DVB Logo
Home
နိုင်ငံတကာ
အချိန်မီ အကူအညီမရလျှင် ဂါဇာ ကလေးငယ် ၁၄,၀၀၀ သေဆုံးစေနိုင်ဟု ကုလ သတိပေး
DVB
·
May 21, 2025
အချိန်မီ အကူအညီမရလျှင် ဂါဇာ ကလေးငယ် ၁၄,၀၀၀ သေဆုံးစေနိုင်ဟု ကုလ သတိပေး
Donate to DVB

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ “အစာငတ်ခံထားရေးမူဝါဒ” ကြောင့် မတ် ၂ ရက်ကစပြီး ပါလက်စတိုင်း ၃၂၆ ယောက်ထက်မနည်းကို သေဆုံးစေခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပါတယ်။

တချိန်တည်းမှာ ကုလသမဂ္ဂကလည်း ကလေးငယ်ဦးရေ ၁၄,၀၀၀ ကို သေဆုံးနိုင်ခြေ ရှိနေတယ် ဆိုပြီး သတိပေးထားပါတယ်​။

ကုလလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာ ကတော့ “လာမယ့် ၄၈ နာရီအတွင်း ကလေးငယ် ၁၄,၀၀၀ ကို အချိန်မီ မကူညီနိုင်ရင် သေဆုံးသွားနိုင်တယ်” လို့ မှတ်ချက်ပေးပါတယ်။

လွန်ခဲ့တဲ့ အင်္ဂါနေ့အတွင်း ဂါဇာကမ်းမြောင်မှာ အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၉၃ စီးကို ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ အစ္စရေးအရာရှိတွေက ပြောထားပါတယ်။

အဲဒီထဲမှာ ဂျုံမှုန့်၊ ကလေးအစားအစာ၊ ဆေးကုသရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေအထိ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဂါဇာဒေသမှာ ကာလကြာရှည် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် တနေ့စာအတွက် အကူအညီပေးရေး ထရပ်ကား အစင်း ၆၀၀ လောက် လိုအပ်တယ်ဆိုပြီး ကုလအေဂျင်စီတွေက ခန့်မှန်းထားပါတယ်။

၁၁ ပတ်ကြာ ပိတ်ဆို့ခံထားရပြီးနောက် အကူအညီပေးရေးယာဉ်တွေဟာ နယ်စပ်ဖြတ်ကျော်လာပြီ ဖြစ်ပေမဲ့လည်း လက်ရှိအချိန်အထိ ပစ္စည်းမဖြန့်ပေးနိုင်သေးကြောင်း ကုလထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုမျိုး အငတ်ဘေးဆိုက်နိုင်တယ် ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့ သတိပေးချက် ထွက်ပေါ်လာချိန်မှာတော့ အစ္စရေးဘက်က “စားနပ်ရိက္ခာ အခြေခံပမာဏ” လောက် ဂါဇာဒေသထဲကို ဝင်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့လည်း အစ္စရေးအပေါ် နိုင်ငံတကာဖိအားတွေ ဆက်လက်တိုးပွားနေပြီး တနင်္လာနေ့မှာဆိုရင် ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါ တို့က “လုံးဝမမျှတတဲ့” စစ်ရေးအရှိန်မြှင့်မှုကို ရပ်တန့်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဗြိတိန်အစိုးရဘက်က လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်အတွက် နောက်ထပ်ညှိနှိုင်းမှုတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးရဲ့ ဩဇာအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတော့ အစ္စရေးထိုးစစ် ပြန်လည်စတင်မှုကို လူသိရှင်ကြား ဝေဖန်တာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လည်း အမေရိကန်သမ္မတရဲ့ ပြီးခဲ့တဲ့အပတ် အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ထရမ့်ပ်က အစ္စရေးကို သွားရောက်ခြင်းမရှိဘဲ ချန်လှပ်ခဲ့ပါတယ်။

လက်ရှိ ဂါဇာစစ်ပွဲ စတင်ပြီးချိန်ကတည်းက အနည်းဆုံး လူ ၅၃,၀၀၀ ကျော်ကို သေဆုံးစေခဲ့ပြီး အစ္စရေးရဲ့ စစ်ဆင်ရေးအသစ် ပြန်စတင်ပြီး နောက်ပိုင်းမှာတော့ သေဆုံးသူ ၃,၃၄၀ ရှိနေပြီဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013