့အနီး မဟာမုနိဘုရားဝင်းထဲမှာရှိတဲ့ တပ်မတော်တပ်စခန်းတစ်ခုကို ဇွန် ၂၇ ရက်နေ့ ညနေပိုင်းမှာ အေအေက ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရသေးပေမယ့် စစ်ကောင်စီလက်နက်ကိုင်တွေကတော့ ဒီမနက်မှာ မဟာမုနိဘုရားကို စစ်ကားတွေနဲ့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ အေအေဘက်ကို ဒီဗွီဘီက ဆက်သွယ်မေး‌မြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဒေသတွင်းမီဒီယာတွေကိုတော့ လူငယ်ဘာသာဘာဝ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဖြေရှင်းပြီးသွားပြီလို့ အေအေပြောခွင့်ရ ခိုင်သုခက ဖြေကြားထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ အေအေနဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဘာသာရေး အဆောက်အအုံတွေ၊ ဘုရားဝင်းတွေထဲ တပ်စွဲထားခဲ့ကြတာဖြစ်ပြီး ခုချိန်ထိလည်း တပ်စွဲထားတဲ့နေရာ အများအပြား ရှိနေပါတယ်။

4 months Ago

အမ်းမြို့နယ်တွင် အေအေနှင့်ဆက်နွှယ် ဖမ်းဆီးတရားစွဲခံရသူ ၄ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်မှာ  အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး  သံသယနဲ့ဖမ်းဆီး တရားစွဲဆိုခံရသူ  ၄ ဦးရဲ့ အမှုကို စစ်တပ်က  ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြန်လွတ်လာတဲ့သူတွေက ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်သိန်းထွန်းနဲ့ ကိုအောင်မိုးထွန်းတို့ဖြစ်ကြပြီး သူတို့အမှု တစ်နှစ်ခွဲလောက်ကြာမှာ ပြန်လွတ်လာတာလို့ အခမဲ့လိုက်ပါအကျိုးဆောင်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ  ရှေ့နေတစ်ယောက်က ပြောပါတယ်။ 

“မနေ့က အမ်းမြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲထားတဲ့ ၄ ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ရဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးလိုက်တာပေါ့။ သူတို့ ၄ ယောက်ထဲက ၃ ယောက်ကတော့ စွဲချက်မတင်မီ တရားရှင်လွှတ်ပေးလိုက်တယ်။ ကျန် ၁ ယောက်ကတော့ စွဲချက်တင်ပြီးမှ တရားသေပြန်လွှတ်ပေးလိုက်တယ်”။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား  ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလမှာ  အေအေနဲ့ ဆက်နွှယ်သံသယနဲ့ စစ်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သူပေါင်း  ၂၀၀ ကျော်ထိရှိကာ တချို့ကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

4 months Ago

လွတ်မြောက်လာသည့် အေအေစစ်ဦးစီးချုပ်၏ ညီနှင့် ညီမ အပါအဝင် ၁ဝ ဦးကို စစ်တွေလေဆိပ်တွင် ကြိုဆို

ပြန်လည်လွတ်မြောက်လာတဲ့ ရက္ခိုင့်တပ်တော် (အေအေ)၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့  ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ အပါအဝင် ၁၀ ယောက်ဟာ ဇွန်လ ၉ ရက်၊ ဒီနေ့ညနေ  ၅ နာရီကျော်က  ရန်ကုန်မှ စစ်တွေသို့ လေကြောင်းခရီးနဲ့ ပြန်ရောက်လာရာ စစ်တွေလေဆိပ်မှာ ဒေသခံတွေ အများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ၊ ရခိုင်အသင်း (စင်ကာပူ)ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနဲ့ ကိုရွှေလှိုင်သန်းတို့ ၁၀ ဦးဟာ အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ၂ဝ၁၉ ခုနှစ်က စင်ကာပူက အပြန် ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရပြီး  ၂ နှစ်လောက်အကြာ  ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက  ဒီနေ့ ဇွန်လ ၉ ရက်မှာ အမှုကနေ တရားသေလွှတ်ပေးလို့ ပြန်လွတ်မြောက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို  နေ့ချင်းပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။

Photo - Kaung Mrat Naing / MPA

4 months Ago

စစ်အာဏာသိမ်းကာလ စုံစမ်းမရဘဲ အစအနပျောက်ဆုံးနေသူ ၇၅ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း နွေဦးတော်လှန်ရေးမှာ စုံစမ်း ရှာဖွေမရဘဲ အစအနပျောက်ဆုံးနေသူအရေအတွက်ဟာ ၇၅ ယောက်ထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

သူတို့ထဲက လုံးဝ ပျောက်ဆုံးနေသူ ၁၉ ယောက်ရှိနေပြီး ယင်းမာပင်၊ ကနီမြို့နယ်တွေမှာ အာဏာသိမ်းစစ်အုပ်စုက ရွာထဲကို အကြမ်းဖက် ဝင်ရောက် စီးနင်းပစ်ခတ်တာကြောင့် ထွက်ပြေးရင်း ပျောက်ဆုံးသွားသူ ၁၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မမိုးဆန်းစုကြည် အပါအဝင် ၄ ယောက်ကတော့ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတာ သေချာပြီးနောက် အစအန ပျောက်ဆုံးနေသူ  ၄ ယောက်ရှိနေပြီး အဲဒီထဲက ၃ ယောက်က CDM ထောက်ပံ့မှု၊ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး မြောင်းမြထောင်ကို ပို့မယ်လို့ သတင်းကြားရပေမယ့် ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘဲ အစအန ပျောက်ဆုံးနေကာ ၁ ယောက်ကတော့ ယင်းမာပင်မြို့မှာ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

၂၄ ယောက်ကတော့ နေအိမ်တွေကနေ အကြောင်းကိစ္စ တခုခုနဲ့ အပြင်ကို ထွက် သွားပြီး ရက်ပေါင်းများစွာအထိ အိမ်ပြန်မရောက်သူတွေဖြစ်ကာ သူတို့ထဲမှာ ဆန္ဒထုတ် ဖော်ရာမှာ ပါဝင်ဖို့ နေအိမ်က ထွက်သွားသူတွေ၊ ဘဏ်တွေမှာ ငွေသွားထုတ်သူတွေ၊ ဈေးဝယ်ထွက်သူတွေ၊ အစားအစာ ထွက်စားသူတွေလည်း ပါဝင်နေတယ်လို့ အေအေပီပီက ဆိုပါတယ်။

