DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်
DVB
·
July 10, 2025
စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် လာတဲ့ စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့  ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းနဲ့ ဝေါလေဗျူဟာကို  ဝိုင်းဝန်းပိတ် ဆို့ထားရာက ဇူလိုင် ၃ ရက်နေ့ကစတင်ပြီး ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးနေပါတယ်။ 

လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဥကရစ်ထ၊ ဝေါလေမြိုင် ကျေးရွာက ဒေသခံ ၃,၀၀၀ ကျော်ဟာ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို  ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိမှာလည်း စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) အတွင်းရေးမှူး ၂ နော်အဲ့တဖွီဖောက “အခုအခြေအနေကတော့  အဓိကလိုအပ်တာက သူတို့အစားအသောက်ပေါ့။ အပြည့်အဝ မကူညီနိုင်တာလည်း ရှိတယ်။  အခုကလည်း မိုးတွေအရမ်းရွာတော့လည်း သူတို့နေထိုင်ရတာလည်း အခက်အခဲရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေက စစ်ကောင်စီက ဝေါလေမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ‌ဒေသခံ ၁ ယောက် သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက လုံလောက်စွာ မပံ့ပိုးပေးနိုင်ပါက စားသောက်ရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက စစ်ဘေးရှောင်အင်အားနဲ့ မညီမျှဘူး။ လုံလောက်စွာ မပံ့ပိုးပေးနိုင်ဘူးဆိုရင်တော့ အစားအစာတွေရော နေရေးထိုင်ရေးကော အခက်အခဲရှိနိုင်တယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းခွဲခန့်သာ ရှိခဲ့ပေမဲ့ ၄ နှစ်ကျော် ကာလ အတွင်း  ၁၀ သိန်းကျော်အထိ  တိုးမြင့်လာခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

 အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013