DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအမှုပေါင်း ၁၀၀၀ ခန့် တရားစွဲထားဟု စစ်ကောင်စီဩဇာခံ ကော်မရှင်ပြော
DVB
·
May 19, 2022
ရွေးကောက်ပွဲအမှုပေါင်း ၁၀၀၀ ခန့် တရားစွဲထားဟု စစ်ကောင်စီဩဇာခံ ကော်မရှင်ပြော
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှုပေါင်း ၁၀၀၀ လောက် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက မေလ ၁၉ ရက် ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရွေးကောက်ပွဲဥပဒေအရ ရဲစခန်းတွေမှာ တရားစွဲဆိုထားတာ ၅၄၆ မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ ပြုကျင့်မှုတွေကို တရားစွဲဆိုတာက ၇၈ မှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်တာအတွက် တရားစွဲဆိုတာက အမှု ၃၇၀ ရှိတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကာလ သတင်းတွေအရတော့ ကော်မရှင်တံဆိပ်တုံး အတုလုပ်တာအပါအဝင် မသမာမှုတွေကို ရွေးကောက်ပွဲနေ့မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးမိခဲ့ပေမဲ့ အရေးယူတာမရှိပါဘူး။  

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ လဝက စာရင်း၊ မှတ်ပုံတင်တို့နဲ့ တိုက်ဆိုင် စာရင်းလုပ်တာမဟုတ်ဘဲ အရှိအတိုင်း စာရင်းလုပ်လို့ မဲဆန္ဒရှင်စာရင်းမှာ ၁၁ ဒသမ ၃ သန်းကျော်ဟာ မှားယွင်းပြီး မသမာလုပ်နိုင်တယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု ၂၉ မှု၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၄၅ မှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၂၈၇ ခု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အခြေခံမဲဆန္ဒရှင်စာရင်းကို တိုက်ဆိုင်စစ်ဆေးနေပြီး စစ်ဆေးဖို့ ၂၅ မြို့နယ်ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ်အနိုင်ခဲ့ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ အစိုးရတွေက သတ်မှတ်ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ စစ်တပ်က မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုလည် ပယ်ဖျက်ကြောင်းကြေညာကာ နောက်ထပ် ရွေးကောက်ပွဲသစ် ထပ်မံ ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013