နောက်ထပ် ၂၈ ယောက်ကတော့ အဖမ်းရတာ သေချာပေမယ့် ဘယ်နေရာမှာ ချုပ် နှောင်ထားတယ်ဆိုတာ မိသားစုက မသိရှိရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁ ယောက်ကတော့ စစ်အုပ်စုက ပစ်ခတ်လို့ သေနတ်မှန်ခဲ့ပြီး သူ့ကို ဒရွတ်တိုက် ဆွဲခေါ်ခံခဲ့ ရကာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအရေအတွက်ဟာ အေအေပီပီက အချက်အလက်ကောက်ယူ စုဆောင်းထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် အစဖျောက်ခံရသူတွေဟာ အခုထက်ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

       ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို သိမ်းယူပြီးချိန်ကစတင်ကာ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ပစ်တာ တွေအပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို အစဉ်တစိုက် ကျူးလွန်နေပြီး တရားမဲ့ ဖမ်းဆီးတာ၊ အလောင်းဖျောက်ဖျက်ပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ပြည်သူတွေဟာ နေအိမ်ဆီ ပြန်မရောက်နိုင်ကြသလို စုံစမ်းရှာဖွေမရဘဲ ပျောက်ဆုံးနေတာတွေ ရှိနေပါတယ်။

အစအနပျောက်ဆုံးသူတွေထဲ တချို့က အသက်သေဆုံးသွားခဲ့သူတွေ ရှိနိုင်သလို တချို့ကတော့ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာလည်း ရှိနေနိုင်ပြီး ဒါဟာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မဖော်ပြတာ၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်မပြုတာ၊ သက်ဆိုင်ရာ မိသား စုဆီ အကြောင်းကြားမှု မရှိတာတွေက အဓိကအချက်တွေဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

5 months Ago

အကြမ်းဖက်စစ်တပ်က ကလေးသူငယ် ၅၃ ဦးကို ပစ်သတ်၊ ၇၃ ဦးကို ဖမ်းဆီးထားဟု အေအေပီပီ ထုတ်ပြန်

မတရားအာဏာသိမ်းကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၀၇ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ် ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၉ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၂၇၀ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၁၇၄ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၇၄၂ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

မနေ့က မေ ၁၉ ရက် မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ် တက္ကသိုလ်ကျောင်းသားများ စုပေါင်းသပိတ်စစ်ကြောင်းလူစုနေချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေက ဆိုင်ကယ်တွေနဲ့ လာရောက်ဖြိုခွင်းခဲ့လို့ ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ပြည်သူတွေကို လွယ်လင့်တကူ ပစ်ခတ်သတ်ဖြတ်တာတွေလည်း တနေ့ တခြား ပိုမိုဆိုးရွားလာနေခဲ့ပြီး မေ ၁၈ ရက်ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ အမျိုးသား ၁ ယောက်ကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာဖြင့် ခေါ်ဆောင်သွားခဲ့ကာ နောက်တနေ့ မနက်ပိုင်းမှာ မိသားစုကို သူ့ရဲ့ ရုပ်အလောင်းကို လာယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဆို ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း ကလေးသူငယ် တွေကိုလည်း ဆိုးရွားစွာ ဖိနှိပ်လာခဲ့ကြောင်း၊ မှတ်တမ်းပြုထားချက်တွေအရ မေ ၁၉ ရက် အထိ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ယောက်နဲ့ ကျဆုံးသွား ခဲ့သူ ၅၃ ယောက်ထိ ရှိခဲ့ပြီဖြစ်တယ်လို့လည်း အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

ဒါဟာ ကလေးသူငယ်တွေအတွက် စိုးရိမ်ဖွယ်ရာအခြေအနေကို ဖော်ဆောင်နေပြီး အာဏာသိမ်းပြီးကတည်းက ကလေးသူငယ်တွေအနေနဲ့ ဘယ်လိုကာကွယ်စောင့်ရှောက် မှုကိုမှ မရရှိတော့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကာလအတွင်း လိင်စိတ်ခံယူမှု ကွဲပြားသူတွေ(LGBT) ဟာလည်း ဘယ်လိုကာကွယ်စောင့်ရှောက်မှုတွေကိုမှ မရရှိဘဲ ဖိနှိပ်မှုတွေကိုသာ ရင် ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

မေ ၁၈ ရက်ညနေအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က တက်ကြွ လှုပ်ရှားသူ LGBT တယောက်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ချိန်ကာ ဖမ်းဆီး သွားခဲ့တယ်လို့ သိရှိရကြောင်းနဲ့ အကြမ်း ဖက်စစ်အုပ်စုဟာ ရိုးရိုးသာမန်အရပ်သားတွေ ကိုတောင် စစ်ကြောရေးကာလအတွင်း လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူတွေကို ကျူးလွန်ခဲ့ကြပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ LGBT တွေအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖော်ဆောင်နေပြီး တန်းတူအခွင့်အရေးတွေ ဆုံးရှုံးမှာလည်း အသေအချာဖြစ်တယ်လို့ အေအေပီပီက ဆိုပါ တယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

