DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစာရင်းတွင် ဖင်လန်နိုင်ငံ ထိပ်ဆုံး၌ရပ်တည်၊ မြန်မာက အဆင့် ၁၁၈ ရောက်
DVB
·
March 20, 2025
ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစာရင်းတွင် ဖင်လန်နိုင်ငံ ထိပ်ဆုံး၌ရပ်တည်၊ မြန်မာက အဆင့် ၁၁၈ ရောက်
Donate to DVB

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာ ဖင်လန်နိုင်ငံက ၈ နှစ်ကြာ ရပ်တည်နေတယ်လို့ ကုလသမဂ္ဂစစ်တမ်းတွေက ဖော်ပြပါတယ်။

ကမ္ဘာ့အပျော်ရွှင်ရဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၁၈ နေရာမှာ ရပ်တည်နေပြီး ရမှတ်အနေနဲ့ ၄ ဒသမ ၃၅ ရရှိတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက အဆင့် ၁၁၇ နေရာကနေ ၁၁၈ နေရာကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

တဆက်တည်း ဖော်ပြချက်တွေအရ မြန်မာနိုင်ငံဟာ ၁၃ မိနစ်ကို လူတယောက်နှုန်း ပြည်ပကို ပြောင်းရွှေ့နေထိုင်ပြီး တမိနစ်ကို လူတယောက်နှုန်း သေဆုံးနေတယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အဆင့် ၅၃ နေရာမှာ ရပ်တည်နေပြီး အရှေ့တောင်အာရှနိုင်ငံတွေအနက် အပျော်ရွှင်ရဆုံးနိုင်ငံဖြစ်ကာ ထိုင်းနိုင်ငံက ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တွေရဲ့နောက် အဆင့် ၅၈ နေရာမှာ ရှိတာ တွေ့ရပါတယ်။

နိုင်ငံတွေရဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်တဲ့နေရာမှာ လူမှုရေးထောက်ပံ့မှု၊ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ လှူဒါန်းမှုနဲ့ လာဘ်စားမှု ကင်းစင်တဲ့ အခြေအနေတွေကို ကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ နိုင်ငံပေါင်း ၁၄၃ နိုင်ငံက လူတွေကို သူတို့ရဲ့ဘဝနဲ့ ပတ်သက်ပြီး အကဲဖြတ်မှုရမှတ်နဲ့ တိုင်းတာခဲ့တာပါ။

အဲဒီစစ်တမ်းမှာ ၀ ကနေ ၁၀ အထိ ပါဝင်ပြီး အမှတ် ၁၀ က အကောင်းဆုံးဘဝကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒီလိုစစ်တမ်းတွေရဲ့ နောက်ဆုံး ၃ နှစ်က ရလဒ်တွေကို ပျမ်းမျှဖော်ပြတာ ဖြစ်ပါတယ်။ အဲဒီလို စစ်တမ်းတွေမှာ ဖင်လန်နိုင်ငံက ပျမ်းမျှရမှတ် ၇ ဒသမ ၇၅ နဲ့ ၈ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကတော့ ရမှတ် ၁ ဒသမ ၃၆ နဲ့ အပျော်ရွှင်ရဆုံးနိုင်ငံစာရင်းမှာ အောက်ဆုံးကို ရောက်နေပါတယ်။

ဒီနှစ် အပျော်ရွှင်ရဆုံးစစ်တမ်းမှာ ဂရုစိုက်မှုနဲ့ မျှဝေပေးခြင်း ဆိုတဲ့ ခေါင်းစဉ်တခုကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဒီစစ်တမ်းကိုကြည့်ရင် ပျော်ရွှင်ရတဲ့ အဖြစ်အပျက်တွေကို မြင်ရသလို စိတ်ပျက်စရာတွေ၊ ပူပန်မှုတွေ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖိအားတွေကိုလည်း မြင်တွေ့ရမှာပါ။

နှစ်စဉ် ကမ္ဘာ့အပျော်ရွှင်ရဆုံး အစီရင်ခံစာဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ထောက်ပံ့မှုတွေ စတင်ခဲ့ပါတယ်။

ကမ္ဘာ့အပျော်ရွှင်ရဆုံး အစီရင်ခံစာကို အမေရိကန် ဈေးကွက်လေ့လာရေးကုမ္ပဏီ ဂယ်အပ်ရဲ့ ဒေတာတွေကို အခြေခံပြီး အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ဦးဆောင်မှုနဲ့ တကမ္ဘာလုံးမှာ အဖွဲ့တွေ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013