DVB Logo
Home
Lead Story
စင်ပေါ်ကို ပစ္စည်းတွေ ပစ်ပေါက်တာဟာ ခေတ်ရေစီးကြောင်းအသစ်တော့ မဟုတ်ပါဘူး
DVB
·
August 21, 2023
စင်ပေါ်ကို ပစ္စည်းတွေ ပစ်ပေါက်တာဟာ ခေတ်ရေစီးကြောင်းအသစ်တော့ မဟုတ်ပါဘူး
Donate to DVB

ဂီတသမားတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုဖို့ အခကြေးငွေပေးထားတဲ့သူတွေဟာ အရာဝတ္ထုတွေကို စင်ပေါ်ကို ပစ်ပေါက်တတ်ကြပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်လည်း ပင်မရေစီးကြောင်းနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ မှတ်ချက်ပေးခြင်း၊ ထိတ်လန့်ခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လတ်တလောဖြစ်ရပ်တခုမှာ အမေရိကန် ရက်ပ်အဆိုတော် ကာဒီဘီရဲ့ ဖျော်ဖြေပွဲတခုအတွင်း စင်မြင့်ပေါ်ကို အရည်တွေပက်ခဲ့လို့ အဆိုတော်ဟာ သူ့ရဲ့ မိုက်ခရိုဖုန်းကို လူအုပ်ထဲကို ပစ်ပေါက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ပရိသတ်ထဲက တစုံတဦးက ရဲတပ်ဖွဲ့ဆီမှာ တိုင်တန်းခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်းတွေ၊ နူးညံ့တဲ့အရုပ်တွေ၊ ပန်းစည်းတွေနဲ့ လက်ကိုင်ဖုန်းတွေကို စင်ပေါ်ကို ပစ်ပေါက်ကြတဲ့အခါ ကမ္ဘာပေါ်က အကျော်ကြားဆုံး ဂီတပညာရှင်တွေ၊ မှတ်ချက်ပေးသူတွေနဲ့ နာမည်ကျော်တွေဆီမှာ ဒဏ်ရာနဲ့ အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။

ဖျော်ဖြေပွဲကျင့်ဝတ်ကို ဘာကြောင့် မေ့သွားတာလဲ

“အခုအချိန်မှာ လူတွေက ဖျော်ဖြေပွဲကျင့်ဝတ်တွေကို မေ့သွားကြပြီဆိုတာ သတိထားမိကြလား” လို့ အဆိုတော် အဒဲလ်က မကြာသေးခင်က ထောက်ပြခဲ့ပါတယ်။

ဒီလို စင်ပေါ်ကို ပစ္စည်းတွေပစ်ပေါက်တဲ့ အလေ့ဟာ ကိုဗစ်-၁၉ ကာလအတွင်း တိုက်ရိုက်တင်ဆက်မှုတွေကို ရပ်ဆိုင်းလိုက်ခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဒီလမ်းကြောင်းကို လေ့လာနေတဲ့ ပညာရှင်တချို့က မြင်ပါတယ်။ ပရိသတ်တွေဟာ အထူးသဖြင့် လူအုပ်ကြီးနဲ့ ဖွဲ့စည်းထားတာကြောင့် ဖျော်ဖြေပွဲကျင့်ဝတ်နဲ့ ပတ်သက်ပြီး အလေ့အကျင့် မရှိတာကြောင့် ဖြစ်ပါတယ်။

တခြားသူတွေကတော့ ဒီလိုအပြုအမူဟာ လူမှုကွန်ရက်မီဒီယာ အကြောင်းအရာကတဆင့် ပရိသတ်အသိုင်းအဝန်းအတွင်း သူတို့နှစ်သက်တဲ့ ဖျော်ဖြေတင်ဆက်သူတွေနဲ့ အပြန်အလှန် ဆက်ဆံဖို့ ကြိုးပမ်းမှုကို ကိုယ်စားပြုတယ်လို့ အကြံပြုထားကြပါတယ်။

ဒါပေမဲ့ ဟယ်ရီစတိုင်ကို နှင်းဆီပန်းနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်နဲ့ ဘီဘီရီဟက်ဇ်ရဲ့ မျက်နှာကို ဖုန်းနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်တို့ အမျိုးအစားမတူဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိထားရမှာ ဖြစ်ပါတယ်။ ဒါဟာ ရယ်စရာမဟုတ်ပါဘူး။

သမိုင်းကြောင်းအရ ပစ်ပေါက်ခြင်း

အော်ပရာအဆိုတော်တယောက်ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ကြည်နူးပျော်ရွှင်စေဖို့ ပန်းစည်းတွေ လွှင့်ပစ်တာပဲဖြစ်ဖြစ်၊ ဆိုးရွားလှတဲ့ အဖွင့်ညမှာ အထင်အမြင်သေးစရာတွေကို ဖော်ပြဖို့ သစ်သီးပုပ်ဇာတ်လမ်းက ဖျော်ဖြေတင်ဆက်သူတွေကို ပစ်ပေါက်တာပဲဖြစ်ဖြစ်၊ တိုက်ရိုက်တင်ဆက်မှုမှာ အရာဝတ္ထုတွေကို လွှင့်ပစ်တာဟာ သမိုင်းမှာ အသစ်အဆန်း မဟုတ်ပါဘူး။