5 months Ago

စစ်အုပ်စု၏အကြမ်းဖက်မှုကြောင့် ကျဆုံး ပြည်သူ ၇၁၅ ဦး၊ ဖမ်းဝရမ်းထုတ်ခံရသူ ၇၅၆ ဦးရှိဟု အေအေပီပီထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၁၅ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၄ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၇၀ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၆၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၇၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အတာသင်္ကြန် ဒုတိယမြောက်နေ့ဖြစ်တဲ့ ဧပြီ ၁၄ ရက်မှာလည်း မြန်မာပြည်အနှံ့အ ပြားက ပြည်သူတွေဟာ “သွေးမတိတ်သပိတ်”အပါအဝင် သပိတ်အမျိုးမျိုးနဲ့ စစ်အာဏာ ရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့ကိုတော့ မွန်းလွဲပိုင်းကတည်းက အင်အားအ လုံးအရင်းသုံး၍ ဖြိုခွင်းနေတယ်လို့ ကနဦး သိရှိရကြောင်းနဲ့ ပြီးခဲ့တဲ့နေ့တွေက မြစ်ငယ် မှာ ပစ်ခတ်မှုတွေကြောင့် ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ပြည်သူ အများအပြား ဖမ်းဆီးခံထားရတယ်လို့ အေအေပီပီက ဆိုပါတယ်။

     ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်းလမ်းမှတ်တိုင်အနီးမှာတော့ ဧပြီ ၁၃ ရက်နေ့က ကားစောင့်နေတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ် ခဲ့တာကြောင့် ကျည်ဆန် ရင်ဘတ်ထိမှန်ကျဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာလည်း အရေးပေါ်လူနာအတွက် အောက်ဆီဂျင်ဘူး ပို့ပြီးပြန်လာတဲ့ အမျိုးသား ၁ ယောက်ဟာ ပစ်ခတ်ခံခဲ့ရတဲ့အတွက် ဝမ်း ဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြား ဖို့လည်း အသိပေးထားပါတယ်။

6 months Ago

ပဲခူးအကြမ်းဖက်သတ်ဖြတ်မှု လူမျိုးတုံးသတ်ဖြတ်မှုဟု အေအေပီပီထုတ်ပြန်၊ နိုင်ငံတဝန်း ကျဆုံး ပြည်သူ ၇၀၀ ကျော်ရှိလာ

စစ်တပ်နဲ့ ရဲတွေ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပဲခူးမြို့က ကျဆုံးရသူ ၈၂ ဦးအပါအ ဝင် မတရားစစ်အာဏာသိမ်းမှုကာလ ၂ လကျော်အကြာ ကျဆုံးပြည်သူပေါင်း ၇၀၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၀ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၁၂ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၆၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၆၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့ကို အကြမ်းဖက်စစ်အုပ်စု က မနက်အစောပိုင်းအချိန်က စတင်ကာ ညအချိန်ထိတိုင် စစ်တလင်းသဖွယ်၊ လူသတ် ကွင်းတွေသဖွယ် အပြင်းအထန် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၈၂ ယောက် ကျ ဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် အဲဒီထက်ပိုပြီး ကျဆုံးသူတွေ ရှိနိုင်တယ်လို့ အေ အေပီပီက ဆိုပါတယ်။

ပြည်သူတချို့ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိထားတဲ့အတွက် ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ခွင့်မပြုတဲ့အတွက် သွေးထွက်လွန်ကာ ကျဆုံးသွား ခဲ့သူတွေ လည်းရှိတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မြို့ပေါ်ရပ်ကွက်နေပြည်သူတချို့ဟာ အနီးနား ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

     ဧပြီ ၁၀ ရက်မှာလည်း  အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေ ရဲနဲ့ စစ်သားတွေဟာ  ရပ်ကွက်တွေ၊ အိမ်တွေထဲထိ ရှာဖွေတာ၊ ပစ်ခတ်တာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

တရက်အတွင်း ဒေသတခုတည်းမှာ လူပေါင်း ၈၂ ယောက်ထက်မနည်းကို အင် အားသုံး အကြမ်းဖက် သတ်ဖြတ်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီး လူသားမျိုး နွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

ဧပြီ ၉ ရက်နေ့ညက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေး(Arria Formula Meeting)မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က တက်ရောက်ဆွေးနွေးမှုမပြုမီ အပြင်းအထန် ပစ်ခတ်သတ်ဖြတ်မှုပြုတာ၊ ပြည်သူတွေ စိတ်ပါဝင်စားမှု၊ စိတ်အားတက်ကြွမှုတွေ လျော့နည်းစေရန်နဲ့ အကြောက်တရားတွေ စိမ့် ဝင်လာစေဖို့ ခုလိုလုပ်တာဖြစ်ကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

ဧပြီ ၁၀ ရက်မှာတော့ “လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ဆိုတဲ့ “Red Movement Campaign” အပါအဝင် ဆန္ဒထုတ်ဖော်ပွဲတွေကို ပြည်သူတွေက ဆက်လက် ပြုလုပ်ခဲ့ကြ ပြီး  မန္တလေးမြို့မှာတော့ ရက်မပျက်ချီတက်နေကြတဲ့ မြတောင် သပိတ်စစ်ကြောင်းကို အ ရပ်ဝတ်နဲ့ အကြမ်းဖက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ကြပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကသန်းကျေးရွာမှာတော့ ကရင်လူငယ် တယောက်ကို  ပစ်သတ်သွားခဲ့တယ်လို့ သိရှိရပေမယ့် သီးခြားအတည်ပြုချက် မရရှိသေးဘူးလို့ အေအေပီပီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဧပြီ ၁၀ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေဟာ စစ်ကိုင်းကိုင်းဒေသကြီး၊ တမူးမြို့က ရပ်ကွက်တချို့ကို စတင်ပစ်ခတ်ခဲ့ပြီး ပြည်သူတွေ အတားအဆီး ပြုလုပ်ထားတဲ့ သပိတ်ခံတပ်တွေကို ဝင်ရောက် ပစ်ခတ်ဖြိုခွင်းခဲ့ကြပြီး ဆိုင်ကယ်တစီးကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၉ ရက်နေ့ ညအချိန်မှာလည်း စစ်အုပ်စု အာဘော်တွေကိုသာ ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ မြောက်ဥက္ကလာပမြို့နယ်က ပြည်သူ ၁၉ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး ၆ ယောက်ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ ကြေညာထားခဲ့ပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

6 months Ago

စစ်တပ်အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၅၈၁ ဦး၊ ဖမ်းဆီးခံ ၂၇၅၀ ဦးရှိဟု အေအေပီပီထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၂ လအကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၈၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၆ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းကတော့ ၃၄၇၈ ယောက်ထိ ရှိခဲ့ပြီး ၂၇၅၀ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၄၆၃ ယောက် ရှိနေ တယ်လို့ ဆိုပါတယ်။

