DVB Logo
Home
Lead Story
အရှေ့အာရှမှာ ကျား၊ မ တန်းတူညီမျှမှုရရှိဖို့ ၁၈၉ နှစ် လိုအပ်ပါတယ်
DVB
·
July 17, 2023
အရှေ့အာရှမှာ ကျား၊ မ တန်းတူညီမျှမှုရရှိဖို့ ၁၈၉ နှစ် လိုအပ်ပါတယ်
Donate to DVB

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံတွေဟာ ကျား၊ မ ကွာဟမှု နီးစပ်လာစေဖို့ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှထက် ၅၈ နှစ် အချိန်ပိုယူရမယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ ကမ္ဘာ့ပျမ်းမျှ ၁၃၁ နှစ်နဲ့ နှိုင်းယှဉ်ပါက ၁၈၉ နှစ် အချိန်ယူရမှာဖြစ်တယ်လို့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးနဲ့ ကျန်းမာရေးတို့ ပါဝင်တဲ့ ကမ္ဘာ့ကျား၊ မ ရေးရာ တန်းတူညီမျှမှုရရှိရေး တိုးတက်မှုကို ခြေရာခံတဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။

ကမ္ဘာတဝန်းက ကျား၊ မ ကွာဟချက်ဟာ ကပ်ရောဂါအကြိုအဆင့်လို ၆၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ နီးစပ်လာပေမဲ့ “အလုံးစုံပြောင်းလဲမှုနှုန်းဟာ သိသိသာသာ နှေးကွေးသွားတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

ကြီးမားတဲ့ ကွာဟချက်တွေနဲ့ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အရှိန်အဟုန်ပြင်းပြင်း တိုးတက်မှုဟာ အသစ်ပြန်လည်လုပ်ဆောင်ဖို့ အရေးပေါ်ကိစ္စရပ်တခုကို ဖန်တီးပေးတယ်လို့ WEF မန်နေဂျင်းဒါရိုက်တာ ဆာဒီရာဇာဟီဒီက အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။ 

“ကျားမ တန်းတူညီမျှမှုဆီကို အရှိန်မြှင့်ခြင်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ရလဒ်တွေကို တိုးတက်စေရုံသာမက စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို ပိုမိုကျယ်ပြန့်စွာ အကျိုးပြုစေကာ၊ တိုးတက်မှုကို ပြန်လည်ရှင်သန်စေတာ၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်တာနဲ့ ခံနိုင်ရည်အား တိုးမြင့်လာစေတယ်” လို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အစီရင်ခံစာပါ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှာ ဖော်ပြထားတဲ့ ကျန်းမာရေးနဲ့ ပညာရေးမှာ ကျား၊ မ ကွာဟမှုဟာ နီးကပ်လာပြီး ၉၆ ရာခိုင်နှုန်းနဲ့ ၉၅ ဒသမ ၂ ရာခိုင်နှုန်းအထိ အသီးသီး ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာတော့ ကိန်းဂဏန်းတွေက ၆၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၂၂ ဒသမ ၁ ရာခိုင်နှုန်းသာ အသီးသီး ရှိနေပါတယ်။

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားတို့ အပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ တိုးတက်မှုဟာ အကြီးအကျယ် ရပ်တန့်နေပါတယ်။ ကျား၊ မ ကွာဟချက်ဟာ လွန်ခဲ့တဲ့နှစ်က ၀ ဒသမ ၂ ရာခိုင်နှုန်းပွိုင့်နဲ့ ၆၈ ဒသမ ၈ ရာခိုင်နှုန်းကို တိုးလာခဲ့ရာ WEF တွက်ချက်မှုတွေအရ ၁၀၀ ရာခိုင်နှုန်းရောက်ရှိဖို့ ခန့်မှန်းခြေ ၁၈၉ နှစ် ကြာမယ်လို့ ဆိုလိုပါတယ်။

ဥရောပ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့ဟာ ကျား၊ မ ကွာဟချက်နည်းတဲ့ ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်နေပြီး ကျား၊ မ ကွာဟချက်ကို မရှိစေဖို့ ၆၇ နှစ်၊ ၉၅ နှစ်နဲ့ ၅၃ နှစ် အသီးသီး အချိန်ယူရမယ်လို့ WEF က ခန့်မှန်းထားပါတယ်။

လက်တင်အမေရိကရဲ့ ကျား၊ မ တန်းတူညီမျှမှုအဆင့်ဟာ အခုအခါ ဥရောပနဲ့ မြောက်အမေရိကတို့ နောက်မှာ ရှိနေပေမဲ့ တိုးတက်မှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လျက် ရှိပါတယ်။

