
ဧပြီ ၁၂ ရက်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ဝန်ကြီး ဦးတင်ဦးလွင်က ပြောခဲ့တာလို့ ဆိုပါတယ်။
“ဘုရားစေတီ ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်း ၃၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း၊ ဘုရားကျောင်း ၅၀၊ ဗလီ ၁၃၆ လုံး၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ ဘုံကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့တယ်။”
နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး ရဟန်း ၁၅၉ ပါး၊ သီလရှင် ၅၅ ပါး ပျံလွန်၊ ခရစ်ယာန်ဘာသာဝင် ၉ ယောက်၊ အစ္စလာမ်ဘာသာဝင် ၆၇၃ ယောက်၊ ဟိန္ဒူဘာသာဝင် ၁၆ ယောက် သေဆုံးခဲ့ကာ ရဟန်း ၃ ပါးနဲ့ အစ္စလာမ်ဘာသာဝင် ၆၃ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ နေထိုင်ဖို့မသင့်၊ အန္တရာယ်ရှိတဲ့ တိုက် ၄၃ လုံး၊ အဆောင် ၅ ဆောင်၊ ပြန်လည်ပြုပြင်ရင်နေထိုင်နိုင်တဲ့ တိုက်အလုံး၂၀၊ အဆောင် ၂၂ ဆောင်နဲ့ နည်းနည်းပဲ ပျက်စီးပြီး လက်ရှိနေထိုင်နိုင်တာက တိုက် ၄ လုံးပဲရှိကြောင်းလည်း ပြောဆိုပါတယ်။
ရုံးလုပ်ငန်းတွေအတွက် ရှေ့မြက်ခင်းပြင်ပေါ်မှာ ယာယီရုံးဖွင့်လှစ်ထားပြီး ဝန်ထမ်းတယောက်စီကို ငွေ ၁ သိန်းနဲ့ ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာနဲ့ တခြား စားသောက်ဖွယ်ရာတွေ ထောက်ပံ့ထားတယ်လို့လည်း ဆိုပါတယ်။