ဧပြီ ၆ ရက်နေ့မှာတော့ အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ရဲနဲ့ စစ်သားတွေဟာ  မန္တလေး ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို လူစုနေချိန်မှာ ဖြိုခွင်းခဲ့တဲ့အတွက် ၁ ယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆရာဝန် ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ အေ အေပီပီက ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ထိုင်သပိတ်မှာတော့ ဆန္ဒပြ နေကြတဲ့ လူထုအတွင်း မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးအလုံး ၂၀ ကျော် ပစ်သွင်းပြီး ဖြိုခွင်းခဲ့ တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာလည်း  ဆန္ဒထုတ်ဖော်နေကြသူ တွေကို သေနတ်နဲ့ ပစ်ခတ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာတော့ ညအချိန်ထိတိုင် ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ အတွက် ပြည်သူ ၂ ယောက် ထပ်မံကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမယ့်သူကို ရှာဖွေတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဓားစာခံအနေနဲ့  ပြန် ပေးဆွဲသလို ဖမ်းဆီးတာမျိုးတွေကိုလည်း အကြမ်းဖက် စစ်အုပ်စုက ပြုလုပ်လာကြတယ် လို့ အေအေပီပီက ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ္ပန် ရပ်ကွက်ထဲမှာတော့  အစ်ကိုဖြစ်သူကို မဖမ်းဆီးနိုင်တဲ့အတွက် ညီဖြစ်သူကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီသပိတ်စစ်ကြောင်းမှာ ဦး ဆောင်သူအနေဖြင့် ပါဝင်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ရဲ့ သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံကို မဖမ်းဆီးနိုင်တဲ့ အ တွက် အသက် ၂ နှစ် နဲ့ ၁၃ နှစ်အရွယ် ကလေး ၂ ယောက်အပါအဝင် မိသားစုဝင် ၆ ယောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပါတီ၊ သတင်းဌာန၊ ပရဟိတ ရုံးခန်းတွေနဲ့ ဆေးရုံတွေ ပါမကျန် ဝင်ရောက်စီးနင်း ဖျက်ဆီးတာတွေ ပြုခဲ့ကြပြီး ခုတခါ ဘာသာရေးအဆောက် အဦးတွေ၊ ဆေးပေးခန်းတွေကိုပါ ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေလည်း ပြုလုပ်လာခဲ့ ကြတယ်လို့ အေအေပီပီက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်တုန်းက ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်၊ ညောင်တုန်းလမ်းကို စစ်သားအလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေခဲ့ပြီး ပရဟိတ ဆေးခန်းက ဆရာဝန်တွေအပါအဝင် လူ ၉ ယောက်ကို ဖမ်းဆီးသွားခဲ့ကြပြီး အရေးပေါ် ဆိုင်ရာ ဆေးပစ္စည်းကိရိယာတွေ၊ လမ်းလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ဆက်စပ်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကိုပါ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Credit- AAPP

6 months Ago

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် CDM ရဲတဦးအပါအဝင် ကျဆုံးပြည်သူ ၅၅၀ ရှိလာဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်း ဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၅၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၂ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီက ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၇၅၁ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ် အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၆ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

ဧပြီ ၂ ရက်နေ့မှာလည်း မြန်မာနိုင်ငံတဝှမ်း ပြည်သူတွေဟာ အင်တိုက်အားတိုက် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့မှာတော့ အိမ်ပြန်လာခွင့်မရှိတော့တဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Flower Strike တွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် မနက်အစောပိုင်း ၂ နာရီအချိန်လောက်က အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ စစ်သားနဲ့ ရဲတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ ပြည်သူ့သပိတ်ခံတပ်တွေကို စီးနင်းခဲ့ရာမှာ ပြည်သူတွေဘက်က ပါဝင်ကာကွယ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ပါဝင်တဲ့ ရဲ ၁ ယောက် ကျဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို စစ်တပ် နဲ့ ရဲတွေက လုယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း အခြေအနေတွေ တင်းမာနေခဲ့ပြီး မ နက်အစောပိုင်း ၃ နာရီလောက်က စတင်ကာ သစ်ရွာပင်ကျေးရွာက စစ်အာဏာရှင် ဆန့် ကျင်ရေးသပိတ်ခံတပ်တွေကို စစ်တပ်က အင်အား ၄၀၀ ကျော်နဲ့ ပစ်ခတ်စီးနင်းဖို့ ကြိုး စားခဲ့ကြချိန်မှာ ရွာသားတွေက ပြန်လည်ခုခံကြတဲ့အတွက် ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရွာသား ၃ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပြီး ဆေးကုသနိုင်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။ ယင်းမာပင်မြို့နယ်၊ သပြေ အေးကျေးရွာမှာတော့ ကျေးရွာဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးကို လာရောက်ဖမ်း ဆီးရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ ယောက်က တော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာသား ၆ ယောက်ကို ဖမ်းဆီးပြီး ဓားစာခံလုပ်ထားခဲ့ပြီး ဆရာတော်ကို ထုတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

7 months Ago

မီးရှို့သတ်ဖြတ်ခံရသူ ၁ ဦးအပါအဝင် ကျဆုံးပြည်သူ ၅၂၁ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် အကြမ်းဖက်ဖြိုခွင်းမှုမှာ မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၁ ယောက်အပါအဝင် မြန်မာ့နွေဦး တော်လှန်ရေး ၅၈ ရက်တာ ကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၂၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၀ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီက ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၆၀၈ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၀ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဉ် နည်းအမျိုးမျိုးနဲ့ သူတို့ကို ပြန်လည်ဆန့်ကျင် တွန်းလှန်နေကြတဲ့ မြို့တွေကို ပစ်မှတ်ထားပြီး အပြင်းထန်ဆုံး ချေမှုန်းနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက တောင်ဒဂုံမြို့နယ်လည်း အပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ချေ မှုန်းခံရလို့ ကျဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိနေတဲ့ တောင်ဒဂုံမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ရဲနဲ့ စစ်သားတွေ ရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာတွေ မလုပ်နိုင်အောင် ခံတပ်တွေ ကိုယ်တိုင်တည်ဆောက်ပြီး တားဆီးကာကွယ်ခဲ့ကြပါတယ်။

