DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ရခိုင်နှင့်ချင်းတွင် စစ်ရှောင်ဦးရေ ၇၈,၀၀၀ ကျော်ရှိလာ
DVB
·
March 31, 2023
တိုက်ပွဲကြောင့် ရခိုင်နှင့်ချင်းတွင် စစ်ရှောင်ဦးရေ ၇၈,၀၀၀ ကျော်ရှိလာ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင်ဦးရေ ၇၈,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အဲဒီထဲမှာတော့ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုက စစ်ဘေးရှောင် ၇၃,၄၅၈ ယောက်ဝန်းကျင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ၄,၆၃၂ ယောက်လောက် ပါဝင်နေတာဖြစ်ပြီး အခုမတ်လအထိ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေက အသစ်ထပ်မံ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၁,၁၇၂ ယောက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မတ် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ UNHCR အနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ လတ်တလောအချိန်အထိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ ပလက်ဝ၊ ဘူးသီးတောင်နဲ့ ရသေ့ တောင်မြို့နယ်တွေက စစ်ဘေးရှောင် ၂၆,၃၄၇ ယောက်ကို အစားအစာမဟုတ်တဲ့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေ၊ အရေးပေါ် ယာယီအမိုးအကာတွေ၊ အမျိုးသမီးသုံး ပစ္စည်းတွေ၊ အဝတ်စမျက်နှာ-နှာခေါင်း စည်းတွေ ပါဝင်တဲ့ အဓိက ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ပေးပို့ထောက်ပံ့ထားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း လက်ရှိအချိန်ထိ ကွင်းဆင်းဆောင်ရွက်မှုအကြိမ်ရေ ၁၇ ကြိမ် ဆောင်ရွက်ထားပေမယ့် အထူးသဖြင့် ကျေးလက်နေရာတွေနဲ့ တချို့သော တိုက်ပွဲရှောင်စုရပ်တွေဆီ အကူအညီပေးရေးမှာ လက်လှမ်းမီဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်မြင့်တက်နေမှုကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည် သူ ၁ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ ၁ ဒသမ ၇ သန်းကျော်ထဲမှာ ၁ ဒသမ ၄ သန်းနီးပါးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာနေကြရသူတွေ ဖြစ်ကြပါတယ်။

နေရပ်စွန့်ခွာနေရသူ အများဆုံးမှာတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၉၄၃,၁၀၀ ဦးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ၄၀၉,၄၀၀ ဦးတို့နဲ့ အများဆုံး စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုတွေ ကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိမ်းရှောင်နေရသလို ကချင် ပြည်နယ်မှာလည်း စစ်ဘေးရှောင်တွေ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013