တောင်အာရှဟာ အဆိုပါဒေသတွေရဲ့ နောက်မှာရှိပြီး ကျား၊ မ တန်းတူညီမျှမှုရရှိဖို့ ၁၄၉ နှစ် ကြာမယ်လို့ WEF က ခန့်မှန်းထားပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို လူနေထူထပ်တဲ့ နိုင်ငံတွေက တိုးတက်မှုတွေနဲ့ ကူညီပေးခဲ့တာ‌ကြောင့် ၂၀၂၂ ခုနှစ် အစီရင်ခံစာ ထုတ်ဝေမှုနောက်ပိုင်း ကွာဟချက်ရဲ့ ၆၃ ဒသမ ၄ ရာခိုင်နှုန်းဟာ ၁ ဒသမ ၁ မှတ်အထိ တိုးလာခဲ့ပါတယ်။

စီးပွားရေး တန်းတူညီမျှမှုဟာ ဝေးကွာတဲ့ ပန်းတိုင်တခုအဖြစ် ဆက်လက်တည်ရှိနေပေမဲ့ ဒီသုံးနိုင်ငံဟာ လုပ်သားအင်အားပါဝင်မှုနဲ့ ခန့်မှန်းရငွေလို နယ်ပယ်တွေမှာ တိုးတက်လာပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ နယူးဇီလန်ဟာ သူ့ရဲ့ ကျား၊ မ ကွာဟချက်ကို ပျမ်းမျှ ၈၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အနီးစပ်ဆုံး အမြင့်ဆုံးရမှတ်ဖြစ်ပြီး ဖိလစ်ပိုင်က ၇၉ ဒသမ ၁ ရာခိုင်နှုန်း၊ သြစတြေးလျက ၇၇ ဒသမ ၈ ရာခိုင်နှုန်းနဲ့ စင်ကာပူက ၇၃ ဒသမ ၉ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံဟာ တခြားချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဝေးကွာပြီး ရမှတ် ၆၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ်က ၉ နေရာ လျော့ကျသွားပြီး အဆင့် ၁၂၅ ကို ကျဆင်းသွားခဲ့ပါတယ်။ ဇွန်လ သီတင်းပတ်ကုန်မှာ တိုကျိုမြို့မြောက်ဘက်နစ်ကိုမှာ ကျားမတန်းတူညီမျှမှု တိုးတက်စေရေးဆိုင်ရာ ခုနစ်ဖွဲ့ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး တက်ရောက်လာသူတွေအနေနဲ့ အကြောင်းရင်းကို မြှင့်တင်ဖို့နဲ့ အမျိုးသမီးတွေ စွမ်းဆောင်နိုင်ပုံကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

G7 ရဲ့ တခုတည်းသော အာရှနိုင်ငံဟာ အမျိုးသမီး နိုင်ငံရေး စွမ်းဆောင်နိုင်မှုမှာ အဆင့်အနိမ့်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး ကျား၊ မ ကွာဟမှုရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းကိုသာ နီးစပ်ပါသေးတယ်။

အမျိုးသမီးနိုင်ငံရေးသမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရွေးကောက်ပွဲတွေမှာ ပိုမိုထင်ရှားပေါ်လွင်လာပေမဲ့ ပါလီမန်လွှတ်တော်နဲ့ ဝန်ကြီးရာထူး ၉၀ ရာခိုင်နှုန်းလောက်ကို အမျိုးသားတွေကသာ ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ပြီး ဂျပန်နိုင်ငံမှာ အမျိုးသမီးဝန်ကြီးချုပ် တဦးကိုမှ မတွေ့ရသေးပါဘူး။

ဂျပန်နိုင်ငံဟာ ခန့်မှန်းခြေ ဝင်ငွေ ၁ ဒသမ ၁ ရာခိုင်နှုန်းက သာတူညီမျှ နီးကပ်လာတာကြောင့် စီးပွားရေးနယ်ပယ်မှာ တိုးတက်မှုတချို့ကို မြင်တွေ့ခဲ့ရပေမဲ့ ကျား၊ မ ကွာဟမှု ၅၆ ဒသမ ၁ ရာခိုင်နှုန်းဟာ ကမ္ဘာ့ပျမ်းမျှထက် နိမ့်နေပါသေးတယ်။

အမျိုးသမီးတွေဟာ ဂျပန်နိုင်ငံရဲ့ အကြီးတန်းရာထူးတွေရဲ့ ၁၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက သူဟာ ကုမ္ပဏီတွေမှာ အမျိုးသမီး ကိုယ်စားပြုမှုကို တိုးမြှင့်လိုပြီး ၂၀၃၀ ခုနှစ်မှာ ထိပ်တန်းကော်ပိုရေးရှင်းတွေရဲ့ ၃၀ ရာခိုင်နှုန်း ရည်မှန်းချက်ကို ချမှတ်ခဲ့ပါတယ်။

လီလီ

Ref: Nikkei Asia/WEF

(ဂျပန်သတင်းဌာနတခုဖြစ်တဲ့  Nikkei Asia  ဝက်ဆိုက်မှာ SAYUMI TAKE  ရေးသားထားတဲ့ “East Asia needs another 189 years to achieve gender equality: WEF” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013