မတ် ၂၉ ရက်ညနေမှာတော့ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံး၊ လောင်ချာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ခံတပ်ပြိုသွားပြီးချိန်က စတင်ကာ တောင်ဒဂုံမြို့နယ်ဟာ လက်ရှိအချိန်ထိတိုင်အောင် အင်အားအလုံးအရင်းနဲ့ စီးနင်းခြင်းခံထားရပြီး အပြင်းအထန် ပစ်ခတ်ဖြိုခွင်းတာတွေ ခံခဲ့ရကာ အိမ်တွေ၊ ပြည်သူပိုင်ကားတွေပါ ဖျက်ဆီးခံခဲ့ရတယ်လို့ အေအေပီပီက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ်ဖြိုခွင်းမှုမှာ ကျဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရသူတွေကို လက် နက်ကိုင်တွေက ကောက်ယူသယ်ဆောင်သွားတဲ့အတွက် ကျဆုံးနဲ့ ထိခိုက်မှုအရေအတွက် အတိအကျကောက်ယူဖို့ ခက်ခဲနေပြီး ကျဆုံးသူတွေထဲ အရပ်သား ၁ ယောက်ကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပြီး မန္တလေးမြို့မှာ ညကင်းစောင့်နေသူ အမျိုး သား ၁ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက်တနေ့မှာ အလားတူ ထပ်မံကျူးလွန်ကြတာလို့ ဖော်ပြပါတယ်။

မတ် ၃၀ ရက်ကလည်း တောင်ဒဂုံမြို့နယ်မှာ အရပ်သား ၂ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ကနဦးသိရှိရပြီး ရုပ်အလောင်းတွေကိုတော့ အကြမ်းဖက် ရဲနဲ့ စစ်သားတွေက  သယ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း ပဲခူးမြို့၊ ပြည်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ တနင်္သာရီတိုင်း ကော့သောင်းမြို့၊ ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာ လည်း အကြောင်းမဲ့ ပစ်သတ်မှု၊ စီးနင်းဝင်ရောက်ပစ်သတ်မှု၊ ဖြိုခွင်းမှုတွင်း ပစ်သတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူ တချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

7 months Ago

တိုက်လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရ၍ ကျဆုံး ၃ ဦးအပါအဝင် ကျဆုံးသူပေါင်း ၄၅၉ ဦးရှိလာ ဟု အေအေပီပီထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(ကေအင်ယူ) တပ်မဟာ ၅ ရဲ့ ဌာနချုပ်ကို လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ်ခတ်ခံရလို့ ကျဆုံးခဲ့ရသူ ၃ ယောက်အပါအဝင် စစ်အာဏာရှင်ဆန့် ကျင် မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးသူပေါင်း ၄၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၈ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၅၅၉ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး  အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၁၉ ယောက်နဲ့ ခု ရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။         

မတ် ၂၈ ရက်နေ့မှာတော့ စစ်အင်အားအလုံးအရင်းနဲ့ ရန်ကုန်တိုင်း ကျောက် မြောင်း၊ သာကေတ၊ လှိုင် နဲ့ တောင်ဒဂုံမြို့နယ်တွေ၊ စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံမြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့  ဖားကန့်မြို့တွေမှာ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသမီး ၄ ယောက် အပါအဝင် ၉ ယောက် ကျဆုံးခဲ့တယ်လို့ ကနဦးသိရှိရပြီး ဒဏ်ရာရရှိသူ အများအပြားနဲ့ ဖမ်းဆီးခံရသူ တွေလည်းရှိခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ မြို့ပြတွေမှာ စစ်ဆင်ရေးတွေလိုမျိုး လက်ပစ် ဗုံးတွေကို စတင်အသုံးပြုလာတာကို တွေ့ရှိရပြီး စစ်မြေပြင်လည်းမဟုတ်ဘဲ ကျည်အစစ် တွေသာမက စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စစ်ဆင်ရေး တရပ်ပမာ ပြည်သူတွေကို နိုင်လိုမင်းထက် ရန်သူတွေသဖွယ် ရက်ရက်စက်စက် နှိမ်နှင်းနေတာဟာ သူတို့ရဲ့ ယုတ် မာရက်စက်မှုတွေကို ထပ်လောင်း ဖော်ပြတာဖြစ်ကြောင်းလည်း အေအေပီပီရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက်ကြောင့် တိုင်းရင်းသား အများအပြား စစ်ဘေးရှောင်နေကြရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်အမျိုးသား အစည်း အရုံး(ကေအင်ယူ) တပ်မဟာ ၅ ရဲ့ ဌာနချုပ်ကို တိုက်လေယာဉ် ၂ စင်းနဲ့ ဝင်ရောက်ပစ် ခတ်ခဲ့တဲ့အတွက် အဆိုပါနယ်မြေအတွင်း နေထိုင်ကြတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ၃ ယောက် သေဆုံးကာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုပါ တယ်။

ဒါ့အပြင် အာဏာသိမ်းမှု ၅၆ ရက်တိုင်ရှိလာပြီဖြစ်ပေမယ့် ပြည်သူလူထုဟာ စစ် အုပ်စုရဲ့  နည်းမျိုးစုံနဲ့ ရက်စက်စွာ ဖိနှိပ်မှု၊ ဖြိုခွင်းမှုတွေကို ဆက်လက် ဆန့်ကျင်တော် လှန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ်ရက်ဆက်ဆိုသလို ကျဆုံး၊ ဒဏ်ရာရရှိမှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ တိုးနေပြီး ဖျက်ဆီးမှု၊ မီးရှို့မှု၊ လုယက်မှု၊ ဖောက်ထွင်းမှု နဲ့ အဖျက်အမှောင့် လုပ်ရပ်တွေဟာလည်း မြန်မာပြည်အနှံ့ ဆိုးရွားစွာ ဖြစ်ပေါ်နေတယ် လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

