DVB Logo
Home
Lead Story
နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ယုံကြည်မှုကို မရနိုင်ဘဲ ရှုတ်ချခံရတဲ့ မြန်မာစစ်အစိုးရ
DVB
·
June 20, 2023
နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ယုံကြည်မှုကို မရနိုင်ဘဲ ရှုတ်ချခံရတဲ့ မြန်မာစစ်အစိုးရ
Donate to DVB

ဆိုင်ကလုန်း မိုခါဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းကို ပျက်စီးစေပြီးတဲ့နောက် တလအကြာမှာ နိုင်ငံတကာက စစ်အစိုးရရဲ့ တုံ့ပြန်မှုကို အကြီးအကျယ် စိုးရိမ်မကင်း စောင့်ကြည့်နေပါတယ်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ လူထောင်ပေါင်းများစွာကို စစ်အစိုးရက နိုင်ငံတကာက အထင်ကြီးစေဖို့ ကူညီထောက်ပံ့ခဲ့ပေမဲ့ စစ်အစိုးရကို နိုင်ငံတကာက သံသယတွေနဲ့ ဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။

ဘန်ကောက်မြို့ရှိ မြန်မာသံတမန်ရဲ့ လက်ထောက်အကြီးအကဲ ဦးသန်းထွေးက မီဒီယာတွေကို ​ပေးပို့လိုက်တဲ့ မှတ်ချက်မှာ စစ်ကောင်စီ (SAC) ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်၊ ထိရောက်တဲ့ လုပ်ဆောင်ချက်နဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသူတွအတွက် ပြန်လည်နေရာချထားရေး အစီအစဉ်ကို လျင်မြန်စွာ လုပ်ဆောင်နိုင်တဲ့ ရေရှည်စီမံကိန်း ရေးဆွဲနိုင်တဲ့စွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အိမ်ခြေ ၁၈၃,၀၀၀ ကျော်၊ ဘာသာရေး အဆောက်အဦများ၊ ဆေးရုံတွေနဲ့​ စာသင်ကျောင်းတွေ ဆိုးရွားစွာပျက်စီးခဲ့ပြီး မေလ ၂၂ ရက်နေ့အထိ လေဘေးကြောင့် လူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ သူက ဆိုထားပါတယ်။

နိုင်ငံခြားသတင်းအေဂျင်စီတွေက ထုတ်ပြန်တဲ့ ပျက်စီးမှုဓာတ်ပုံတွေဟာ နိုင်ငံတကာကို အံ့အားသင့်စေခဲ့ပြီး SAC ရဲ့ တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်ဟာ မှား​ယွင်း​​​နေတယ်လို့ လူအများက သံသယရှိနေကြပါတယ်။ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးမှုမှာ ၁၄၈ ဦးအထိ တိုးလာပါတယ်။

မဟာမိတ်နိုင်ငံတွေက မုန်တိုင်းဒဏ်သင့် ရပ်ရွာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိတယ်လို့ ဦးသန်းထွေးက ပြောဆိုခဲ့ပြီး SAC မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့ဝင်တွေကို ကြိုဆိုပါတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ​ပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့ဟာ မြန်မာသံတမန်တွေရဲ့ ပြောဆိုချက်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ လိုအပ်ချက်​​များရှိတဲ့ လေဘေးသင့် အသက်ရှင်ကျန်ရစ်သူတွေဆီကို သွားရောက်ဖို့ ကြိုးပမ်းနေတဲ့ အကူအညီပေးရေး ပရဟိတသမားတွေကို မြန်မာစစ်အစိုးရက ရပ်ဆိုင်းထားခဲ့တယ်လို့ ဇွန် ၁၃ ရက်မှာ ကုလသမဂ္ဂက စွပ်စွဲခဲ့ပါတယ်။

တချိန်တည်းမှာပင် ဂျကာတာအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များက ဇွန်လ ၁၅ ရက်နေ့က မုန်တိုင်းကြောင့် စစ်အစိုးရဲ့ ပိတ်ဆို့လုပ်ဆောင်မှုများအပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“ဆိုင်ကလုန်း မိုခါမှ အသက်ရှင် ကျန်ရစ်သူတွေအနက် တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ နေထိုင်သူတွေရဲ့ ကောင်းကျိုးကို ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်” လို့ APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်အဖွဲ့ဝင် မာဆီဘရန့်ဒ်က ပြောကြားခဲ့ပါတယ်။

အလှူရှင်နိုင်ငံတွေနဲံ အကူအညီပေးရေးအဖွဲ့တွေက သူတို့ရဲ့ အကူအညီတွေကို ဒေသခံ တိုင်းရင်းသားတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီ တိုက်ရိုက်လှူဒါန်းဖို့ သူက တိုက်တွန်းအားပေးခဲ့ပါတယ်။

အလားတူစွပ်စွဲချက်ဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွင်း လူပေါင်း ၂၀,၀၀၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နအဖ) လက်ထက်မှာ စစ်အစိုးရရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်အမှတ်ရစေတယ်လို့ APHR မှ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ တိုတောင်းသော ဒီမိုကရေစီကို ရုတ်ခြည်း အဆုံးသတ်လာတဲ့အတွက် ယခုအခါ နိုင်ငံဟာ အဘက်ဘက်မှာ ဆုတ်ယုတ်လာတဲ့နိုင်ငံ ဖြစ်လာပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့လက်ထောက်တွေကို အရေးယူ ထောင်ချပြီး ဒီမိုကရေစီလိုလားတဲ့အဖွဲ့ကို ရက်ရက်စက်စက် နှိမ်နင်းကာ ပြည်သူအများအပြားကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။

အဲဒါကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များနဲ့ အကူအညီပေးရေး လုပ်သားတွေဟာ သူတို့ရဲ့ တာဝန်တွေကို ဆန့်ကျင်ဘက် လူသတ်သမား မပါဝင်ဘဲ ကူညီလုပ်ဆောင်ရာမှာ အဆက်မပြတ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး စစ်အစိုးရခေါင်းဆောင်က စေ့စပ်ညှိနှိုင်းတာတွေက တဆင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ရှောင်ရှားခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့အမည်ကို ဝါဒဖြန့်ခြင်းမှ ပုံရိပ်ကောင်းဖို့ မတည်ဆောက်နိုင်ခဲ့ပါ။ စစ်အုပ်စိုးရှင်မ လေဘေးသင့်ဒေသမှ နေထိုင်သူများဆီကို ရောက်ရှိပြီး အကူအညီပေးရေး ပရဟိတအဖွဲ့များရဲ့ လုပ်ငန်းများကို ကူညီပေးရမှာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီကို အပေးအယူလုပ်လို့ မရပါဘူး။

ငှက်မွှေးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013