DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အခွန်ပေါ်လစီကြောင့် ဂျာမန်စီးပွားရေး တရုတ်ကို ဦးတည်လာ
DVB
·
May 25, 2025
အမေရိကန် အခွန်ပေါ်လစီကြောင့် ဂျာမန်စီးပွားရေး တရုတ်ကို ဦးတည်လာ
Donate to DVB

အမေရိကန်ရဲ့ ပိတ်လိုက်ဖွင့်လိုက် အခွန်ပေါ်လစီကြောင့် ဂျာမန်ထိပ်သီးစီးပွားရေး လုပ်ငန်းတွေဟာ အမေရိကန်ကို ကုန်တင်ပို့မှုလျှော့ပြီး နိုင်ငံစုံပါဝင်တဲ့ ဖြေရှင်းနည်းကို အသုံးပြုဖို့ လိုကြောင်း ဂျာမန်ကုန်သည်ကြီးများအသင်း အမှုဆောင်ဒါရိုက်တာ အိုဟမ်က ပြောပါတယ်။ 

အိုဟမ်ဟာ တရုတ်မှာ ပြုလုပ်တဲ့ ၂၀၂၅ ကမ္ဘာ့လုံးဆိုင်ရာကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်စဉ် တရုတ်သတင်းဌာန CGTV နဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့တာပါ။ 

ဒီထိပ်သီးအစည်းအဝေးပွဲကို မေ ၂၂ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒီဂျစ်တယ်ခေတ် ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက စတင်တာဖြစ်ပါတယ်။ 

ဒီပွဲကို အစိုးရဌာန ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုန်သည်အသင်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းရှင်တွေ ၈၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ 

အမေရိကန်ရဲ့ အခွနေတွေကြောင့် ဂျာမန်စီးပွားရေးလုပ်ငန်းတွေဟာ ပိုပြီးတည်ငြိမ်မှုကို ရှာဖွေရမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ကုန်သွယ်ဖို့ ပိုပြီး အားကောင်းလာတယ်လို့ အိုဟမ်က ပြောပါတယ်။ 

“ဒီဆွေးနွေးပွဲက ကမ္ဘာ့ကုန်သွယ်ရေးနဲ့ နိုင်ငံတွေအားလုံးအတွက် ကြီးမားတဲ့ အကျိုးရှိမှာသေချာပါ တယ်။ ဂျာမနီနဲ့ တရုတ်နိုင်ငံတို့ဟာ ပို့ကုန်သွင်းကုန်တင်ပို့မှု မြင့်မားပြီး စီးပွားရေးအကျိုးကျေးဇူးတွေ ရှိမယ်ဆိုတာ သံသယမရှိပါဘူး။ အမေရိကန်မှာရှိတဲ့ ဂျာမနီကုမ္ပဏီတွေအတွက် ဒီအချိန်ဟာ လုံခြုံမှု မရှိတော့ပါဘူး။ ဒီလိုလုံခြုံမှုမရှိတာက အဆိပ်သင့်တာဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရမှာပါလို့” အိုဟမ်က ပြောပါတယ်။ 

ဂျာမနီနိုင်ငံဟာ အမေရိကန်ကို အဓိက ကုန်တင်ပို့မှု ပြုလုပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ကို ဂျာမနီရဲ့ ကုန်တင်ပို့မှု ယူရို ၁၆၁.၄ ဘီလီယံနဲ့ ၂၀၂၂ ခုနှစ်မှာလည်း အမေရိကန်ရဲ့ ပြည်ပသွင်းကုန်ရဲ့ ၄.၅ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ 

ဂျာမနီက အမေရိကန်ကို စက်ပစ္စည်း၊ ကားနဲ့ ဆေးဝါးတွေ အဓိက တင်ပို့တာဖြစ်ပြီး အမေရိကန်က ဂျာမနီကို ရေနံ၊ လေယာဉ်ပျံနဲ့ ဆေးဝါးတွေ တင်ပို့တာဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013