DVB Logo
Home
Lead Story
ရာသီဥတု ဖောက်ပြန်မှုဟာ ပြင်းထန်တဲ့ အပူရှိန်ကို ဖြစ်ပေါ်စေပါတယ်
DVB
·
June 30, 2023
ရာသီဥတု ဖောက်ပြန်မှုဟာ ပြင်းထန်တဲ့ အပူရှိန်ကို ဖြစ်ပေါ်စေပါတယ်
Donate to DVB

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ်အတွင်း အာရှတခွင်နဲ့ ပြင်ပမှာ အပူလှိုင်းတွေ စံချိန်တင်ချိုးခဲ့ပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ ပိုမိုပြင်းထန်တဲ့ အပူချိန်ကို ဆိုလိုပါတယ်။

အပူချိန်ဟာ နေရာတခုရဲ့ အခြေခံပေါ်မူတည်ပြီး ပျမ်းမျှအပူချိန်ကို သတ်မှတ်ပေမဲ့ ကမ္ဘာတဝန်းမှာတော့ တနေရာနဲ့တနေရာ အခြေခံသတ်မှတ်ချက်တွေ မတူကြပါဘူး။

ဥပမာ- ၂၅ ဒီဂရီစင်တီဂရိတ် (၇၇ ဒီဂရီဖာရင်ဟိုက်) ဟာ နွေဦးပေါက်ရာသီမှာ ကနေဒါနိုင်ငံရဲ့ နေရာအတော်များများမှာ စံချိန်ချိုးနိုင်‌ပေမဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာတော့ ဒီအပူချိန်ဟာ အလားတူကာလတွေအတွက် ပျမ်းမျှအောက် ဖြစ်နိုင်ပါတယ်။

“ဖန်လုံအိမ်ဓာတ်ငွေ့တွေက အပူကို စုပ်ယူနေတာဟာ ပြဿနာရဲ့ အရင်းခံပါပဲ” လို့ New South Wales တက္ကသိုလ်ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနစင်တာက ကထိက မာတင်ဂျက်ကာ က ပြောကြားခဲ့ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရပ်အောက်ဆိုဒ်လို ဓာတ်ငွေ့တွေဟာ လေထုထဲက အပူကို ရောင်ပြန်ဟပ်ခြင်း ဒါမှမဟုတ် ဆုံးရှုံးခြင်းကို ဟန့်တားတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဒီ‌လုပ်ငန်းစဉ်တွေ ဟန်ချက်ညီတဲ့အခါ ကမ္ဘာဂြိုဟ်ဟာ နေထိုင်နိုင်တဲ့ အပူချိန်မှာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေထုအတွင်းက ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မရပ်တန့်နိုင်အောင် တိုးလာတာကြောင့် အပူတွေ ပိုမိုပိတ်မိလာပြီး ကမ္ဘာကြီး ပူနွေးလာမှုနဲ့ တခြားရာသီဥတု ကွဲလွဲသက်‌ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဥပမာ ပူနွေးတဲ့လေဟာ အစိုဓာတ်ကို ပိုထိန်းထားပြီး အားကောင်းတဲ့ မုန်တိုင်းတွေကို မကြာခဏ ဖြစ်ပေါ်စေပါတယ်။

ယေဘုယျအားဖြင့် ရာသီဥတုပြောင်းလဲမှုဟာ အပူလှိုင်းတွေရဲ့ ကြာချိန်၊ ပြင်းထန်မှုနဲ့ ပထဝီဝင် အနေအထားကို ပိုမိုအားကောင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီလို အပူလွန်ကဲတဲ့ပြဿနာဟာ တချို့နေရာတွေမှာ မြို့ပြတွေတည်ဆောက်တာကြောင့် ပိုမိုဆိုးရွား ပြင်းထန်လာပါတယ်။ “heat Island Effect” လို့ ခေါ်ဆိုကြပြီး မြို့ပြအစုအဝေးတွေဟာ ပတ်ဝန်းကျင် ကျေးလက်ဒေသတွေထက် ပိုမိုပူနွေးလာပါတယ်။

ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် မြို့ပြမှာ စိမ်းလန်းမှု အရမ်းနည်းပြီး ကွန်ကရစ်၊ ကတ္တရာနဲ့ တခြားအဆောက်အဦပစ္စည်းတွေက အပူကိုစုပ်ယူကာ အရိပ်မလုံလောက်တာကြောင့် ဖြစ်ပါတယ်။

လေအေးပေးစက်တွေလို အအေးပေးနည်းပညာတွေကို အသုံးပြုတာကလည်း ရာသီဥတု အကျပ်အတည်းရဲ့ နောက်ကွယ်က ပထမနေရာမှာရှိနေတဲ့ ရုပ်ကြွင်းလောင်စာတွေ အပါအဝင် စွမ်းအင်လိုအပ်ချက်ကို မြင့်တက်လာစေပါတယ်။

“အခုအခါ ကမ္ဘာပေါ်က အပူလှိုင်းတိုင်းဟာ ပိုမိုအားကောင်းလာပြီး လူကြောင့်ဖြစ်ရတဲ့ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေ ပိုများလာတယ်” လို့ Imperial College London က သိပ္ပံပညာရှင် Friederike Otto က ပြောကြားခဲ့ပါတယ်။

ပုံမှန်အပူချိန်ထက် မြင့်မားတဲ့ အပူချိန်ကို ထိတွေ့တာဟာ အပူဒဏ်နဲ့ ရေဓာတ်ခန်းခြောက်ခြင်းကနေ နှလုံးသွေးကြောဆိုင်ရာ ဖိစီးမှုအထိ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

နဂိုရှိပြီးသား နှလုံးရောဂါရှိသူတွေဟာ အပူဒဏ်ကို ခန္ဓာကိုယ်က တုံ့ပြန်မှုဖြစ်ပြီး အအေးခံဖို့အတွက် အရေပြားက သွေးတွေကို ပိုစုပ်ပေးတာကြောင့် အထူးသဖြင့် ထိခိုက်လွယ်ပါတယ်။

သက်ကြီးရွယ်အို‌တွေနဲ့ နေမကောင်းဖြစ်သူတွေဟာ အန္တရာယ်ပိုရှိတာ‌ကြောင့် အပြင်ဘက်မှာ အလုပ်လုပ်သူတွေနဲ့ လေအေးပေးစက်မရှိတဲ့ နေရာတွေမှာ နေထိုင်သူတွေဟာ အန္တရာယ်ပိုပြီး ခံစားရနိုင်ခြေရှိပါတယ်။

မေလက လေ့လာမှုတခုအရ ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံဟာ လက်ရှိရာသီဥတုလမ်းကြောင်းရဲ့ ရာစုနှစ်အကုန်မှာ ပြင်းထန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အပူဒဏ်ကို ကြုံတွေ့ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

“လက်ရှိအဆင့်ထက် ၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ပူနွေးမှုတိုင်းအတွက်၊ လူပေါင်း သန်း ၁၄၀ ခန့်ဟာ အန္တရာယ်ရှိတဲ့ အပူဒဏ်ကို ခံရလိမ့်မယ်” လို့ Nature Sustainability မှာထုတ်ဝေတဲ့ လေ့လာမှုက သတိပေးထားပါတယ်။

လီလီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013