DVB Logo
Home
Lead Story
ပျားတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဘယ်လို စောင့်ကြည့်ထိန်းသိမ်းပေးနေသလဲ
DVB
·
September 5, 2023
ပျားတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဘယ်လို စောင့်ကြည့်ထိန်းသိမ်းပေးနေသလဲ
Donate to DVB

မြို့အတော်များများဟာ အလုပ်‌နေရာတွေ၊ စက်ရုံတွေနဲ့ လူနေထိုင်တဲ့ နေရာတွေနဲ့ ရှုပ်‌ထွေးနေပါတယ်။ အဲဒီနေရာကနေတဆင့် မတူညီတဲ့ အမျိုးမျိုးသော ညစ်ညမ်းမှုတွေဟာ ပျံ့နှံ့လာပါတယ်။

ဒီကိစ္စဟာ စိုးရိမ်စရာပါ။ အထူးသဖြင့်တော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေဟာ “လုံခြုံတယ်”၊ “စိတ်ချရတယ်” ဆိုတဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ ဆိုတာကို ဖော်ထုတ်ထားတဲ့ သက်သေတွေလည်း ရှိပါတယ်။

မြေဆီလွှာနဲ့ မြေမှုန်တွေရဲ့ ညစ်ညမ်းမှုအဆင့်ကို တိုင်းတာလာ‌တာကတော့ ကောင်းမွန်တဲ့ စမှတ်တခုပါပဲ။ ဒါပေမဲ့ ဒီလိုတိုင်းတာမှုတွေဟာ စစ်ဆေးတဲ့ဒေသမှာ ရှိနေတဲ့ ညစ်ညမ်းမှု အဆင့်ကို ပြသနိုင်တဲ့ နမူနာတခုပဲ ဖြစ်ပါတယ်။ 

အသစ်ပြုလုပ်တဲ့ လေ့လာမှုနှစ်ခုမှာတော့ မြို့ပြဒေသမှာရှိတဲ့ ညစ်ညမ်းမှုတွေကို ပိုမိုကောင်းမွန်အောင် စောင့်ကြည့်ထိန်းချုပ်ပေးနိုင်ဖို့ ပျားမွေးမြူရေးခြံကို အသုံးပြုခဲ့ပါတယ်။ ညစ်ညမ်းမှုတွေအကြောင်း လူသားတွေ စတင်နားလည်လာတဲ့အခါမှာ ပျားတွေဟာ လူသားတွေအတွက် အလုပ်ကြိုးစားပေးနေကြတယ် ဆိုတာကို သိလာကြပါတယ်။ ဝတ်ရည်၊ ဝတ်မှုန်နဲ့ ရေအတွက် အစာရှာဖွေတဲ့အခါမှာလည်း ပျားတွေဟာ သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ညစ်ညမ်းမှုတွေကိုပါ တပါတည်း ယူဆောင်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့သက်တမ်း၊ အစာရှာနှုန်း ဖြစ်နိုင်ခြေနဲ့ ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေအရ သူတို့အစာရှာတဲ့ နေရာတဝိုက်က ညစ်ညမ်းမှုအဆင့်တွေရဲ့ ဓာတ်ပုံတွေက အဲ့ဒီအချိန်တုန်းက သက်သေဖြစ်ခဲ့ပါတယ်။

ပျားခြံထိန်းသိမ်းသူတွေရဲ့ အကူအညီနဲ့ လေ့လာမှုအသစ်နှစ်ခုဟာ အန္တရာယ်ရှိတဲ့ သတ္တုနဲ့ မြို့ပြနှစ်ခုကို ဖြတ်ပြီး မျိုးရိုးဗီဇကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီယားဆန့်ကျင်မှုကို ခြေရာခံခဲ့ပါတယ်။

အဖျက်ပိုးတွေနဲ့ ရောဂါတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ အစောင့်မျိုးစိတ်အနေနဲ့ ဥရောပက ပျားတွေကို ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ မြို့ပြဒေသကိုဖြတ်ပြီး ညစ်ညမ်းမှုတွေအကြောင်း နားလည်နိုင်ဖို့ကိုလည်း ဇီဝစောင့်ကြည့်ထိန်းသိမ်းသူအနေနဲ့ ပျားတွေကို အသုံးပြုနိုင်ပါတယ်။