၁၈ ရာစုနှောင်းပိုင်းမှာ ထိပ်တန်း ဂီတသမားတွေဟာ အစေခံတွေကနေ ထင်ရှားကျော်ကြားသူတွေအဖြစ် တဖြည်းဖြည်း ကူးပြောင်းလာပြီး ဂီတသမားတွေရဲ့ လူမှုအဆင့်အတန်းဟာ အချိန်နဲ့အမျှ ပြောင်းလဲလာတာကြောင့် ဖျော်ဖြေပွဲ ကျင့်ဝတ်တွေလည်း ရှိလာပါဝယ်။ ဖျော်ဖြေပွဲကျင့်ဝတ်ဟာ ဂီတသမားတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကြားမှာရှိတဲ့ လူမှုရေးစည်းမျဉ်းတွေကို ထင်ရှားစေပါတယ်။ ဒီကျင့်ဝတ်တွေဟာ အဆက်မပြတ် စီးဆင်းနေတဲ့ အခြေအနေရှိပြီး အချိန်၊ နေရာ၊ စတိုင်နဲ့ အမျိုးအစားအလိုက် ကွဲပြားပါတယ်။

ဥပမာ အခုလကုန်ပိုင်းမှာ လူတယောက်ဟာ အော်ပရာဇာတ်ပွဲကို တက်ရောက်ပြီး ညနေခင်းမှာ ပတ်ဝန်းကျင်ရှိသူတွေနဲ့ စကားစမြည်ပြောဆိုရင်း၊ ခြေထောက်တွေကိုလည်း ပွတ်သပ်ကာ ခန်းမအနှံ့နဲ့ ဖျော်ဖြေတင်ဆက်သူတွေကို အော်ပြီး စကားပြောနေမယ်ဆိုရင် ဒီလူဟာ ကျင့်ဝတ်ဖောက်ဖျက်မှုကြီးတခုကို ကျူးလွန်မိနေတာဖြစ်ပြီး အမြန် ကန်ထုတ်ခံရပါလိမ့်မယ်။ ဒါပေမဲ့ ၁၈ ရာစုအလယ်ပိုင်း Parisian အော်ပရာဟောက်စ်မှာ ဒီလို အလားတူ အပြုအမူတွေကို ပြုလုပ်မယ်ဆိုရင်ဝောာ့ အဆင်ပြေပါတယ်။

ပန်းတွေနဲ့ အမှတ်တရပစ္စည်း

ဒီလိုနည်းနဲ့ တချို့ဆက်တင်တွေမှာ ဂီတသမားတွေကို ပန်းတွေ၊ အချစ်မှတ်စုတွေနဲ့ လက်ကိုင်ပဝါတွေလို အရာတွေနဲ့ ပစ်ပေါက်တာဟာ လွဲမှားခြင်းကနေ သာမန်အဖြစ်ကို ကူးပြောင်းသွားပါတယ်။

ဟယ်ရီစတိုင်ကို ပရိသတ်တွေ ပန်းနဲ့မပစ်ပေါက်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀ လောက်တုန်းက တေးရေးဆရာနဲ့ စန္ဒယားဆရာ Franz Liszt ကို သူ့ရဲ့ ၁၈၄၁-၄၁ ဂျာမနီခရီးစဉ်မှာ အမျိုးသမီးအများစုဟာ ပန်းတွေနဲ့ ရေချိုးပေးကြပြီး  ပရိသတ်တချို့က အမှတ်တရပစ္စည်းတွေကို အလုအယက်ယူကာ သူ့ခြေရင်းမှာ ပစ်ချခဲ့ကြပါတယ်။ 

ဒီလို ပရိသတ်တွေက ဂီတပညာရှင်တွေကို ပြုလုပ်တဲ့ အပြုအမူကို စုပြီး “Lisztomania” လို့ အမည်ပေးထားကာ ဒါဟာ အတော်လေး အသစ်အဆန်းဖြစ်ပြီး ကူးစက်ကာ ဝေဖန်ခံရတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ခေတ်ပြိုင်စာရေးဆရာ Heinrich Heine ကတော့ Lisztomania ဟာ သူတို့ခေတ်ရဲ့ ဝိညာဉ်ရေးရာဖျားနာမှု တစိတ်တပိုင်းလို့ ဆိုပါတယ်။

အချိန်ကြာလာတာနဲ့အမျှ၊ ဒီ “စိတ်ကြွရူးသွပ်” တဲ့ ပရိသတ်တွေရဲ့ အပြုအမူတွေဟာ အနည်းဆုံး တချို့အကြောင်းအရာတွေမှာ ပုံမှန်ဖြစ်လာပြီး ဂုဏ်ပြုခြင်း‌တောင် ဖြစ်လာပါတယ်။

