DVB Logo
Home
မြန်မာသတင်း
အခွန်အကောက်ဥပဒေသစ် စစ်ကောင်စီပြဋ္ဌာန်း၊ အရက်နှင့် ဘီယာအပေါ် ၆၀ ရာခိုင်နှုန်း အခွန် ဆက်ကောက်မည်
DVB
·
April 6, 2022
အခွန်အကောက်ဥပဒေသစ် စစ်ကောင်စီပြဋ္ဌာန်း၊  အရက်နှင့် ဘီယာအပေါ် ၆၀ ရာခိုင်နှုန်း အခွန် ဆက်ကောက်မည်
Donate to DVB

ပြည်ပမှ တင်သွင်းတဲ့ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ အရက်နဲ့  ဘီယာ ကုန်စည်တွေအပေါ် ၆၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ကောက်ခံမယ်လို့  စစ်ကောင်စီက အသစ်ပြဋ္ဌာန်းထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ  သိရပါတယ်။

မတ်လ ၃၀ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး အမျိုးအစား ကုန်စည်တွေအပေါ် ၆၀ ရာခိုင်နှုန်း  အခွန်စည်းကြပ်ဖို့ သတ်မှတ်ထားသလို ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး၊ ကွမ်းစားဆေး အမျိုးအစား ကုန်စည်တွေ အပေါ်မှာတော့ ၈၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်သွားမှာပါ။

တခါ အရက် နဲ့ ဘီယာ ကုန်စည်တွေအပေါ် အခွန်စည်းကြပ်မှုနှုန်းကိုကြည့်ရင် ဘီယာအမျိုးအစားကို ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး အရက်ကတော့ တလီတာကို ၁၅၄၀၁ ကျပ်ထက်ကျော်လွန်ပါက တလီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်း စည်းကြပ်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၂ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေ မထုတ်ပြန်မီ ပြီးခဲ့တဲ့နှစ်က စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၆လစာအတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသေးတယ်။

အရင်ဥပဒေနဲ့ အခု ထပ်မံ ထွက်ရှိလာတဲ့ ၂၀၂၂ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေပါ ဖော်ပြချက်တို့မှာ ကွဲပြားခြားနားမှု သိပ်မတွေ့ရဘူးလို့ အခွန်နဲ့ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ဆိုပါတယ်။

“အရင် ၆လစာ ထွက်ခဲ့တုန်းက ဥပဒေ နဲ့ အခုထွက်ရှိလာတဲ့ ဥပဒေ နှိုင်းယှဉ်ကြည့်တဲ့အခါ သိပ်ပြီးတော့ ထူးခြားမှု မတွေ့ရဘူး။ ဘာလို့လဲဆို ပြီးခဲ့တဲ့အတိုင်းပဲ ထားရှိတာ တွေ့ရတယ်။ အဲ့ဒါတွေက အခွန်စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေနဲ့ ပတ်သတ်ပြီး သိန်း ၁၀၀၀ အောက်ဆိုရင် ၃ ရာခိုင်နှုန်းအထိ သက်သာခွင့် ပေးထားတယ်။ တခါ ဝင်ငွေခွန် ဆောင်တာနဲ့ပတ်သတ်ပြီး ကုမ္ပဏီတွေအနေနဲ့ အရင်က ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၂၂ ရာခိုင်နှုန်း လျှော့ပေါ့ပေး ထားတယ်။ လူတဦးချင်းပေးဆောင်ရတဲ့ ဝင်ငွေမှာဆိုရင်လဲ အရင်က သိန်း ၃၀၀ ကျော်ရင် ၂၅ ရာခိုင်နှုန်း ရှိရာကနေ သိန်း ၇၀၀ ကျော်မှ ၂၅ ရာခိုင်နှုန်းဆိုပြီး ပြောင်းလဲထားတယ်။ ဆိုတော့ အဲ့ဒီ့အချက်တွေက အခုလဲ ဒီအတိုင်း ဆက်လက်ထား ရှိပေးတာ တွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ ဒီဥပဒေတွေက လွှတ်တော်ရဲ့အခန်းကဏ္ဍမပါဘဲ စစ်ကောင်စီက မိမိစိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေတွေသာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

“ပြည်ထောင်စုအခွန်အကောက်ဥပဒေ ထုတ်ပြန်တော့မယ်ဆိုရင် သက်ဆိုင်ရာ stakeholders တွေပါဝင်တဲ့ နို်င်ငံရေး ပါတီဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စုဖွဲ့ထားတဲ့ ကုန်သည်စက်မှုအသင်းချုပ်က သူတွေ၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်တွေ တွေ့ဆုံကြပြီး လွှတ်တော်ထဲမှာ ဘယ်လောက်အခွန်နှုန်း ကောက်ခံကြမယ် ဆိုပြီး အပြန်အလှန်ဆွေးနွေး ရတာပေါ့။ ဘာလို့ ဒီလိုလုပ်ရတာလဲဆိုရင် ကုန်စည်တွေ နဲ့ အခွန်ထမ်း ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် လုပ်ကြ ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အခွန်အကောက်ရရှိမယ့် ခန့်မှန်းဝင်ငွေမှာ ကျပ် ၈၆၀၀ ဘီလီယံနီးပါး ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားတာကြောင့် အဆိုပါငွေကြေးတွေ စစ်ကောင်စီထံ မရောက်ရှိစေဖို့ ပြည်သူတွေအား အခွန်မဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန (IRD) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာပါ ဖော်ပြချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုပမာဏမှာ ကျပ် ၄၇၄၅ ဒသမ ၇၃ ဘီလီယံ ရရှိခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013