DVB Logo
Home
မြန်မာသတင်း
တရားမဝင်အလုပ်သမားများကို မှတ်ပုံတင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
DVB
·
November 28, 2024
တရားမဝင်အလုပ်သမားများကို မှတ်ပုံတင်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Donate to DVB

ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား (လူသစ်) တွေကို နေထိုင်ခွင့်မှတ်ပုံတင်ပေးပြီး လက်မှတ်သက်တမ်းကုန်မယ့် လူဟောင်းတွေကိုလည်း သက်တမ်းတိုးပေးမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

အလုပ်သမားစွမ်းအားမြှင့်တင်ရေး၊ ခွဲခြားဆက်ဆံခံရတဲ့ ပြဿနာနဲ့ လူကုန်ကူးခံရတဲ့ ပြဿနာ ဖြေရှင်းရေး၊ ကလေးသူငယ်အခွင့်အရေး၊ အလုပ်သမားလိုအပ်မှုဖြည့်ဆည်းပြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး တရားမဝင်အလုပ်သမားတွေကို မှတ်ပုံတင်ရေးဆိုင်ရာ အဆိုပြုချက် ကဏ္ဍ ၂ ရပ်ကို  ပြီးခဲ့တဲ့ စက်တင်ဘာလ ဝန်ကြီးများအစည်းအဝေးမှာ လက်ခံခဲ့တယ်။ အခုခါ အဆိုပါအဆိုပြုချက်ကို ထိုင်းပြည်ထဲရေးဝန်ကြီးက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်၊ ဒါကြောင့် လုပ်ငန်းရှင်တွေ၊ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားကို မှတ်ပုံတင်ပေးဖို့  ပြင်ဆင်ထားကြဖို့  ထိုင်းအလုပ်မားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်က ပြောပါတယ်။ 

ထိုင်းနိုင်ငံရောက် မြန်မာ၊ လော၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်နိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဆိုပြုချက် ၂  ရပ်မှာ ပထမတခုကတော့ အထောက်အထားမဲ့ အလုပ်သမား (လူသစ်) တွေအတွက်  ၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး မှတ်ပုံတင် (ပန်းရောင်ကတ်) ထုတ်ပေးဖို့၊ မှတ်ပုံတင်ပြီးသူတွေဟာ ထိုင်းနိုင်ငံထဲမှာ လာမယ့်  ၂၀၂၆ မတ်လ ၃၁ ရက်အထိ ၁ နှစ် နေထိုင်လုပ်ကိုင်ခွင့်ရမယ်၊ အသက် ၁၈ နှစ်အောက် မှီခိုသူကလေးတွေပါ ပါဝင်တယ်။ မှီခိုသူကလေးဟာ အသက် ၁၈ နှစ်ပြည့်ပြီးပါက မိဘကဲ့သို့ အလုပ်သမားမှတ်ပုံတင်ကတ် ပြုလုပ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ 

ဒုတိယတခုကတော့ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ အလုပ်သမားကတ် သက်တမ်းကုန်မယ့်သူတွေဖြစ်တယ်၊ သူတို့ကို MOU လုပ်သားနည်းတူ နောက်ထပ် ၂ နှစ် သက်တမ်းတိုးပေးမယ်၊ သက်တမ်းတိုးပြီးရင်  ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ လုပ်ကိုင်နေထိုင်ခွင့်ရှိတယ်။ ၂ နှစ်ပြည့်ရင်  နောက်တကြိမ် လာမယ့် ၂၀၂၉ ဖေဖော်ဝါရီ ၁၃ ရက်ထိ  သက်တမ်းထပ်တိုးခွင့်ရှိတယ်၊ ဒါကြောင့် နောက်ထပ် ၄ နှစ် အလုပ်လုပ်ခွင့်ပြုမယ်လို့ ဆိုလိုပါတယ်။  ဒီအုပ်စုက မှီခိုသူသားသမီးတွေဟာလည်း မိဘနည်းတူ နေထိုင်ခွင့်ရှိတယ်၊ အသက် ၁၈ နှစ်ပြည့်ရင်တော့ အလုပ်သမားမှတ်ပုံတင်ကတ် ပြုလုပ်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ 

လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေကိုတော့ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းရှင်၊ အလုပ်ရှင်နဲ့ ဌာနဆိုင်ရာတွေကို အကြောင်းကြားစာပေးပို့ပြီး ထုတ်ပြန်မယ်၊ ဒါကြောင့် နောက်ဆက်တွဲထုတ်ပြန်ချက်တွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့  အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် doe.go.th  ကို စောင့်ကြည့်ပြီး ဘန်ကောက် အလုပ်သမားစီမံခန့်ခွဲရေးရုံး  နယ်မြေ ၁ မှ ၁၀ ထိ၊ မိမိနေထိုင်ရာ ခရိုင်အသီးသီးမှ ခရိုင်အလုပ်သမားရုံးတွေနဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ တို့ကို ဆက်သွယ် မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013