မြို့ပြဒေသရဲ့ ညစ်ညမ်းမှုတွေဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ သတ္တု၊ အင်းဆက်ပိုးမွှားတွေနဲ့ ထာဝရဓာတုပစ္စည်းလို့ ခေါ်ဆိုကြတဲ့ ပျားရည်မှာပါဝင်တဲ့ PEAS အပါအဝင် ပျားတွေရဲ့ ညစ်ညမ်းမှု ဇီဝဗေဒဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး သုတေသနတွေ ပိုမိုလိုအပ်လာပါတယ်။

နယ်မြေညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ပျားတွေက ဘယ်လိုကူညီပေးလဲ။

ရိုးရိုးပျားတွေဟာ ညစ်ညမ်းမှုရဲ့ပုံစံကို တဖက်တလမ်းကနေ သတိမပြုဘဲ ရှင်းလင်းပေးနေပါတယ်။ နောင်မဲယား* မှာဆိုရင် ဒေသတွင်း နီကယ်သတ္တုအရည်ကျိုဖိုရဲ့ အကျိုးသက်ရောက်မှုကို သတ်မှတ်ဖို့ ပျားတွေကို သုံးပါတယ်။ အရည်ကျိုဖိုက နီကယ်၊ ခရိုမီယယ်နဲ့ ကိုဘော့တို့နဲ့ ပတ်သက်တဲ့ သတ္တုအဆင့်ကို ရှာဖွေဖို့နဲ့ အရည်ကျိုဖိုက ထွက်လာမယ့် သတ္တုတွေကို လျှော့ချဖို့ နည်းလမ်းတွေ ပါဝင်ပါတယ်။

ဒီအရည်ကျိုဖိုတွေဟာ ညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကအရင်းအမြစ် ဖြစ်တယ်ဆိုတာကိုတော့ အံ့ဩစရာ မရှိပါဘူး။ ဒါပေမဲ့ မြေဆီလွှာနဲ့ အမှုန့်နမူနာတွေကို ပျားကနေရတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရည်ကျို‌ဖိုတွေရဲ့ ညစ်ညမ်းမှုအတွက် ပျားတွေက ပိုပြီး ထိထိရောက်ရောက်နဲ့ အကျိုးရှိစေပါတယ်။

ဆစ်ဒ‌နေက ရိုးရိုးပျားတွေထဲက သတ္တုကို ခြေရာခံတဲ့အခါ ဒီပျားတွေရဲ့ အစာရှာနှုန်းအတွင်းမှာ သတ္တုညစ်ညမ်းမှုကို ဘယ်လိုဖြန့်ပေးလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေရပါမယ်။ ခဲသတ္တုတွေဟာ လူနေအိမ်တွေနဲ့ စက်ရုံတွေရှိတဲ့နေရာမှာ အဓိက လွှမ်းမိုးနေပြီး အထူးသဖြင့်တော့ မြို့လယ်ကောင်နေရာတွေမှာ ညစ်ညမ်းမှု ကြီးမားပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ညစ်ညမ်းမှုနည်းတဲ့ နေရာတွေနဲ့ ပန်းခြံလို၊ လယ်ကွင်းလို နေရာကျယ်တွေမှာတော့ မဂ္ဂနီ‌စီယံ အဆင့်မြင့်မားတာကို တွေ့ရပါတယ်။ ဒါဟာ သဘာဝမြေဆီ အရင်းအမြစ်နဲ့ ပိုးသတ်ဆေး အသုံးပြုမှုကနေ ထွက်လာတာဖြစ်ပါတယ်။

ညစ်ညမ်းမှုတွေက ပျားတွေကို ဘယ်လိုသက်ရောက်စေလဲ။

ပျားတွေဟာ ညစ်ညမ်းမှုတွေကို တကယ်ပဲ ချေဖျက်နိုင်လားဆိုတာ သိချင်ကြပါလိမ့်မယ်။ လေ့လာမှုတွေက ပြသနေတာကတော့ ညစ်ညမ်းမှုဖြစ်စေတဲ့ အရာတွေဟာ ပျားတွေရဲ့ ခန္ဓာကိုယ်ထဲမှာကို အချိန်နဲ့အမျှ တည်ဆောက်လာခဲ့ပြီး ပြင်ပမှာတော့ မတည်ရှိတော့ပါဘူး။ သန့်စင်တဲ့ပျားနဲ့ ပျားအရိုင်း နမူနာတွေမှာပါဝင်တဲ့ သတ္တုပြင်းအားကို နှိုင်းယှဉ်ခဲ့ကြပေမဲ့ ကွာခြားတာမရှိဘဲ ညစ်ညမ်းမှုဖြစ်စေတဲ့ အရာတွေဟာ ပျားတွေရဲ့ ခန္ဓာကိုယ်အထဲမှာ ဆိုတာကို ညွှန်ပြနေပါတယ်။ အသက်အရွယ်ကြီးလေ သတ္တုပြင်းအားက ပိုမြင့်လေဖြစ်ပြီး ငယ်ရွယ်တဲ့ပျားတွေထက် သေဆုံးမှု ပိုမြင့်ပါတယ်။