7 months Ago

နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၂၃၅ ဦးနှင့် ဖမ်းဆီးတရားစွဲခံရသူ ၂၃၃၀ ဦးရှိဟု အေအေပီပီထုတ်ပြန်

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၉ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၂၃၅ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၃၃၀ ဦးထိရှိပြီလည်းဖြစ်ပါတယ်။ 

အဲ့ဒီထဲကမှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၅ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရတဲ့အတွက် တိမ်းရှောင်နေသူ ၈၇ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၃၅၀ ဦးရှိပြီလို့သိရပါတယ်။

7 months Ago

အောင်ပန်းက ၈ ဦးအပါအဝင် ကျဆုံးသူစုစုပေါင်း ၂၃၅ ဦးထက်မနည်းရှိဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့က ကျဆုံးသူ ၈ ယောက်အပါအဝင် စုစုပေါင်း ၂၃၅ ယောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၉ ရက်အထိ အေအေပီပီက မှတ်တမ်း ပြုစုကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများ နေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်းကတော့ ၂၃၃၀  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၈၇ ယောက်၊ ပြန်လည် လွတ်မြောက် လာသူ ၃၅၀ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၉၈၀ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မတ် ၁၉ ရက်နေ့ တရက်တည်းမှာတင် ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ရှမ်းပြည် နယ် အောင်ပန်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ကို အပြင်းအထန်ဖြိုခွင်းခံခဲ့ရပြီး သာကေတမြို့နယ်က အမျိုးသား ၃ ယောက်ဟာ ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာလည်း အမျိုးသား ၁ ယောက် ကျဆုံးသွားခဲ့ပြီး သားဖွားဆရာမ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောင်ပန်းမြို့မှာတော့ အရပ်သားပြည်သူ ၈ ယောက် ကျဆုံးသွားခဲ့တယ်လို့ ကန ဦးသိရှိရပြီး အပြင်းအထန် ဒဏ်ရာရရှိသူတွေနဲ့ ကျဆုံးသူအရေအတွက်မှာ တိုးလာနိုင် တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လူသားခြင်းစာနာမှုကင်းမဲ့တဲ့ ရာဇဝတ်မှုတွေကို အလွန်ဆိုးရွားစွာ ကျူးလွန်နေကြ တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်သူတွေဟာ နေ့ စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရတာမို့ သူတို့ရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်တဲ့ နည်းတွေနဲ့ ကြားဝင်ဆောင်ရွက် ပေးကြဖို့လည်း အေအေပီပီက တိုက်တွန်းထားပါတယ်။   

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

7 months Ago

မတရားအကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၂၁၇ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၁၇ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၇ ရက်အထိ မှတ်တမ်းပြုစုထားတာ ဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၁၉၁  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၈၇၂ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

7 months Ago

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်း ကျဆုံးသူ ၂၀၂ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၀၂ ယောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၆ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၁၈၁  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည် လွတ်မြောက် လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၈၆၂ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မတ် ၁၆ ရက်အဖမ်းအဆီးစာရင်းမှာ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၆ ယောက်ရဲ့ အမည်စာရင်းကိုရရှိခဲ့လို့ မှတ်တမ်းပြုထားပြီး အေအေပီပီ အနေနဲ့ ဆက်လက် စုံစမ်းနေပြီး ရရှိလာတဲ့ အချက်အလက်တွေကို ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါ တယ်။

ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူအများစုဟာ ဖမ်းဆီးခံရပြီးကတည်းက သူတို့ရဲ့ မိသားစု၊ သူတို့ကို ကိုယ်စားပြုမယ့် ဥပဒေအကျိုးဆောင်တွေနဲ့လည်း တွေ့ရှိခွင့်မရကြောင်း၊ ဒါ့အပြင် သူတို့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကိုလည်း မသိရှိရကြောင်းနဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အတွင်း ပျောက်ဆုံးသွားသူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုသတင်းအစမှ မရရှိတာမျိုးတွေ ကလည်း စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ လက်နက်မဲ့ ကျောင်းသား လူငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျည်အစစ်တွေသုံးပြီး ရက်စက်စွာ ပစ်သတ်မှုတွေပြုလုပ်နေကြပြီး သူတို့ရဲ့ လုပ်ရပ်တွေဟာ တနေ့တခြား ဆိုးရွား ပြင်းထန်လာခဲ့ကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း - ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

7 months Ago

အေအေကို အကြမ်းဖက်အုပ်စုအဖြစ်မှရုပ်သိမ်းကြောင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကြေညာ

ရက္ခိုင့်တပ်တော်(အေအေ) လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရတဲ့  အာဏာသိမ်းစစ်အုပ်စုက မတ်လ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောတူညီချက်နဲ့  ခုလိုလုပ်ဆောင်တာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အေအေအဖွဲ့ဟာ အခုအခါမှာ အကြမ်းဖက်လုပ်ငန်းတွေ ပြုလုပ်ခြင်းမပြုတော့သလို စစ်ကောင်စီကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့နဲ့အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးတည်ဆောက်ဖို့ မတ်လ ၁၁ ရက်မှ စပြီး အကြမ်းဖက်အုပ်စု အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အမိန့်စာမှာဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် ( ULA/ AA) ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။ 

 ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH)က အကြမ်းဖက်အုပ်စုအဖြစ်  မတ်လ ၁ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။

7 months Ago

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံ ၁၄၀၀ ကျော်ရှိဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသွားရသူဦးရေဟာ အနည်းဆုံးအယောက် ၅၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၇ ရက်နေ့အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်းပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို အေအေပီပီအနေနဲ့ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြထားတာပါ။

မှတ်တမ်းပြုချက်တွေအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၁၇၉၀ ယောက်ထိ ရှိခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အယောက် ၇၀ နဲ့ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ယောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်အထိ ၁၄၇၂ ယောက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ မှတ်ခံထားရကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေပြီး ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက အရေးယူဆောင်ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်သွားမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်တွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဖော်ပြပါလိပ်စာတွေကို  ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/Twitter : https://twitter.com/aapp_burma