ဖျော်ဖြေပွဲရဲ့ကျင့်ဝတ်ကို ပြောင်းလဲခြင်း

ဂီတသမားတွေဟာ ဖျော်ဖြေပွဲရဲ့ ကျင့်ဝတ်နဲ့ စပ်လျဉ်းပြီး အပြောင်းအလဲရဲ့ ကိုယ်စားလှယ် ဖြစ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက တွန်ဂျုန်းစ်က ပရိသတ်တယောက်က အတွင်းခံဘောင်းဘီကို ပထမဆုံးအကြိမ် ပစ်ပေါက်တာကို ပြန်ပြောင်းပြောပြပါတယ်။ နယူးယောက်ခ်မှာရှိတဲ့ Copacabana မှာ ဖျော်ဖြေပြီး ချွေးထွက်အောင်လုပ်ရင်း ပရိသတ်တွေက သူ့ကို လက်သုတ်ပုဝါတွေ ပေးခဲ့ပါတယ်။ အမျိုးသမီးတဦးက‌တော့ အတွင်းခံဘောင်းဘီကို ပစ်ခဲ့ပါတယ်။ တွန်ဂျုန်းစ်က ကောက်ယူပြီး သူ့ရဲ့မျက်ခုံးကို သုတ်ကာ ကျေးဇူးတင်ပါတယ်၊ အအေးမမိပါစေနဲ့ဆိုပြီး ပြန်ပစ်ပေးခဲ့ပါတယ်။ စင်ပေါ်မှာ ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်နေတာကို သင်ခန်းစာယူပြီး အဲဒါကို မင်းရဲ့ အားသာချက်ဖြစ်အောင်လုပ်၊ လွှတ်မပစ်လိုက်နဲ့လို့ ဂျုန်းစ်က ဆိုပါတယ်။

ဂျုန်းရဲ့ ဒီလိုအပြုအမူအသစ်နဲ့ ထိတွေ့ဆက်ဆံမှုဟာ ဂီတပညာရှင်များစွာနဲ့ ဆက်စပ်နေတဲ့ clichéd fan အပြုအမူတခု ဖြစ်လာပြီး အပြုသဘောဆောင်တဲ့ အားဖြည့်မှုတခု ဖြစ်စေခဲ့ပါတယ်။

ဖျော်ဖြေပွဲတွေမှာ ပစ္စည်းတွေ လွှင့်ပစ်တာက နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ အဒဲလ်ဟာ လူအုပ်ထဲကို တီရှပ်နဲ့ပစ်ခြင်း ဒါမှမဟုတ် ချာလီဝတ်စ်ဟာ ဖျော်ဖြေပွဲအပြီးမှာ ပရိသတ်ကို သူ့ရဲ့ ဒရမ်ချောင်းနဲ့ ပစ်ပေါက်တဲ့ လုပ်ရပ်တွေဟာ ဖျော်ဖြေပွဲရဲ့ တစိတ်တပိုင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဟုတ်ဘူးလို့ တကမ္ဘာလုံးက ရှုမြင်ကြပါတယ်။

နောက်ဆုံးမှာ ဖျော်ဖြေပွဲကျင့်ဝတ်ဟာ အန္တရာယ်ဖြစ်စေတဲ့ တစုံတရာကို ပစ်ပေါက်ခြင်း ဒါမှမဟုတ် အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ပစ်ပေါက်တာကို ဘယ်အခါကမှ ခွင့်မပြုပါ။ ဆိုရှယ်မီဒီယာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကြမ်းဖက်မှုတွေဆီ ဦးတည်သွားနေတယ် ဆိုရင် တိုက်ရိုက်‌ဖျော်ဖြေတဲ့ ဂီတပွဲ‌တွေက ဒုက္ခရောက်ပါလိမ့်မယ်။

ထပ်လောင်းလုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေ၊ လေဆိပ်ပုံစံစစ်ဆေးခြင်းနဲ့ ပရိသတ်စစ်ဆေးခြင်း စတဲ့ အရေးယူဆောင်ရွက်မှုတွေဟာ လျင်မြန်စွာ သာမန်အဖြစ်ကို ပြောင်းလဲသွားပါမယ်။ လစ်ဇ်နဲ့ တွမ်ဂျုန်းစ်လို အနုပညာရှင်တွေဟာ ပြောင်းလဲမှုရဲ့ တခုတည်းသော အေးဂျင့်မဟုတ်တာ သတိရပါ။ ငါတို့လည်း ဖြစ်နိုင်ပါတယ်။

ပါမောက္ခ တင်မသီမက်ကန်နရီ 

ဘာသာပြန်သူ- လီလီ

Ref: The conversation

(Theconversation.com ဝက်ဆိုက်မှာ  ဩစတြေးလျ ကတ်သလစ်တက္ကသိုလ် ဂီတပညာ ပါမောက္ခ  Timothy McKenry ရေးသားထားတဲ့  “Throwing things on stage is bad concert etiquette – but it’s also not a new trend” ဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြသည်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013