DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကုမ္ပဏီနှင့် ဒရုန်းထုတ်လုပ်ရေး သဘောတူညီချက် ယူကရိန်း လက်မှတ်ရေးထိုး
DVB
·
July 4, 2025
အမေရိကန်ကုမ္ပဏီနှင့် ဒရုန်းထုတ်လုပ်ရေး သဘောတူညီချက် ယူကရိန်း လက်မှတ်ရေးထိုး
Donate to DVB

ယူကရိန်းနိုင်ငံဟာ အခုနှစ်အတွင်း ဒရုန်းပေါင်း ထောင်သောင်းချီ ထုတ်လုပ်ဖို့ Swift Beat အမေရိကန်ကုမ္ပဏီနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၃ ရက် ဒိန်းမတ်နိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

သမ္မတ ဇလန်းစကီးဟာ အစောပိုင်းမှာ ဒိန်းမတ်မြို့တော် အားဟတ်စ်ကို ရောက်ရှိလာပြီး အဲဒီမှာ EU ကော်မရှင်နာတွေနဲ့ ဒိန်းမတ်အစိုးရတို့ဟာ ဒိန်းမတ်နိုင်ငံက ဥရောပသမဂ္ဂကောင်စီရဲ့ ဥက္ကဋ္ဌ အဖြစ် စတင်ခြင်း အထိမ်းအမှတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။

သမ္မတ ဇလန်းစကီးက ယူကရိန်းနဲ့ အမေရိကန်ကြား ဒရုန်း ပူးပေါင်းထုတ်လုပ်ရေးအတွင်း ကုမ္ပဏီအများအပြား ပါဝင်မယ်လို့လည်း ပြောပါတယ်။

ဒရုန်းအမျိုးအစား အမျိုးမျိုးကို အဓိက အာရုံစိုက်ထားတာဖြစ်ပြီး အဓိကအစိတ်အပိုင်းကတော့ ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းတွေ ဖြစ်ကြောင်းနဲ့ ဒါတွေကိုလည်း ယူကရိန်းမှာ သက်သေပြခဲ့ပြီးပါပြီလို့ ပြောပါတယ်။

အရေးကြီးဆုံးကတော့ ဒီနှစ်နဲ့ နောက်နှစ်တွေဖြစ်ပြီး ဒီနှစ်မှာ ရာနဲ့ထောင်နဲ့ချီပြီး ထုတ်လုပ်ဖို့ စီစဉ်ထားကြောင်းနဲ့ နောက်နှစ်မှာ ထုတ်လုပ်မှုအရေအတွက်ကို ထပ်မြှင့်မယ်လို့လည်း ဆိုပါတယ်။

ရှားဟဒ် ဒရုန်းတွေကို အမြောက်အမြား ပစ်ချနိုင်ဖို့ အလွန်ကို မျှော်လင့်ထားပါတယ်လို့ သမ္မတ ဇလန်းစကီးက ပြောဆိုပါတယ်။

ယူကရိန်းကို အမေရိကန်က လက်နက်တွေ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီးလည်း ယူကရိန်းသမ္မတ ဇလန်းစကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဇူလိုင် ၄ ရက် သို့မဟုတ် လာမယ့်ရက်တွေအတွင်း ဆွေးနွေးပြောဆိုဖို့ မျှော်လင့်ကြောင်း ဇူလိုင် ၃ ရက်မှာ ဒိန်းမတ်ရှိ သတင်းထောက်တွေကို  ပြောကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ ပံ့ပိုးကူညီမှု ဆက်ရှိနေမယ်လို့ မျှော်လင့်ထားပြီးတော့ တချို့ပစ္စည်းတွေကို ဥရောပက မပေးနိုင်သေးတာတွေ ရှိနေလို့ စိတ်မချမ်းမသာ ဖြစ်မိပါတယ်” လို့လည်း ဆိုပါတယ်။

ဥရောပမှာ မရှိနေတာက ပက်ထရီယော့ ဒုံးကျည်စနစ်တွေကို ဆိုလိုတာဖြစ်ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

ကိယက်ဗ်ဟာ သူ့နိုင်ငံနဲ့ရုရှား စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဟာ သမ္မတ ထရမ့်ပ်ရဲ့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အယူအဆကို အစကတည်းက ထောက်ခံခဲ့ကြောင်းနဲ့ ရုရှားမှာ ပူတင်က တကယ့် ဆုံးဖြတ်ချက်ချတဲ့သူပဲ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ခေါင်းဆောင်အဆင့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်လို့လည်း ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013