7 months Ago

အေအေဖမ်းထားသည့် အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်သား ၃ ဦး ပြန်လွတ်လာ

ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ၃ ယောက်နဲ့ တပ်မတော်သား ၃ ယောက်ကို အေအေအဖွဲ့က ပြန်လွှဲပေးလိုက်ပြီး စစ်တွေမြို့ကို ပို့ဆောင်လိုက်ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အေအေအဖွဲ့က ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ရယ်။ တိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ တပ်မတော်သား ၃ ဦးရယ်ကို အေအေအဖွဲ့တာဝန်ရှိသူတွေက  ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မတော်စစ်ကြောင်းတွေကို ယနေ့မွန်းလွဲပိုင်းမှာ လာရောက်လွှဲပြောင်း ပေးခဲ့တယ်။ ခုအချိန်ကို စစ်တွေကို ဆက်လက်ပို့ဆောင်ဆဲဖြစ်တယ်။ စစ်တွေရောက်ရင် သက်ဆိုင်ရာကို တပ်မတော်အနေနဲ့ သက်ဆိုင်ရာကို ဆက်လက်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ် ”လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ဟာ  တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အောက်တိုဘာလက  ဖမ်းဆီးခံရတာပါ။ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ပြန်လည်လွတ်မြောက်လာတာဟာ တပ်မတော် အနေနဲ့ အေအေအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပိုမိုတိုးတက်လာစေဖို့ ဒီဖြစ်စဉ်တွေက အထောက်အကူဖြစ်စေမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ တပ်မတော်သား  ၃ ဦးကို  ဒီကနေ့ ပြန်လွှတ်ပေးဖို့ ရှိနေတယ်လို့  ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ဒီဗွီဘီကို အစောပိုင်းက ပြောကြားထားပါတယ်။  
10 months Ago

တိုက်ပွဲအတွင်းဖမ်းဆီးရမိထားသည့် မြန်မာ့တပ်မတော်သား ၃ ဦးကို အေအေပြန်လွှတ်ပေး 

တိုက်ပွဲကာလအတွင်း အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာ့တပ်မတော် စစ်သည် ၃ ဦးကို ဒီကနေ့ ဇန်နဝါရီလ  ၁ ရက်နေ့မနက်က ပလက်ဝရှိ  မြန်မာစစ်တပ်လက်ခံရေးအဖွဲ့ထံ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။  မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃  တပ်ရင်းက အရာခံဗိုလ် ဦးမြင့်အောင်၊ တပ်သား နန်းဝင်းမောင်နဲ့ တပ်သား ဝေလင်းအောင်တို့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး သူတို့ ၃ ဦးဟာ ၂၀၁၉ ခုနှစ်  နိုဝင်ဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ပုန်းညှက်ဝရွာအနားမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အေအေက ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သည်တွေအထဲက အသက်ကြီးနေသူတွေ ကျန်းမာရေးဆိုးရွားနေသူတွေနဲ့ ဒဏ်ရာရသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ ထပ်ပြီး လွှတ်ပေးသွားမယ်လို့လည်း  ရက္ခိုင့်တပ်တော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။  “နောက်ထပ်လွှတ်ပေးဖို့ စီစဉ်ထားတာကတော့  မြန်မာစစ်တပ်ဘက်က ကျနော်တို့ တိုက်ပွဲကာလတွေမှာ ဖမ်းဆီးရမိထားတဲ့သူတွေအထဲက  အသက်ကြီးပြီးတော့မှ နာမကျန်းဖြစ်နေသူတွေ၊ နောက် နဂိုကျန်းမာရေးအခံချို့ယွင်းပြီးတော့မှ  အခုလက်ရှိမှာလည်း ကျန်းမာရေးအခြေအနေ ပိုပြီးတော့ ဆိုးရွားလာသူတွေ၊  နောက်ပြီးတော့ တိုက်ပွဲကာလတွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့လူတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့   နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်  ဖြစ်ပေါ်တိုးတက်မှု ရလဒ်အပေါ်မူတည်ပြီး  ကျနော်တို့လက်ထဲမှာ ဖမ်းဆီးရမိ ထိန်းသိမ်းထားတဲ့ မြန်မာစစ်သားတချို့ကို ပြန်လွှတ်ပေးမှာဖြစ်ပါတယ်”။ ULA/AA  ရခိုင်လက်နက်ကိုင်အဖွဲ့ဥက္ကဋ္ဌနဲ့ တပ်မတော်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာလ ၃၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ရလဒ်အရ ခုလိုလွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။  
10 months Ago

ဖမ်းဆီးထားသည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်များကို အေအေ ပြန်လွှတ်ပေးမည်

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( အန်အယ်လ်ဒီ) ကိုယ်စားလှယ်လောင်း ၃ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးဖို့ ရှိနေတယ်လို့  ရက္ခိုင့်တပ်တော်(အေအေ) ကပြောပါတယ်။ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက  “တောင်ကုတ်က အန်အယ်လ်ဒီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးယောက်ကို ကျနော်တို့၂၀၂၁ ခု ဇန်နဝါရီ လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ မိချောင်းတက်ရွာမှာ ကျနော်တို့ လွှတ်ပေးဖို့ စီစဉ်ထားတာရှိတယ်ဗျ၊ အဲဒီမှာ ရက္ခိုင့်တပ်တော်ရဲ့ လွှဲပြောင်းရေးအဖွဲ့ကနေပြီးတော့မှ မြန်မာစစ်တပ်ရဲ့ လက်ခံရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်တဲ့ အဖွဲ့ဆီကို ကျနော်တို့ ကောင်းကောင်းမွန်မွန် ပြန်လည် လွှဲပြောင်းအပ်နှံပြီးတော့မှ လွှတ်ပေးမှာဖြစ်တယ်ဗျ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်နဲ့ တပ်မတော်ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်တို့ ဒီဇင်ဘာလ ၃၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ရလဒ်အရ ခုလိုလွှတ်ပေးလိုက်တာလို့လည်း ပြောပါတယ်။   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ဟာ  တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးခံရတာပါ။ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။
10 months Ago

