DVB Logo
Home
နိုင်ငံတကာ
ဖုန်းနှင့် ပိုက်ဆံအိတ် မလိုဘဲ လက်ဖဝါးဖြင့်သာ ငွေပေးချေနိုင်တော့မည်
DVB
·
December 25, 2024
ဖုန်းနှင့် ပိုက်ဆံအိတ် မလိုဘဲ လက်ဖဝါးဖြင့်သာ ငွေပေးချေနိုင်တော့မည်
Donate to DVB

Visa နဲ့ Tencent စတဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီကြီး ၂ ခု ပူးပေါင်းပြီး Scanner ပုံရိပ်ဖမ်းစက်ပေါ်မှာ ၂ စက္ကန့်လောက် လက်တင်လိုက်ရုံနဲ့ ငွေပေးချေနိုင်မယ့်စက်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ရှေ့ပြေးစမ်းသပ်မှုအတွင်း Visa နဲ့ Tencent က ဝန်ထမ်းအချို့ကိုသာ အသုံးပြုခွင့်ပေးထားပါတယ်။

အခုလိုမျိုး အစီအစဉ် ချဲ့ထွင်လာတာနဲ့အမျှ စင်ကာပူအခြေစိုက် DBS၊ OCBC နဲ့ UOB ဘဏ်က Visa ကတ် သုံးစွဲသူတွေကိုလည်း လက်ဖဝါးနဲ့ ငွေပေးချေနိုင်အောင် ဖန်တီးပေးမယ်လို့ ဆိုပါတယ်။

ဒါဟာ Tencent နည်းပညာသုံးစက်က လက်ဖဝါးအရာတွေနဲ့ အရေပြားအောက်ရှိ သွေးကြောပုံစံတွေကိုပါ စစ်ဆေးအတည်ပြုပေးတာမျိုး ဖြစ်ပါတယ်။

လူ့သွေးကြောပုံစံဟာ ပုံစံတူ ပြုလုပ်နိုင်ဖို့ ခက်ခဲပေမဲ့လည်း မသမာသူတွေကတော့ လူတွေကို လိမ်ဖို့ဆိုရင် နည်းလမ်းအသစ်တွေ ရှိစမြဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် AI နဲ့ Deepfake နည်းပညာကို အသုံးပြုပြီး လက်ဖဝါးပုံစံအတုတွေ ဖန်တီးတာမျိုး ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Visa ကတော့ သုံးစွဲသူတွေရဲ့ အချက်အလက်ကို စုဆောင်းတာ၊ သိမ်းဆည်းတာ၊ အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိစမ်းသပ်ကာလအတွင်း ဇီဝအချက်အလက်တွေရဲ့ မူရင်းပုံရိပ်ကို စုဆောင်းဖို့ မရှိပေမဲ့လည်း အကြေးဝယ်ကတ်ရဲ့ နောက်ဆုံးဂဏန်း ၄ လုံးကတော့ ငွေပေးချေမှုအတွက် သိမ်းဆည်းဖို့ လိုအပ်ကြောင်း အသိပေးထားပါတယ်။

အဲဒီနောက် Scan ဖတ်ထားတဲ့ လက်ဖဝါးနဲ့ ချိတ်ဆက်ဖို့အတွက် Visa ကတ်ကို သုံးစွဲသူက စက်ပေါ်မှာ တင်ပြီးတဲ့အခါ ကျသင့်ငွေအတိုင်း ကောက်ယူသွားမှာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်တခုလုံးဟာ တမိနစ်သာ ကြာမြင့်နိုင်သလို ဒီထက်ပိုပြီး မြန်ဆန်လာဖို့ ရှိတယ်လို့လည်း Visa ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ManageEngine နည်းပညာခန့်ခွဲရေးကုမ္ပဏီရဲ့ ဒေသဆိုင်ရာဒါရိုက်တာဖြစ်သူ အရွန်ကူးမား ကတော့ လူအများစု​ဟာ ဖုန်းနဲ့တင် ငွေပေးချေနိုင်ပြီ ဖြစ်တာကြောင့် ဇီဝမက်ထရစ်နည်းပညာကို လက်ခံအသုံးပြုဖို့အတွက် အခက်အခဲရှိနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Group-IB ရဲ့ အမှုဆောင်အရာရှိချုပ် ဒမစ်ထရီ ဗောလ်ကော့ဗ် ကလည်း “ငွေသား၊ ပိုက်ဆံအိတ်၊ ဘဏ်ကတ်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ ကျန်ခဲ့ရင်တောင်မှ လက်ဖဝါးကိုတော့ အမြဲအသုံးပြုနိုင်တယ်လေ” လို့ ပြောသွားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013