အ‌ရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို အသုံးပြုတဲ့အခါ ပျားတွေရဲ့ ပြင်ပမှာ သတ္တုမဟုတ်တဲ့ သဘာဝအမှုန့်တွေကိုသာ မြင်တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုဝော့ ပျားတွေဟာ ကိုယ်ကိုယ့်ကိုယ် သန့်ရှင်းတဲ့ အလေ့အကျင့် ကောင်းတာကြောင့် ဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ ကပ်ပါးကောင်တွေကတဆင့် ရလာတဲ့ ယားနာတွေကို မ‌ဖြစ်ပေါ်စေဘဲ အစာရှာပျားတွေကတဆင့် ပါလာတဲ့ မှိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

သုတေသနတွေက သက်သေပြထားတဲ့ အချက်ထဲမှာ သတ္တုနဲ့ နီကိုတင်းအသစ် ပိုးသတ်ဆေးတွေ အပါအဝင် ညစ်ညမ်းမှုတွေဟာ ရိုးရိုးပျားတွေရဲ့ ဖွံ့ဖြိုးမှု အစာရှာစွမ်းရည်နဲ့ အသက်ရှင်မှုကို အားနည်းပျက်စီးစေပါတယ်။

ဒါဆို ပျားရည်ထဲမှာ ဘာပါမလဲ။

ပျားရည်ထုတ်လုပ်သူတွေနဲ့ စားသုံးသူ နှစ်ဦးစလုံးဟာ ပျားရည်က စားဖို့ အဆင်ပြေရဲ့လားဆိုတာ သိချင်ကြပါတယ်။ တချို့ စီးပွားဖြစ်ထုတ်လုပ်တဲ့ ပျားရည်တွေဟာ သကြားပါဝင်မှုများပြီး နောက်ပိုင်းမှာတော့ ပျားရည်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုတွေက ပါဝင်နေလား ဆိုတာကိုပါ ခြေရာခံနေကြပါပြီ။

သတင်းကောင်းကတော့ ပျားရည်ထဲမှာပါဝင်တဲ့ သတ္တုပမာဏဟာ အရမ်းနိမ့်ပြီး စိတ်ပူစရာ မလိုတာပါပဲ။ နောင်မဲယားမှာတော့ အဓိက အရည်ကျိုဖိုတွေရှိတဲ့ နီကယ်ဟာ ပျားတွေမှာ ရှိတာထက် ပျားရည်မှာ ပါဝင်မှုဟာ အဆ ၃၀ တောင် နည်းပါတယ်။

တူညီတဲ့ရလဒ်အနေနဲ့ ဩစတေးလျ ဘရိုကန် ဟေးလ်က ပျားရည်ထဲမှာရှိတဲ့ ခဲဓာတ်ဟာ ပျားတွေမှာရှိတာထက် ၁၀ ဆလောက် နည်းပါတယ်။

ပျားတွေက ဇီဝစောင့်ကြည့်ထိန်းသိမ်းသူသက်သက် မဟုတ်ပါဘူး။

ကမ္ဘာကြီးဟာ ဇီဝမျိုးခွဲတွေ ဆုံးရှုံးလာတာ၊ ရာသီဥတု ဖောက်ပြန်တာနဲ့၊ လူဦးရေ ထူထပ်လာတာ၊ ပျံ့နှံ့နေတဲ့ ဓာတုညစ်ညမ်းမှုတွေလို အမျိုးမျိုးသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ စောင့်ကြည့်ထိန်းသိမ်းမှုတွေကို ပိုမိုနားလည်မယ်ဆိုရင် ပျားတွေကိုသုံးပြီး အသက်ဆက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာကောင်းမွန်တဲ့ စိန်ခေါ်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်ဖို့ အခွင့်အလမ်းတွေ ပေးပါလိမ့်မယ်။

ဘာသာပြန်သူ - လီလီ

(ဩစတြေးလျ Macquarie တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ Mark Patrick Taylor ၊  Kara Fry  နဲ့  Max M Gillings  တို့ The conversation  ဝက်ဆိုက်မှာ ရေးသားဖော်ပြထားတဲ့ “How bees can monitor pollution for us – everything from toxic metals to antimicrobial resistance” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013