DVB Logo
Home
မြန်မာသတင်း
စစ်တွေဆိပ်ကမ်းနှင့် ကာလကတ္တားဆိပ်ကမ်း တိုက်ရိုက်ကုန်သွယ်မှု မစတင်နိုင်သေး 
DVB
·
October 22, 2023
စစ်တွေဆိပ်ကမ်းနှင့် ကာလကတ္တားဆိပ်ကမ်း တိုက်ရိုက်ကုန်သွယ်မှု မစတင်နိုင်သေး 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းဟာ ဖွင့်လှစ်ပြီး ၅ လကျော်ကြာတဲ့အထိ အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းနဲ့ တိုင်ရိုက်အပြန်အလှန် ကုန်သွယ်မှု မပြုလုပ်နိုင်ကြသေးဘူးလို့ နှစ်နိုင်ငံ ကုန်သည်ကြီးတွေက  ပြောပါတယ်။

စစ်တွေမြို့ခံ ကုန်သည်ကြီးတစ်ဦးက "နှစ်နိုင်ငံကုန်သွယ်ဖို့ အဓိကအရေးကြီးတာက နှစ်နိုင်ငံ ကုန်သည်ကြီးတွေ တွေ့ဆုံဆွေးနွေကြဖို့လိုတယ်။ တစ်ဖက်နဲ့ တစ်ဖက်ဘယ်လို ကုန်စည်တွေ လိုအပ်ကြသလဲ။ အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေက အခုထက်ထိ နှစ်ဖက်စလုံးမှာ မရှိကြသေးဘူး။ နှစ်နိုင်ငံကုန်သွယ်ကြမယ်ဆိုပြီး MOU ထိုးထားတဲ့အဆင့်နဲ့ ဘာမှလုပ်မရဘူးလေ။င ငွေကြေးနဲ့ကျတော့ ဒေါ်လာနဲ့ ပေးချေမလား။ ရူပီနဲ့ ပေးချေမလားပေါ့။ မြန်မာကကုန်သည်တွေကတော့  ဒေါ်လာပေးချေမှုပဲလိုတယ်" လို့ ပြောပါတယ်။

ကီလိုမီတာ ၅၃၉ ကီလိုမီတာ ကွာဝေးတဲ့ အိန္ဒိယနိုင်ငံ  ကာလက္ကတားဆိပ်ကမ်းနဲ့  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းသို့ တန်ချိန် ၅၀၀၀ မှ ၆၀၀၀ သင်္ဘောကြီးတွေ စတင်ပြေးဆွဲသွားဖို့ ပြင်ဆင်ထားပြီး နှစ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်ဖို့ စီစဉ်သွားမယ်လို့ အိန္ဒိယအစိုးရက ပြောဆိုထားခဲ့တာပါ။

စစ်တွေ ရေနက်ဆိပ်ကမ်း ကုလားတန်မြစ်ဘက်စုံသုံး စီမံကိန်းကို ၂၀၀၈ ခုနှစ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုနဲံ အိန္ဒိယနိုင်ငံရဲ့ ဘက်ဂျက်နဲ့ တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှဦ အပြီးတည် ဆောက်နိုင်ခဲ့ပေမဲ့ ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် ကားလမ်း မပြီးစီးသေးလို့ အခုအထိ ကုန်သွယ်မှု မစတင်နိုင်ကြသေးပါဘူး။

