DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို အဓမ္မပြောင်းရွှေ့
DVB
·
April 27, 2023
ကျောက်ဖြူ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို အဓမ္မပြောင်းရွှေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုရှိ၊ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို ဧပြီ ၂၃ ရက်ကစပြီး မေလ ၁၄ ရက်နေ့အတွင်းလုံးပြောင်းရွေ့ပေးဖို့ စစ်ကောင်စီက အဓမ္မရွှေ့ပြောင်းခိုင်းနေတယ်လို့  ဒုက္ခသည်တွေက ပြောပါတယ်။

ဧပြီ ၂၄ ရက်က မြို့နယ်တာဝန်ရှိသူတွေနဲ့ ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးထိန်လင်း ကိုယ်တိုင်လာရောက်ပြီး ဒုက္ခသည်တွေကို နေရာသစ်သို့ ပြောင်းရွှေ့နေတာကို လာရောက်ကြည့်ရှုခဲ့တယ်လို့လည်း  မွတ်ဆလင်ဒုက္ခသည်တွေက ပြောပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းနေ အမျိုးသားတဦးက “ကျနော်တို့ လုံးဝမပြောင်းချင်ကြဘူး။ ပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုမှာ ဖြစ်တဲ့အတွက် ထွေအုပ်က အဓမ္မပြောင်းခိုင်းတယ်။ အဲ့ဒီနေရာမှာ လူတွေနေဖို့ လုံးဝအဆင်မပြေပါ။ ရေမရှိဘူး။ လျှပ်စစ်မီးမရှိဘူး။ မိုးရာသီ ရေလွှမ်းတယ်။ ဝတ်ပြုဆောင် မရှိဘူး၊ မြို့နဲ့လည်းဝေးတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လုံးဝမပြောင်းနိုင်ကြတာ”လို့ပြောပါတယ်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ မွတ်စလင်အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၁၅၀၀ ကျော်ရှိနေထိုင် နေကြတာပါ။ 

သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ကျောက်ဖြူမြို့ပေါ်က အရာရှိ ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် အဲဒီလူတွေရဲ့အိမ်တွေဖျက်ဆီးခံရပြီး ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေခဲ့တာ အခုဆိုရင် ၁၂ နှစ်နီးပါးရှိအထိ ရှိနေပါပြီ။

မွတ်စလင်တွေကတော့ သူတို့ပြောင်းရမယ့် နေရာသစ်ဟာ မြို့နဲ့အလှမ်းဝေးပြီး လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့အတွက် ဒီစခန်းသစ်သို့ မပြောင်းရွေဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြပြီး မြို့ပေါ်ရှိ သူတို့ရဲ့မူလနေရာတွေ ပြန်မရရင်တောင် မြို့နဲ့အနီးဆုး နေရာချထားပေးဖို့ NLD အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြပါသေးတယ်။

ဒါပေမဲ့ သူတို့ကို ပြန်လည်နေရာချထားဖို့ ကျောက်ဖြူမြို့နဲ့ ၃ မိုင်ဝေးတဲ့ နေရာသစ်တခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က စီစဉ်ထားခဲ့ပါတယ်။

နေရာသစ်မှာ လူနေအိမ် ၃၆၃ လုံး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရေမီးရရှိရေး အပါအဝင် မြေယာလျော်ကြေးပေးဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေထဲမှငွေကျပ် သန်းပေါင်း  ၂၀၀၀ ကျော်အထိ အသုံးပြုပြီး တည်ဆောက်ထားခဲ့ကြတာပါ။

မြေနေရာသစ်မှာ ဆောက်လုပ်ထားတဲ့နေအိမ်တွေဟာ တအိမ်ကို ကျပ်  ၂၅ သိန်းကုန်ကျပြီး အလျား ၂၂ ပေ၊ အနံ ၁၂ ပေရှိတဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်အခင်းဖြစ်ပေမဲ့ အရည်အသွေး အလွန်နိမ့်လို့ ရေရှည်လူနေထိုင်လို့ မရဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

လက်ရှိ ကျောက်တစ်လုံးစခန်းရှိနေအိမ်တွေကို UNHCR ကဆောက်လုပ်ပေးထားတာဖြစ်ပြီး ဒီနေအိမ်တွေကိုလည်း  အာဏာပိုင်တွေကို ဖြိုယူခွင့်မပေးဘူးလို့ ဒုက္ခသည်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013