DVB Logo
Home
မြန်မာသတင်း
မြန်မာ ဒုက္ခသည်များကို တောင်ကိုရီးယားခေါ်ထားလို  
DVB
·
March 13, 2025
မြန်မာ ဒုက္ခသည်များကို တောင်ကိုရီးယားခေါ်ထားလို  
Donate to DVB

တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်း၊ ဂျောင်ဆန်းခရိုင်၊ ယုန်းယန်စီရင်စုမှာ နေထိုင်သူ လူဦးရေ ကျဆင်းနေတာကြောင် မြန်မာဒုက္ခသည် ၄၀ လောက်ကို လက်ခံနေထိုင်နိုင်ဖို့ ကြိုးစား နေတယ်လို့ The Korea Herald သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မတ် ၁၂ ရက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြလိုက်တာဖြစ်ပြီး လတ်တလောမှာတော့ ကုလသမဂ္ဂရဲ့ အကာအကွယ်ပေးမှုအောက်က ဒုက္ခသည်တွေအနေနဲ့ အဆိုပါ ဒေသတွင်း အခြေချနေထိုင်နိုင်ခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီးတော့ ကိုရီးယားနိုင်ငံ တရားရေးဌာနနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို ဆွေးနွေးရာမှာတော့ သူတို့တွေ ရောက်လာရင် နေထိုင်နိုင်ဖို့  ပိတ်ထားတဲ့ ကျောင်းတွေကို အိမ်ရာအဖြစ် ပြောင်းလဲတာတွေလို နေထိုင်မှုအစီအစဉ်တွေအတွက် ရွေးချယ်စရာ အမျိုးမျိုးကိုလည်း ပြန်လည်သုံးသပ်နေသလို တာဝန်ရှိသူတွေအနေနဲ့ အဆိုပါအစီအစဉ်ကို အခု ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ရလဒ်တွေထွက်ပေါ်လာနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။

တာဝန်ရှိသူတဦးက “လူဦးရေ ကျဆင်းမှုကို တားဆီးကာကွယ်ဖို့ နည်းလမ်းတခုခုရှိရင်၊ ဒုက္ခသည်တွေကို ဆွဲဆောင်ခြင်းအပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ကျနော်တို့ ထည့်သွင်း စဉ်းစားနေပါတယ်။ ဒေသ မပျောက်ပျက်စေဖို့လည်း ကျနော်တို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ယုန်းယန်စီရင်စုဟာ တောင်ကိုရီးယားခရိုင်တွေထဲမှာ လူဦးရေးအနည်းဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးအကြာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလမှာ လူဦးရေ ၂၀၀၀၀ အောက်သာ ရှိနေခဲ့သလို အခုနှစ် ဖေဖော်ဝါရီအရောက်မှာတော့ ၁၅,၂၇၁ ဦးသာ ရှိနေကာ နှစ်ကုန်ပိုင်းမှာ လူ ဦးရေ ၁၅,၀၀၀ အောက် ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

မကြာသေးမီနှစ်တွေအတွင်းမှာတော့ ခရိုင်အစိုးရက တာဝန်ရှိသူတွေရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို ဒေသခံတွေအဖြစ် အမည်စာရင်းသွင်း မှတ်ပုံတင်တာတွေ အပါအဝင် လူဦးရေကျဆင်းလာမှုကို တားဆီးနိုင်ဖို့ လုပ်ဆောင်ခဲ့ကြသလို ဒေသတွင်း နေထိုင်သူတွေအနေနဲ့ ကလေးမွေးဖွားရင် ကိုရီးယားဝမ် သန်း ၁၀၀ အထိ ထောက်ပံ့ပေးဖို့ မက်လုံးပေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အဲဒီလိုကြိုးပမ်းမှုတွေကြားကပဲ ဒေသတွင်းမှာ တနှစ်ကို ကလေး ၂၅ ဦးနှုန်းသာ မွေးဖွားပြီး ပျမ်းမျှအားဖြင့် သေဆုံးသူက ၃၀၀ လောက်ရှိနေသလို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ နှစ်စဉ် မွေးဖွားမှု ၁၀၀ ရှိနေရင် သေဆုံးမှုက ၂၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

Source: The StraitsTime/ The Korea Herald 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013