ကုန်းလမ်းပြီးစီးပါက ပလက်ဝမြို့မှ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပူမြို့သို့ ဆက်သွယ်ဖို့ ကီလိုမီတာ ၁၁၀ ကွာဝေးတဲ့ ကားလမ်းကို လက်ရှိမှတည်ဆောက်နေပြီး အဲဒီကနေတဆင့် လောင်တလိုင်းနဲ့ ထပ်မံချိတ်ဆက်ထားကာ လောင်တလိုင်းမှ လက်ရှိ အဝေးပြေးလမ်းမကြီးဖြစ်တဲ့ အိုက်ဇောမြို့ကို ဆက်သွယ်ပေးထားပြီး ဂူဝါဟာတီအပါအဝင် တခြားအရှေ့မြောက်ပိုင်းမြို့တွေနဲ့ ချိတ်ဆက်ကာ ကုန်သွယ်မူ ပြုလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယကုန်သည်ကြီးတဦးက "ပလက်ဝမြို့က အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်အပါအဝင် ပြည်နယ် ၇ ခုက လိုအပ်တဲ့ စားကုန်သောက်ကုန်တွေက ရခိုင်ကထွက်တဲ့ ကုန်စည်တွေနဲ့ ကွက်တိပဲဗျ။ အဲဒီလမ်းသာ ကုန်သွယ်မှုအမြန်ဆုံး ပြုနိုင်ဖို့လိုတယ်။ အဲဒီပြည်နယ် ၇ ခုက လိုအပ်တဲ့ကုန်တွေကို ကာလကတ္တားဆိပ်ကမ်းက တင်ပို့တာထက် စစ်တွေ-ပလက်ဝ ကုလားတန်မြစ်ကြောင်းက တင်ပို့တာ ပိုမြန်ဆန်နိုင်လို့ အိန္ဒိယ အစိုးရက အခုလိုစီမံထားတာ”လို့  ပြောပါတယ်။

အိန္ဒိယ ပြည်နယ် ၇  ခုဖြစ်ကြတဲ့ မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ ရှာရာကွန်တင်စတဲ့ ပြည်နယ်တွေမှဦ ရေထွက်ကုန် ပစ္စည်းတွေဖြစ်တဲ့  ငါးပိ၊ ငါးခြောက် ၊ ငါးစိမ်းတို့အပြင်  စိုက်ပျိုးထွက်ကုန် ချင်းစိမ်း ၊ ကြက်သွန်၊ မဆလာ စတာတွေလည်း လိုအပ်နေတာပါ။

အဆိုပါ ပြည်နယ် ၇ ခုကနေလည်း ဒေသထွက်ကုန်တွေကို  ရခိုင်ဒေသသို့ တင်ပို့လာနိုင်ပြီး ဒီဒေသတွေမှာနေထိုင်သူတွေဟာ  ပင်လယ်ပြင်နဲ့ ဝေးတဲ့အတွက်  ရခိုင်ဒေသကို လာရောက်လည်ပတ်မှုတွေ ရှိလာနိုင်တယ်လို့လည်း မြန်မာကုန်သည်တွေက မျှော်လင့်နေပါတယ်။

အိန္ဒိယ - မြန်မာချစ်ကြည်ရေးစီမံကိန်းတစ်ခုဖြစ်တဲ့ ကုလားတန် ဘက်စုံသုံးသယ်ယူ ပို့ဆောင်ရေးစီမံကိန်း (KMIT)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ်ကို  ၂၀၁၈ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ထားတာပါ။

နှစ်နိုင်ငံသဘောတူညီမှုနဲ့ တည်ဆောက်ခဲ့တဲ့ စစ်တွေမြို့ ရေနက်ဆိပ်ကမ်းကို မေလ ၉ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံကာလကတ္တား ဆိပ်ကမ်းကနေ ဘိလပ်မြေ အိတ် ၃၀၀၀ သယ်ဆောင်ခဲ့တာ တစ်ခုတည်းသာရှိခဲ့ပါတယ်။

စစ်တွေအိန္ဒိယဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က  ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတွေကို ဆိုက်ကပ်ရပ်နားအသုံးပြုခွင့် ပေးထားခဲ့ပေမဲ့ စစ်တွေနဲ့ ကာလကတ္တားဆိပ်ကမ်းအကြား တိုက်ရိုက်ကုန်သွယ်မှုကတော့ လက်ရှိအချိန်အထိ နှစ်နိုင်ငံစလုံးက  မစတင်နိုင်ကြသေးတာလည်း  ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013