DVB Logo
Home
နိုင်ငံတကာ
စပါးစျေးကျနေချိန် ထိုင်းလယ်သမားများ အမေရိကန်ထပ်ဆောင်းခွန်နှင့် ရင်ဆိုင်နေရ
DVB
·
April 23, 2025
စပါးစျေးကျနေချိန် ထိုင်းလယ်သမားများ အမေရိကန်ထပ်ဆောင်းခွန်နှင့် ရင်ဆိုင်နေရ
Donate to DVB

ထိုင်းနိုင်ငံဟာ ဇူလိုင်လ အကောက်ခွန်ဆိုင်းငံ့ထားမှု သက်တမ်းမကုန်ဆုံးမီ အမေရိကန်နဲ့ မညှိနှိုင်းခဲ့ရင် ကုန်စည်တွေအပေါ် အခွန် ၃၆ ရာခိုင်နှုန်း အကောက်ခံရမယ့် အလားအလာကို ရင်ဆိုင်နေရပါတယ်။

ထိုင်းဆန်တင်ပို့သူများအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုးကိယတ် အိုဖာ့တ်ဝုန်က “အမေရိကန်က ကျနော်တို့ကို အခွန်တွေ မြှင့်တင်ထားရင် ကျနော်တို့ရဲ့ စံပယ်ဆန်မွှေးတွေ စျေးကွက်ထဲမှာ ပြိုင်ဆိုင်ဖို့ အရမ်းစျေးကြီးလိမ့်မယ်” လို့ ပြောပါတယ်။

မနှစ်က ထိုင်းနိုင်ငံဟာ ဘတ် ၂၈ ဒသမ ၀၃ ဘီလီယံ (ဒေါ်လာ ၇၃၅ သန်း) တန်ဖိုးရှိတဲ့ ဈေးအကြီးဆုံး စံပယ်ဆန်မွှေးအမျိုးအစား အဓိကဖြစ်တဲ့ ထိုင်းဆန်တွေ မက်ထရစ်တန် ၈၄၉,၀၀၀ ကို အမေရိကန်ဆီ တင်ပို့ခဲ့တယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ဆန်တန်ချိန် ၉ ဒသမ ၉၄ သန်း တင်ပို့ခဲ့ပြီး ဘတ် ၂၂၅ ဒသမ ၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂ ဘီလီယံ) တန်ဖိုးရှိလို့ ပမာဏအားဖြင့် ထိုင်းအတွက် အမေရိကန်က တတိယအကြီးဆုံးဈေးကွက် ဖြစ်နေပါတယ်။

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု အလားအလာကြောင့် ပို့ကုန်တွေ ရပ်တန့်ကုန်ပြီး ဈေးနှုန်း သိသိသာသာ နိမ့်ကျနေတဲ့ ဗီယက်နမ်လို ထိုင်းရဲ့ အဓိက ဒေသတွင်းပြိုင်ဘက်ကို အခွင့်ကောင်း ပေးလိမ့်မယ်လို့ ချိုးကိယတ်က ဆက်ပြောပါတယ်။

ထိုင်းဟာ အခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချိုးကိယတ်က “ဗီယက်နမ်က ဘယ်လောက်ပဲ အခွန်စည်းကြပ်မှုကို လျှော့ချနိုင်ပါစေ (ညှိနှိုင်းထားတဲ့ အကောက်ခွန်လိုမျိုး) ၄၀ ရာခိုင်နှုန်း ရရင်တောင်မှ ကျနော်တို့ရဲ့ မြင့်မားတဲ့ အခြေခံစျေးနှုန်းနဲ့ သူတို့ရဲ့ စျေးနှုန်းတွေကြားမှာ ကွာဟချက်တခု ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

ဗီယက်နမ်ဆန်ဟာ သွင်းအားစုစရိတ် သက်သာခြင်း၊ တနှစ်အတွင်း သီးထပ်စိုက်နိုင်ခြင်းနဲ့ စပါးမျိုးကွဲတွေ ကွဲပြားခြင်းတို့ကြောင့် ဈေးသက်သာပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လယ်သမားတွေဟာ စက်တင်ဘာလမှာ အိန္ဒိယဆီ ဆန်တင်ပို့မှု ပြန်စပြီးတဲ့နောက် ပြည်တွင်းစျေးနှုန်းတွေ ၃၀ ရာခိုင်နှုန်း ကျသွားလို့ လယ်သမားတွေက ပြိုင်ဆိုင်နိုင်ရေး စျေးနှုန်းဖြတ်ဖို့ လက်ကျန်မရှိဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။

လုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေဟာ ဘဏ္ဍာရေးဝန်ကြီး ဖိချိုင် ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား ညှိနှိုင်းမှုအပေါ် မျှော်လင့်ချက်တွေကို ပုံဖော်နေကြရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013