တပ်မတော်နှင့် အေအေတို့ ဆွေးနွေးမှုများ ဆက်လုပ်မည်

တပ်မတော်နဲ့ အေအေတို့အကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အလားအလာကောင်းတွေရှိလာနိုင်တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်နဲ့အေအေတို့အကြား UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှုခိုင်မာရေးနဲ့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အေအေဘက်ကတော့ ပြောဆိုထားပါတယ်။ တပ်မတော်ဘက်ကတော့ အဲဒီဆွေးနွေးပွဲရလဒ်ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့်  ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို အလားအလာကောင်းတွေလည်း ရှိလာနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ "ငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်မှုရပ်စဲရေးအတွက်တော့၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှု ခိုင်မာရေး အတွက်တော့ ဆက်လက်လုပ်ဆောင်သွားဖို့တော့ရှိပါတယ်" ဒါ့အပြင် တပ်မတော်နဲ့ အေအေတို့ စစ်တွေမှာ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်နေပေမယ့် တပ်ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အေအေဘက်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေလည်း မရှိသလောက် ရပ်ဆိုင်းသွားပါတယ်။
10 months Ago

အပစ်ရပ်ရေးအတွက် တပ်မတော်နှင့်အေအေ အသေးစိတ်ဆွေးနွေးဖွယ်ရှိဟု ဂျပန် အထူးကိုယ်စားလှယ်ပြော

တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ ရှိနေပြီး အပစ်အခတ်ရပ်စဲရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးသွားဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။  ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် တပ်မတော်နဲ့ အေအေကြားမှာ ဂျပန်နိုင်ငံအစိုးရက ဝင်ရောက်ညှိနှိုင်းပေးနေသလို တခြားအဖွဲ့အစည်းတွေလည်း ညှိနှိုင်းမှုတွေရှိတယ်လို့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုထားပါတယ်။  တပ်မတော်နဲ့အေအေကြားမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဝင်ရောက်ညှိနှိုင်းပေးနေတဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်နဲ့အဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ယို‌ဟေးဆာဆာကာဝါက “မြန်မာနိုင်ငံရဲ့အရှေ့ဘက်အခြမ်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ကြားထဲမှာ အပစ်အခတ်ရပ်စဲနိုင်ရေးဖို့ ကြိုးစားခဲ့ပြီးဖြစ်သလို အခုချိန်ထိ အပစ်အခတ်ရပ်စဲမှုတွေ မလုပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အပါအဝင် အခြားအဖွဲ့စည်းတွေလည်း ကျန်ရှိနေသေးပါတယ်။ အဲဒီအပေါ်မှာလည်း ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒါက ကျနော့်ရဲ့ တာဝန်တခုဖြစ်ပြီး တပ်မတော်နဲ့ အေအေကြားမှာလည်း အပစ်အခတ်ရပ်စဲဖို့ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။ အခုဆိုရင် သူတို့ကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေမှာ သေချာတာတခု ရှိနေပြီဖြစ်တာကြောင့် အသေးစိတ်တွေဆက်ပြီး ဆွေးနွေးသွားမယ်လို့ ထင်ပါတယ်။” အခုလိုမျိုး ဆွေးနွေးမှုတွေကနေတဆင့် ယုံကြည်မှုတည်ဆောက်ပြီး တစ်ဆင့်ခံဆွေးနွေးမှုတွေ ကြားခံဆွေးနွေးမှုတွေကို အဆက်မပြတ်လုပ်ပြီး အရင်ဆုံး သေနတ်အသံတိတ်အောင် လုပ်ရမယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။ တပ်မတော်ရော အေအေအဖွဲ့ဘက်ကတော့ သူတို့ ၂ ဖွဲ့ကြားမှာ ဝင်ရောက်ညှိနှိုင်းပေးနေတဲ့သူတွေ ရှိတယ်ဆိုတာကိုသာ ပြောဆိုထားပြီး အတိအကျ ထုတ်ဖော်ပြောဆိုထားတာမရှိသလို တဆင့်ခံဆွေးနွေးမှုတွေကိုပဲ လုပ်ဆောင်နေတာလို့ နှစ်ဘက် စလုံးက ပြောဆိုပါတယ်။  အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ နှစ်ဘက် တွေ့ဆုံဆွေးနွေးလို့ရအောင် ကြားခံညှိနှိုင်းပေးနေတဲ့သူတွေဆီကနေ တဆင့် ဆက်လက်ညှိနှိုင်းနေပြီး ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်တဲ့ လုံခြုံရေးဖြစ်အောင် ညှိနှိုင်းနေတာလည်း ရှိတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့ ရက္ခိုင့်တပ်တော်( အေအေ)က ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ထားပါတယ်။  အဲဒီ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။  ရွေးကောက်ပွဲကျင်းပဖို့ နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲဖို့လိုပြီး အဲလိုမလုပ်ရင် ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တဲ့အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာယို‌ဟေးဆာဆာကာဝါက ပြောဆိုပါတယ်။
11 months Ago

တပ်မတော်နှင့်အေအေအဖွဲ့ကြား ကြားဝင်ညှိနှိုင်းနေသူနှင့် အေအန်ပီ တာဝန်ရှိသူများတွေ့ဆုံ (ဓာတ်ပုံ)

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ)အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာယိုဟေးဆာဆာကာဝါနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က တာဝန်ရှိသူတွေ နိုဝင်ဘာလ ၂၈ ရက် နေ့လယ် ၂ နာရီအချိန်မှ စတင်ကာ စစ်တွေမြို့ရှိ စစ်တွေဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။ အထူးကိုယ်စားလှယ်ဟာ ဒီနေ့ မနက် စစ်တွေမြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာခဲ့ပြီး ကျောက်တော်နဲ့ဘူးသီးတောင်မြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ သူဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ကျဖို့အတွက် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ- ဝဏ္ဏခွာညို၊ ကောင်းမြတ်နိုင် (MPA)
11 months Ago
More News
Up